ဒေါ်နယ်ထရမ့်ရဲ့ စံချိန်တင်တဲ့ နိုင်ငံအခြေပြ မိန့်ခွန်း
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ အမေရိကန် ပထမဆိုတဲ့ နိုင်ငံ အခြေပြ မိန့်ခွန်းကို ကွန်ဂရက်လွှတ်တော်မှာ ပြောကြားခဲ့ရာမှာ သူ့ရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ဖော်ခဲ့သလို ဒီမိုကရက်တွေလည်း ပုတ်ခတ်သွားခဲ့ပါတယ်။ မစ္စတာ ထရမ့်က သူ့ ပထမသက်တမ်းထဲမှာပဲ သူ့ အစိုးရက နှစ်ပေါင်းများစွာအတွင်း အလှည့်အပြောင်း ဖြစ်အောင် လုပ်ပေးနိုင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ သူက အမေရိကားဟာ ပြန်လာပြီ၊ ဘယ်တုန်းကနဲ့မှ မတူအောင် ပိုကြီးမား၊ ပိုကောင်းမွန်၊ ပိုချမ်းသာပြီး ပိုအားကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ တခါ တရားမဝင် နေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို နှိမ်နင်းတဲ့ ကိစ္စတွေကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။ အီရန်နဲ့ ပတ်သက်လို့လည်း အီရန်ဟာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေပေမဲ့ သူ့ ဘက်ကတော့ သံတမန်ရေး လမ်းကြောင်းကလသာ အဖြေရှာသွားချင်တဲ့ အကြောင်း ပြောပါတယ်။ ဘီဘီစီရဲ့ မြောက်အမေရိက ရေးရာ သတင်းထောက် ဟယ်လန်နာ ဟမ်ဖရီ ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။



