မြန်မာ နိုင်ငံမှာလည်း စက်သုံးဆီ စျေးနှုန်း မြင့်တက်လာ

ဗီဒီယို ပုံစာ, မြန်မာ နိုင်ငံမှာလည်း စက်သုံးဆီ စျေးနှုန်း မြင့်တက်လာ
မြန်မာ နိုင်ငံမှာလည်း စက်သုံးဆီ စျေးနှုန်း မြင့်တက်လာ

အရှေ့အလယ်ပိုင်း ပဋိပက္ခ အကျိုးဆက် အနေနဲ့ မြန်မာ နိုင်ငံမှာလည်း စက်သုံးဆီ စျေးနှုန်း မြင့်တက်မှုတွေ ရှိလာပါတယ်။ ထိုင်းက တင်သွင်းတဲ့ စက်သုံးဆီကို အားကိုးနေရတဲ့ ကရင်နီ ဒေသမှာ ဆိုရင်လည်း ဆီရှားပါးတဲ့ အခြေအနေကို စတင် ကြုံတွေ့နေရပါပြီ။ တရုတ်ဘက်က စက်သုံးဆီတင်သွင်းမှုကို အားကိုးနေရတဲ့ ရှမ်းမြောက် ဒေသမှာရော ဘယ်လို အခြေအနေ ရှိနေပါသလဲ။ ကိုဝေဖြိုး ပြောပြပေးမှာပါ။