အမေရိကန် ကျားဖြန့်နှိမ်နင်းမှု ဘယ်လောက် ကျယ်ပြန့်လာနိုင်သလဲ
အမေရိကန် ကျားဖြန့်နှိမ်နင်းမှု ဘယ်လောက် ကျယ်ပြန့်လာနိုင်သလဲ
အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်နေတဲ့ အရှေ့တောင်အာရှက ကျားဖြန့်လုပ် ငန်းတွေကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ အမေရိကန်ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) တို့ ပူးပေါင်းပြီး နှိမ်နင်းနေတယ်လို့ FBI ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး စကော့ရှဲလ်ဘဲလ်က မနေ့က ပြောဆိုခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အရှေ့တောင်အာရှဒေသတွင်း ကျားဖြန့်တွေကို ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့ ရှိနေပါသလဲ။ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ အခုအထိ ဆက်ရှိနေတဲ့ ကျားဖြန့်လုပ်ငန်းတွေအပေါ်မှာ ဘယ်လောက်အထိ ရိုက်ခတ်လာနိုင်ခြေရှိမလဲ။ ဒီအကြောင်း ကိုမောင် ပြောပြမှာပါ။



