ရခိုင်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှု တိုးလာ

ဗီဒီယို ပုံစာ, ရခိုင်ပြည်နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှု တိုးလာ
ရခိုင်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှု တိုးလာ

ရခိုင်ပြည်နယ်ကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ ဒေသခံတွေနဲ့ အေအေနဲ့နီးစပ်သူတွေက ပြောပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ လေကြောင်း ဗုံးကြဲခံရမှုကြောင့် ကလေးငယ်တွေအပါအဝင် ၂၀ နီးပါး သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသူ တစ်ဒါဇင်ကျော်ရှိခဲ့ပါတယ်။ တစ်ဖက်မှာ စစ်တပ်က အေအေနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်အကူအညီနဲ့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်နေတာကြောင့် စစ်ရေးအရ လေကြောင်းနဲ့ဖိအားပေးနေတာမျိုး ဖြစ်မလား၊ ဒါမှမဟုတ် အေအေခေါင်းဆောင် ရခိုင်ပြည်နယ်ထဲမှာ ရှိနေတယ်ဆိုတာကြောင့် လေကြောင်းနဲ့ပစ်ခတ်နေတာမျိုးလား။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကိုကျော်ဇေယျက ပြောပြပါမယ်။