အီရန် စစ်ပွဲ ၆ ရက်မြောက် တိုက်ခိုက်မှု ဆက်လက်ပြင်းထန်
အီရန် စစ်ပွဲ ၆ ရက်မြောက် တိုက်ခိုက်မှု ဆက်လက်ပြင်းထန်
အရှေ့အလယ်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ၆ ရက်မြောက် ရှိလာပြီ ဖြစ်ပါတယ်။ အီရန်ရဲ့မြို့တော် တီဟီရန်နဲ့ တခြား မြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ မြို့တော် တီဟီရန်မှာ မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတာကိုလည်း မြင်တွေ့ နိုင်ပါတယ်။ တီဟီရန်ရဲ့ အနောက်ဘက် ကာရက်ဂျ်မြို့ကိုလည်း ဒီကနေ့ မနက်အစောပိုင်းမှာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ကြုံခဲ့ရပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၀၄၅ ယောက် သေဆုံးခဲ့ရကြောင်း အီရန် နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ စစ်ပွဲကြောင့် အီရန် နိုင်ငံရဲ့ အနာဂတ် ဘယ်လို ဖြစ်လာ မလဲ ဆိုတာကလည်း မရေမရာ ရှိနေပါတယ်။ ဘီဘီစီ နိုင်ငံတကာ သတင်း အယ်ဒီတာ ဂျရမီ ဘိုဝင် က သတင်းပေးပို့ထားပါတယ်။ ကိုဇေယျာက ပြောပြပေးမှာပါ။ #ဘီဘီစီမြန်မာပိုင်း



