BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တပ်ချုပ်နေရာဆက်ခံမယ့်သူ ကြည်းချုပ်လား၊ ညှိကွပ်လား
ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာသိမ်းကာလ ၅ နှစ်လုံးအနီးကပ်နေခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့ တပ်ပိုင်းဆိုင်ရာကိုပဲ သီးသန့်တာဝန်ယူခဲ့သူဖြစ်ပါတယ်။
အမေရိကန်က အီရန်ကို စစ်အင်အားထပ်တိုးတိုက်မယ်
အမေရိကန်က အီရန်ကို စစ်အင်အားထပ်တိုးတိုက်မယ်ဆိုတဲ့သတင်းအပါအဝင် မတ် ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
စစ်သုံးစရိတ် မြင့်မားလာတာက ရာသီဥတုပြောင်းလဲမှုကို ဘယ်လို ထိခိုက်စေလဲ
ကမ္ဘာတစ်ဝန်းမှာ စစ်အသုံးစရိတ်တွေ တိုးလာတာကြောင့် ရာသီဥတုထိခိုက်မှု ပိုဆိုးရွားလာနိုင်တယ်လို့ အစီရင်ခံစာသစ်က ထောက်ပြပါတယ်။
အီရန်အပေါ် လေကြောင်းတိုက်မှုကို ထရမ့်စောင့်ကြည့်ခဲ့တဲ့ မာရာလာဂိုစံအိမ်က စစ်ကွပ်ကဲခန်း
အမေရိကန်သမ္မတဟာ အစ္စရေးနဲ့ပူးပေါင်းပြီး အီရန်ကို လေကြောင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးကို ဖလော်ရီဒါပြည်နယ်က သူ့ပိုင်တဲ့ မာရာလာဂိုစံအိမ်ကနေ စောင့်ကြည့်ခဲ့ပါတယ်။ သမ္မတအိမ်တော် အိမ်ဖြူတော်က ထုတ်ပြန်တဲ့ဓာတ်ပုံတွေကို အခြေခံပြီး အဲဒီတုန်းက အခိုက်အတန့်တွေကို ဘီဘီစီက စေ့ငုကြည့်ခဲ့ပါတယ်။
ငလျင်သင့်လွှတ်တော်ကို ဘယ်လိုအမြန်ဆောက်ခဲ့လဲ
ကျပ်ဘီလျံပေါင်းများစွာကုန်ကျမယ့် လွှတ်တော်ပြန်လည်ပြင်ဆင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အစိုးရကိုယ်စားငွေစိုက်ထုတ်ပေးထားမယ့်သူနဲ့ ဆောက်လုပ်ပေးမယ့် ကုမ္ပဏီကို အပူတပြင်းရှာဖွေခဲ့ပါတယ်။
IMEI မှတ်ပုံတင်စနစ် - နိုင်ငံသားတွေအတွက် ဒစ်ဂျစ်တယ်ထိန်းချုပ်မှု နောက်တစ်ခုလား
နိုင်ငံ့လူဦးရေထက် သန်းနဲ့ချီပြီး ဖုန်းအသုံးပြုမှုပိုများတဲ့မြန်မာမှာ မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုသူရဲ့အချက်အလက်တွေကို စောင့်ကြည့်နိုင်တဲ့နေရာမှာ အခရာအကျဆုံးဖြစ်တဲ့ IMEI ကုတ် နံပါတ်ကို မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်က ပြောလာပါတယ်။
"စုံ"ရယ် "မ"ရယ် ဆီလက်ကျန်ရယ်
လူထုစိုးရိမ်ချက်မြင့်နေတဲ့ စက်သုံးဆီနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာမှာ ရက် ၄၀ စာ အရန်ဆီ ရှိ တယ်လို့ ဒီနေ့ညနေမှာ ပြောလာပါတယ်။
အမေရိကန် - အစ္စရေးတိုက်ခိုက်မှုမှာ အီရန်ရဲ့ မဟာမိတ် ရုရှားနဲ့ တရုတ်တို့ ဘာလုပ်ကြမှာလဲ
အစဉ်အလာအရ တီဟီရန်ရဲ့မဟာမိတ်လို့ မြင်ထားကြတဲ့ ရုရှားနဲ့ တရုတ်တို့ဟာ အခုအရေးအပေါ် တုံ့ပြန်မှုတွေက သူတို့နဲ့ အီရန်ကြား တကယ့်ဆက်ဆံရေးသဘာဝကို ခန့်မှန်းနိုင်ပါတယ်။
အီရန်ပစ်ခတ်မှုကြောင့် ကူဝိတ် စစ်စခန်းက အမေရိကန်စစ်သား ခြောက်ဦးသေဆုံး
ကူဝိတ်နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်စစ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်က အတည်ပြုပါတယ်။
စစ်တပ်ပေးတဲ့လွတ်ငြိမ်း - ဘယ်သူတွေလွတ်ပြီး ဘယ်သူတွေကျန်လဲ
လွတ်ငြိမ်းခွင့်ပေးတယ်လို့ စာထုတ်တဲ့ လူ ၂ သောင်းကျော်မှာ နိုင်ငံတကာက စစ်တပ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်လို လူပုဂ္ဂိုလ်တွေ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် အရပ်သားအုပ်စိုးမှုလမ်းကြောင်း ပြန်ဖော်ဖို့ကြိုးစားနေတယ်လို့ဆိုတဲ့စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ အခရာကျတဲ့ ဖမ်းဆီးခံအရပ်သားတွေကို နိုင်ငံရေးအကျိုးအမြတ်အရ ရည်ရွယ်ချက်ရှိရှိ အကျဉ်းချထားဆဲဆိုတဲ့အမြင်တွေလည်း ရှိနေပါတယ်။
အီရန်ခေါင်းဆောင်ရှိတဲ့နေရာကို သိပြီး လုပ်ကြံဖို့ လနဲ့ချီပြင်ဆင်ခဲ့တဲ့အမေရိကန်-အစ္စရေး စစ်ဆင်ရေး
အီရန်မြို့တော် တီဟီရန်အလယ်ပိုင်းက ခြံဝင်းတစ်ခုကို တိုက်ခိုက်မှုမလုပ်ခင် နာရီပိုင်းအလိုမှာပဲ အရေးကြီးတဲ့ထောက်လှမ်းရေးသတင်းအချက်အလက် အပိုင်းအစတစ်ခု ဝင်လာပါတယ်။
အီရန်က ဟော်မုစ် ရေလက်ကြားကို ပိတ်လိုက်ရင် ကမ္ဘာကို ဘယ်လိုသက်ရောက်မလဲ
ကမ္ဘာရေနံစိမ်းအားလုံးရဲ့ ၅ ပုံ ၁ ပုံက အဲဒီရေလက်ကြားကနေ ဖြတ်သန်းသွားနေတာဖြစ်ပြီး ဒီရေလက်ကြားက အကျဥ်းဆုံးနေရာမှာဆိုရင် ၄၀ ကီလိုမီတာသာ ကျယ်တာပါ။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
၂၀၂၅ မြန်မာရွေးကောက်ပွဲ
တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား
အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ
အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။
အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။
အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ
စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။
NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ
NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။
အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။ အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။
ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ
ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။
စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ
အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ကော့မှူး ကခြောက်ကပ်ကပ် ရွေးကောက်ပွဲ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြေ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပခဲ့ပါတယ်။ ကော့မှူးမြို့ခံ အများစုကတော့ အရင်လို မဲပေးဖို့ စိတ်အားထက်သန်မှုတွေမတွေ့ရသလို မဲပေးနှုန်းလည်းလျော့ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ကျင်းပတဲ့ ကော့မှူးက ရွေးကောက်ပွဲ အရင်နဲ့ ဘာတွေ ကွဲပြားသွားလဲ။
ရွေးကောက်ပွဲအပိုင်း ၂ က အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာ
ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပချိန် တိုက်ခိုက်ခံခဲ့ရတဲ့မန္တလေးတိုင်းထဲ စစ်ကော်မရှင်က ရဲနဲ့ စစ်သားအင်အား ဖြန့်ကြက်ပြီး အပိုင်း ၂ ကို ကျင်းပခဲ့ပေမဲ့ ပဲခူးနဲ့ မကွေးတိုင်းထဲက မဲဆန္ဒနယ်တွေမှာတော့ ထွေအုပ်အရာရှိသေဆုံးတဲ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ
ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည်းပါတယ်။ ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ယူနန်၊ မန္တလေး၊ ဂျိန်းဖော ရှမ်း၊ ကျောက်စိမ်းနဲ့ တရုတ်မြီးရှေ
ပုဂံ၊ မင်းတုန်းစတဲ့ မြန်မာမင်းလေးဆက် မင်းဆရာ ဖြစ်ခဲ့တဲ့ ယီယုန်ကို ဦးဆားဆိုတဲ့ နာမည်နဲ့ မြန်မာပြည်မှာ သိကြပြီး နတ်ပြည်မှာ သိကြား၊ လူ့ပြည်မှာ ဦးဆား ဆိုတဲ့ စာချိုး ရှိခဲ့ကြောင်း ဟော်ရွှင်ရွာ ရေကန်ဘေးက စင်္ကြံလမ်းမှာ ကမ္ပည်းထိုးထားခဲ့
NUG သစ်တောသယံဇာတအဖွဲ့ ဘယ်လိုခြိမ်းခြောက်ခံခဲ့ရလဲ
NUG ထိန်းချုပ်မြို့နယ်တွေထဲက သစ်တော သယံဇာတ စီမံခန့်ခွဲမှုဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ရှိတဲ့အတွက် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကြောင့် ယာယီရပ်နားထားပါတယ်။
ဗိုလ်နဂါးလက်နက်ချတဲ့နောက် အညာလုံခြုံရေးဘယ်လိုသက်ရောက်မလဲ
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ဆီ လက်နက်ချအပြီးမှာ သူနဲ့တွဲမြင်ကြတဲ့ ပုလဲနယ်ရှိရာ ယင်းမာပင်ခရိုင်ထဲမှာ လုံခြုံရေးသတိပြုဖို့ တော်လှန်ရေးအသိုင်းအဝိုင်းက သတိထားလာကြပါပြီ။
အင်အားကြီးနိုင်ငံတွေရဲ့အရှေ့တောင်အာရှ မြေရှားလွန်ဆွဲပွဲနဲ့ မြန်မာ
ကမ္ဘာ့မြေရှားတင်ပို့မှုကို ချုပ်ကိုင်ထားတဲ့တရုတ်နိုင်ငံက အမေရိကန်အပါအဝင် အိန္ဒိယနိုင်ငံကို မြေရှားသတ္တု တင်ပို့မှု တင်းကျပ်လိုက်ပြီးတဲ့နောက်မှာ အိန္ဒိယနဲ့ အမေရိကန်ဟာ တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ မြေရှားအရင်းအမြစ်အသစ်တွေ ရှာဖွေကြပါခဲ့တယ်။ သမ္မတ ထရမ့်ဟာ မြန်မာအိမ်နီးချင်း ထိုင်းနဲ့ မလေးရှားတို့နဲ့ပါ မြေရှားစာချုပ်တွေ ချုပ်ဆိုထားပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မြေရှားလွန်ဆွဲပွဲမှာ မြန်မာမြေရှားက ဘယ်အခန်းကဏ္ဍမှာ ရှိနေလဲ။
မြန်မာစစ်တပ်လေယာဉ်ဆီရနေတဲ့ 'တစ္ဆေသင်္ဘောတွေ' - Amnesty International
နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ အီရန်နိုင်ငံက လေယာဉ်လောင်စာဆီတင်သင်္ဘောတွေ ရေဒါဖျောက်ပြီး ရန်ကုန်မြို့ ၊ သီလဝါဆိပ်ကမ်းကို ရောက်လာတာကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က စုံစမ်းတွေ့ရှိခဲ့ပါတယ်။ ဒီစုံစမ်းမှုကို ဘယ်လိုလုပ်ဆောင်ခဲ့ပါသလဲ။ အဖွဲ့ရဲ့ ဒေသတွင်းသုတေသနဆိုင်ရာ ဒါရိုက်တာကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။






































































