ယူကရိန်း-ရုရှား စစ် ၄ နှစ်တာအတွင်း နစ်နာမှုများ
ယူကရိန်း-ရုရှား စစ် ၄ နှစ်တာအတွင်း နစ်နာမှုများ
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဟာ ဒီနေ့မှာ ၄ နှစ်ပြည့်ပြီး ၅ နှစ်တာကို စတင်ဝင်ရောက်တော့မှာ ဖြစ်ပေမယ့် လတ်တလောမှာ ငြိမ်းချမ်းရေး ရနိုင်မယ့် အလားအလာ ဘာတခုမှ မမြင်ရသေးပါဘူး။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး စစ်ပွဲ ဖြစ်တာနဲ့အညီ ယူကရိန်းထဲမှာ သေကြေ ပျက်စီးမှုတွေ များပြား လှသလို ရုရှားဘက်မှာလည်း ပြင်းထန်တဲ့ အကျိုးဆက်တွေကို ကြုံတွေ့ခဲ့ကြရပါတယ်။ ဘီဘီစီရဲ့ ရုရှားရေးရာ အယ်ဒီတာ စတိရိုဆင်ဘတ်ဂ်က မော်စကိုနဲ့ ယူကရိန်း နယ်စပ် အကြား ခရီးလမ်းထက်ဝက်မှာ ရှိတဲ့ လိပစ်ခ်ကို သွားရောက်ပြီး အဲဒီက ၄ နှစ်တာ စစ်ပွဲရဲ့ အကျိုးဆက်တွေကို တွေ့မြင်ခဲ့ရပါတယ်။ သူ့သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။



