အီရန် စစ်ပွဲ ၇ ရက်မြောက် တိုက်ခိုက်မှု ဆက်လက် ပြင်းထန်

ဗီဒီယို ပုံစာ, အီရန် စစ်ပွဲ ၇ ရက်မြောက် တိုက်ခိုက်မှု ဆက်လက် ပြင်းထန်
အီရန် စစ်ပွဲ ၇ ရက်မြောက် တိုက်ခိုက်မှု ဆက်လက် ပြင်းထန်

အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန် နိုင်ငံကို ကြီးမားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေပြီး၊ စစ်ပွဲ နောက်တဆင့်ကို ရောက်ရှိနေပြီလို့ အစ္စရေးက ပြောကြားပါတယ်။ အီရန် မြို့တော် တီဟီရန်နဲ့ နိုင်ငံတဝန်းမှာက တခြား မြို့တွေမှာလည်း ပေါက်ကွဲသံတွေကို ကြားခဲ့ရပါတယ်။ စစ်ပွဲ ၇ရက်မြောက်နေ့မှာ အမေရိကန်လေတပ်က အီရန်ရဲ့ မြေအောက်မှာ ဆောက်ထားတဲ့ ဒုံးပစ်စင်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူ တစ်ထောင်ကျော် သေဆုံးခဲ့ရကြောင်း အီရန် လခြမ်းနီ ကြက်ခြေနီ အဖွဲ့က ပြောကြားပါတယ်။ အမေရိကန် စစ်ဘက် ကွပ်ကဲရေး ဌာန အကြီးအကဲ ဘရက်ဒ် ကူးပါး က ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ အီရန်ရဲ့ ပစ်မှတ်ပေါင်း ၂၀၀ ကျော်ကို ဦးတည် တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုပါတယ်။ မြေအောက် အနက်ပိုင်းမှာ တည်ဆောက်ထားတဲ့ အီရန် ဒုံးပစ်စင်တွေကို ဖျက်ဆီးဖို့ ဘီတူး ဗုံးကြံ လေယာဉ်တွေနဲ့ ဘန်ကာ ဖောက် ဗုံးတွေကို သုံးစွဲ ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အီရန်ထဲက သာမန် အရပ်သားတွေဟာ ကြောက်ရွံ့မိကြောင်း ဘီဘီစီ ကို ပြောလာကြပါတယ်။ ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် လိဇ် ဒူးဆက်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးထားပါတယ်။