မြန်မာလူငယ်တွေရဲ့
ရင်မောစရာ ငါးနှစ်တာ
နှင်းမို (ဘီဘီစီမြန်မာပိုင်း)

မြန်မာလူငယ်တွေရဲ့ ရင်မောစရာ ငါးနှစ်တာ
နှင်းမို (ဘီဘီစီမြန်မာပိုင်း)

စစ်အာဏာသိမ်းတာ ၅ နှစ်ရှိလာချိန်မှာ မြန်မာ့လူငယ်တွေဟာ “အနာဂတ်ရပ်တန့်ခံမျိုးဆက်” ဖြစ်နေပြီလို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေက ညွှန်းဆိုပါတယ်။
လူငယ်တွေကိုပစ်မှတ်ထားစုဆောင်းလာတဲ့ စစ်မှုထမ်း၊ အခွင့်အလမ်းနည်းပါးလာတဲ့အလုပ်အကိုင်တွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေဟာ စိတ်ပိုင်းဆိုင်ရာအပေါ်ပါ ဖိနှိပ်မှုတွေဖြစ်လာပြီလို့ ဆိုကြပါတယ်။
Generation Z တို့ရဲ့ သဏ္ဍာန်စုံဆန္ဒထုတ်ဖော်ဟန်
မြန်မာ့လူငယ်တွေရဲ့ ၂၁ ရာစစ်အာဏာသိမ်းမှုကို ဒစ်ဂျစ်တယ် နည်းပညာသုံးကာ ဆန်းသစ်တဲ့ပုံစံတွေနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတာဟာ ကမ္ဘာမှာပါ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။
မြန်မာ့လူငယ်တွေဟာ “The Hunger Game” ဆိုတဲ့ ရုပ်ရှင်ထဲက ထင်ရှားတဲ့လက်သုံးချောင်းထောင်သင်္ကေတကို ဆန္ဒပြပွဲတွေမှာ အသုံးပြုရာကနေ “မြန်မာ့နွေဦးတော်လှန်ရေး” မှာလည်း ပြယုဂ် တစ်ခုဖြစ်လာပါတယ်။
ဒီသင်္ကေတဟာ မြန်မာမှာအာဏာမသိမ်းမီက ဟောင်ကောင်က ကွန်မြူနစ်အစိုးရကို ဆန့်ကျင်မှု၊ ထိုင်းက ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ လူငယ်တွေ စသုံးခဲ့ကြတာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့အခါ ထိုင်ဝမ်၊ ဟောင်ကောင်၊ ထိုင်းက ဒေသတွင်းလူငယ်တွေ ပေါင်းစည်းမှု “Milk Tea Alliance” မှာ မြန်မာ့လူငယ်တွေ ပါဝင်ခဲ့ပါတယ်။
မြန်မာအာဏာသိမ်းစ ကာလတွေမှာ ည ၈ နာရီတိုင်း သံပြိုင်တီးတဲ့ “သံပုံးတီး” သပိတ်ဆိုလည်း ရပ်ရွာတွေထဲက နေအိမ်တွေကို စစ်တပ်က စီးနင်းဖမ်းဆီးတဲ့အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
စစ်တပ်က သပိတ်ပါဝင်သူတွေကို ဖမ်းဆီးတာအပြင် ကျည်အစစ်သုံး သပိတ်ဖြိုခွင်းလို့ လူသေဆုံးမှုတွေရှိလာချိန်မှာတော့ ပြောက်ကျားသပိတ်အသွင်ပြောင်းခဲ့သလို ဒီဂျစ်တယ်အားပြု ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်လာပါတယ်။
#WhatHappenedInMyanmar
မြန်မာမှာဘာတွေဖြစ်နေလဲဆိုတာကို နိုင်ငံတကာသိအောင် လူမှုကွန်ရက်က ဖြန့်ဝေတဲ့ Keyboard Fighters ဆိုတဲ့အမည်နဲ့ လူငယ်အင်အားတွေပေါ်လာပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ “WhatHappenedInMyanmar” ဆိုတဲ့ စာသားကိုသုံးကာ မြန်မာအကြောင်း ကမ္ဘာသိအောင် # သုံးပြီး ပိုစ့်ရေးသားမျှဝေခဲ့ကြတာမျိုးပါ။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် ဒီဂျစ်တယ်သုံးရန်ပုံငွေရှာဖွေတဲ့ Click To Donate ၊ Play To Donate နည်းတွေဟာ ဖိနှိပ်မှုအောက်က လူငယ်တွေရဲ့ ထိုးဖောက်မှုတစ်ရပ် ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာဖြစ်တဲ့ Youtube မှာ ဗီဒီယိုတွေကြည့်ရင်း၊ application တွေမှာ သတင်းတွေဖတ်ရင်း ရန်ပုံငွေရှာကြတာပါ။
ဒီလိုနည်းပညာသုံးဆန့်ကျင်မှုတွေ အားကောင်းလာတဲ့အခါ စစ်တပ်ကလည်း ဒစ်ဂျစ်တယ်ပလက်ဖောင်း သုံးစွဲမှုအပေါ် ကန့်သတ်ပိတ်ဆို့မှုတွေကို ပိုတိုးလုပ်ခဲ့ပါတယ်။

Generation Z တို့ရဲ့ သဏ္ဍာန်စုံဆန္ဒထုတ်ဖော်ဟန်
မြန်မာ့လူငယ်တွေရဲ့ ၂၁ ရာစစ်အာဏာသိမ်းမှုကို ဒစ်ဂျစ်တယ် နည်းပညာသုံးကာ ဆန်းသစ်တဲ့ပုံစံတွေနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတာဟာ ကမ္ဘာမှာပါ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။
မြန်မာ့လူငယ်တွေဟာ “The Hunger Game” ဆိုတဲ့ ရုပ်ရှင်ထဲက ထင်ရှားတဲ့လက်သုံးချောင်းထောင်သင်္ကေတကို ဆန္ဒပြပွဲတွေမှာ အသုံးပြုရာကနေ “မြန်မာ့နွေဦးတော်လှန်ရေး” မှာလည်း ပြယုဂ် တစ်ခုဖြစ်လာပါတယ်။
ဒီသင်္ကေတဟာ မြန်မာမှာ အာဏာမသိမ်းမီက ဟောင်ကောင်မှာ ကွန်မြူနစ်အစိုးရကို ဆန့်ကျင်မှုတွေမှာ၊ ထိုင်းက ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ လူငယ်တွေ စသုံးခဲ့ကြတာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့အခါ ထိုင်ဝမ်၊ ဟောင်ကောင်၊ ထိုင်းက ဒေသတွင်းလူငယ်တွေ ပေါင်းစည်းမှု “Milk Tea Alliance” မှာ မြန်မာ့လူငယ်တွေ ပါဝင်ခဲ့ပါတယ်။
မြန်မာအာဏာသိမ်းစ ကာလတွေမှာ ည ၈ နာရီတိုင်း သံပြိုင်တီးတဲ့ “သံပုံးတီး” သပိတ်ဆိုလည်း ရပ်ရွာတွေထဲက နေအိမ်တွေကို စစ်တပ်က စီးနင်းဖမ်းဆီးတဲ့အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
စစ်တပ်က သပိတ်ပါဝင်သူတွေကို ဖမ်းဆီးတာအပြင် ကျည်အစစ်သုံး သပိတ်ဖြိုခွင်းလို့ လူသေဆုံးမှုတွေရှိလာချိန်မှာတော့ ပြောက်ကျားသပိတ်အသွင်ပြောင်းခဲ့သလို ဒီဂျစ်တယ်အားပြု ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်လာပါတယ်။
#WhatHappenedInMyanmar
မြန်မာမှာဘာတွေဖြစ်နေလဲဆိုတာကို နိုင်ငံတကာသိအောင် လူမှုကွန်ရက်က ဖြန့်ဝေတဲ့ Keyboard Fighters ဆိုတဲ့အမည်နဲ့ လူငယ်အင်အားတွေပေါ်လာပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ “WhatHappenedInMyanmar” ဆိုတဲ့ စာသားကိုသုံးကာ မြန်မာအကြောင်း ကမ္ဘာသိအောင် # သုံးပြီး ပိုစ့်ရေးသားမျှဝေခဲ့ကြတာမျိုးပါ။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် ဒီဂျစ်တယ်သုံးရန်ပုံငွေရှာဖွေတဲ့ Click To Donate ၊ Play To Donate နည်းတွေဟာ ဖိနှိပ်မှုအောက်က လူငယ်တွေရဲ့ ထိုးဖောက်မှုတစ်ရပ်ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာဖြစ်တဲ့ Youtube မှာ ဗီဒီယိုတွေကြည့်ရင်း၊ application တွေမှာ သတင်းတွေဖတ်ရင်း ရန်ပုံငွေရှာကြတာပါ။
ဒီလိုနည်းပညာသုံးဆန့်ကျင်မှုတွေအားကောင်းလာတဲ့အခါ စစ်တပ်ကလည်း ဒစ်ဂျစ်တယ်ပလက်ဖောင်း သုံးစွဲမှုအပေါ် ကန့်သတ်ပိတ်ဆို့မှုတွေကို ပိုတိုးလုပ်ခဲ့ပါတယ်။
နောက်ဆုံးပေါ် ဂြိုဟ်တု
အင်တာနက်သုံးတဲ့မြန်မာ

အာဏာသိမ်းကာလအတွင်း အင်တာနက် ထိန်းချုပ်ကန့်သတ်မှုကြောင့် ပြည်တွင်းမှာ အင်တာနက်သုံးဖို့ ပိုခက်ခဲလာပါတယ်။
“လိုင်းကောင်းမယ်ထင်တဲ့ ဝိုင်ဖိုင်တွေ၊ မိုဘိုင်းဒေတာတွေကို တစ်ခုပြီးတစ်ခု လှည့်သုံးနေရတာပေါ့။ တချို့ဆိုရှယ်မီဒီယာသုံးမယ်ဆိုလည်း VPN ကျော်ခွပြီး သုံးရတယ်။ လိုင်းကောင်းရင် မြန်မြန်ဆန်ဆန်ပြီးရမယ့်ကိစ္စတွေက အချိန်ကြန့်ကြာတာနဲ့ စိတ်ရှုပ်စရာတွေပါဖြစ်လာရော”
ကိုဖြိုးမင်း၊ အသက် ၂၈ နှစ်၊ ရန်ကုန်မြို့
အသက် ၂၃ နှစ်အရွယ် အလွတ်တန်းသတင်းထောက် ကိုတင်စိုး နေထိုင်တဲ့ ကယား(ကရင်နီ)ပြည်နယ် ကိုတော့ စစ်တပ်က ဖုန်းလိုင်းနဲ့ အင်တာနက်တွေဖြတ်တောက်ထားတာ နှစ်နဲ့ချီရှိလာပါပြီ။ ဒါပေမဲ့ လူငယ်တွေကတော့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာအီလွန်မက်ရဲ့ အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီ (SpaceX) ပိုင် ဂြိုဟ်တုအင်တာနက် စတားလင့်ခ် (Starlink) ကို သုံးပြီး အင်တာနက် သုံးခွင့်ရဖို့ နည်းလမ်းရှာခဲ့ကြပါတယ်။
“စတားလင့်ခ်အင်တာနက်ကို လွတ်လပ်စွာအသုံးပြုခွင့်ရှိတယ်။ ဒါက ဘယ်အစိုးရမှ ပိုင်တဲ့ဟာ မဟုတ်ဘူး”
ဒါပေမဲ့ တဖက်မှာလည်း စစ်ရေးသတင်းစီးဆင်းမှု ထိန်းချုပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တော်လှန်ရေးနယ်မြေတချို့မှာ အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်လာတာကြောင့် ပြည်သူတွေနဲ့အငြင်းပွားတဲ့ဖြစ်ရပ်တွေပါ ရှိခဲ့ပါတယ်။
စစ်တပ်ကလည်း လူစုလူဝေးရှိတဲ့ အင်တာနက်ကဖေးဆိုင်တွေကို လေကြောင်းက ဗုံးကြဲလေ့ရှိတာကြောင့် ဝန်ဆောင်မှုအနေနဲ့ ဗုံးခိုကျင်းပါ တူးထားကြပါတယ်။
အာဏာသိမ်းကာလအတွင်း အင်တာနက် ထိန်းချုပ်ကန့်သတ်မှုကြောင့် ပြည်တွင်းမှာ အင်တာနက်သုံးဖို့ ပိုခက်ခဲလာပါတယ်။
“လိုင်းကောင်းမယ်ထင်တဲ့ ဝိုင်ဖိုင်တွေ၊ မိုဘိုင်းဒေတာတွေကို တစ်ခုပြီးတစ်ခု လှည့်သုံးနေရတာပေါ့။ တချို့ဆိုရှယ်မီဒီယာသုံးမယ်ဆိုလည်း VPN ကျော်ခွပြီး သုံးရတယ်။ လိုင်းကောင်းရင် မြန်မြန်ဆန်ဆန်ပြီးမယ့်ကိစ္စတွေက အချိန်ကြန့်ကြာတာနဲ့ စိတ်ရှုပ်စရာတွေပါဖြစ်လာရော”
ကိုဖြိုးမင်း၊ အသက် ၂၈ နှစ်၊ ရန်ကုန်မြို့
အသက် ၂၃ နှစ်အရွယ် အလွတ်တန်းသတင်းထောက် ကိုတင်စိုး နေထိုင်တဲ့ ကယား (ကရင်နီ) ပြည်နယ် ကိုတော့ စစ်တပ်က ဖုန်းလိုင်းနဲ့ အင်တာနက်တွေဖြတ်တောက်ထားတာ နှစ်နဲ့ချီရှိလာပါပြီ။ ဒါပေမဲ့ လူငယ်တွေကတော့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာအီလွန်မက် ရဲ့ အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီ (SpaceX) ပိုင် စတားလင့်ခ် (Starlink) ကို သုံးပြီး အင်တာနက် သုံးခွင့်ရဖို့ နည်းလမ်းရှာခဲ့ကြပါတယ်။
“စတားလင့်ခ်အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုခွင့်ရှိတယ်။ ဒါက ဘယ်အစိုးရမှ ပိုင်တဲ့ဟာ မဟုတ်ဘူး”
ဒါပေမဲ့ တဖက်မှာလည်း စစ်ရေးသတင်းစီးဆင်းမှု ထိန်းချုပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့တော်လှန်ရေးနယ်မြေတချို့မှာ အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်လာတာကြောင့် ပြည်သူတွေနဲ့အငြင်းပွားတဲ့ဖြစ်ရပ်တွေပါ ရှိခဲ့ပါတယ်။
စစ်တပ်ကလည်း လူစုလူဝေးရှိတဲ့ အင်တာနက်ကဖေးဆိုင်တွေကို လေကြောင်းက ဗုံးကြဲလေ့ရှိတာကြောင့် ဝန်ဆောင်မှုအနေနဲ့ ဗုံးခိုကျင်းပါ တူးထားကြပါတယ်။
နည်းပညာသုံး ခေတ်သစ်တိုက်ပွဲ

၂၁ ရာစု စစ်အာဏာသိမ်းမှုကြောင့် အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်တဲ့ လမ်းကြောင်းကို လူငယ်အင်အားသိန်းသောင်းချီက ရွေးချယ်ခဲ့ကြပါတယ်။ တူမီးသေနတ်၊ လက်လုပ်သေနတ်၊ သရီးဒီပရင်တာထုတ် သေနတ်တွေသုံးကာ ဝါရင့်မြန်မာစစ်တပ်ကိုရင်ဆိုင်ခဲ့ကြပါတယ်။
“စစ်တပ်မှာ လေတပ်၊ တော်လှန်ရေးမှာ ဒရုန်းတပ်”
ဆိုပြီး ကြွေးကြော်နိုင်တဲ့အထိ လူငယ်တွေရဲ့ ဒရုန်းနည်းပညာအသုံးပြုမှုက ပြည်တွင်းစစ်ရဲ့ ခေတ်သစ်တိုက်ပွဲကို အစပျိုးစေခဲ့ပါတယ်။
ကြီးမားတဲ့စစ်ရေးအချိုးအကွေ့ လို့ဆိုကြတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေကို လေတပ်အသွင်အသုံးပြုခဲ့တာဟာ စစ်တပ်ကို အထိနာစေခဲ့ပြီး ဒါကပဲ စစ်တပ်အတွက် နည်းပညာမြှင့်ချိန်တန်ပြီဖြစ်ကြောင်း သင်ခန်းစာပေးခဲ့ပါတယ်။
အစိုးရအချင်းချင်း စစ်လေယာဉ်ကို အရစ်ကျဝယ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ရုရှားက ကင်းထောက်ဒရုန်း၊ တိုက်ခိုက်ရေးဒရုန်း စတဲ့ အမျိုးအစားမျိုးစုံကို ဝယ်ယူဖြည့်တင်းနေပါတယ်။ ဒရုန်းတပ်ပါ စနစ်တကျဖွဲ့လာသလို ဒရုန်းကာကွယ်ရေးစနစ်ကိုပါ အဆင့်မြှင့်လာပါတယ်။
“ဉာဏ်ရည်တုနည်းပညာ(အေအိုင်) သုံးပြီး ရန်သူ့တည်နေရာ ကင်းထောက်လှမ်းမယ်”
ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
လူငယ်တွေရဲ့ နည်းပညာသုံးတော်လှန်မှုကို တုံ့ပြန်နိုင်ဖို့ စစ်တပ်ဟာ စစ်မှုထမ်းတပ်သားသစ်တွေထဲက နည်းပညာအခြေခံရှိသူတွေကို သင်တန်းပေးပြီး တပ်စွမ်းရည်ကို ပြန်မြှင့်ခဲ့တာပါ။
ဒါကြောင့် လူငယ်အချင်းချင်း ပြန်လည်တိုက်ခိုက်ရတဲ့အခင်းအကျင်းတစ်ခုကို တွေ့လာရပါတယ်။
“စစ်တပ်မှာ လေတပ်၊ တော်လှန်ရေးမှာ ဒရုန်းတပ်”
ဆိုပြီး ကြွေးကြော်နိုင်တဲ့အထိ လူငယ်တွေရဲ့ ဒရုန်းနည်းပညာအသုံးပြုမှုက ပြည်တွင်းစစ်ရဲ့ ခေတ်သစ်တိုက်ပွဲကို အစပျိုးစေခဲ့ပါတယ်။
ကြီးမားတဲ့စစ်ရေးအချိုးအကွေ့လို့ဆိုကြတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေကို လေတပ်အသွင်အသုံးပြုခဲ့တာဟာ စစ်တပ်ကို အထိနာစေခဲ့ပြီး ဒါကပဲ စစ်တပ်အတွက် နည်းပညာမြှင့်ချိန်တန်ပြီဖြစ်ကြောင်း သင်ခန်းစာပေးခဲ့ပါတယ်။
အစိုးရအချင်းချင်း စစ်လေယာဉ်ကို အရစ်ကျဝယ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ရုရှားက ကင်းထောက်ဒရုန်း၊ တိုက်ခိုက်ရေးဒရုန်းစတဲ့ အမျိုးအစားမျိုးစုံကို ဝယ်ယူဖြည့်တင်းနေပါတယ်။ ဒရုန်းတပ်ပါ စနစ်တကျဖွဲ့လာသလို ဒရုန်းကာကွယ်ရေးစနစ်ကိုပါ အဆင့်မြှင့်လာပါတယ်။
“ဉာဏ်ရည်တုနည်းပညာ(အေအိုင်)သုံးပြီး ရန်သူ့တည်နေရာ ကင်းထောက်လှမ်းမယ်”
ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
လူငယ်တွေရဲ့ နည်းပညာသုံးတော်လှန်မှုကို တုံ့ပြန်နိုင်ဖို့ စစ်တပ်ဟာ စစ်မှုထမ်းတပ်သားသစ်တွေထဲက နည်းပညာအခြေခံရှိသူတွေကို သင်တန်းပေးပြီး တပ်စွမ်းရည်ကို ပြန်မြှင့်ခဲ့တာပါ။
ဒါကြောင့် လူငယ်အချင်းချင်း ပြန်လည်တိုက်ခိုက်ရတဲ့အခင်းအကျင်းတစ်ခုကို တွေ့လာရပါတယ်။
စစ်မှုထမ်း - လူငယ်တွေအတွက် အိပ်မက်ဆိုး

အာဏာသိမ်းမှုကို ခုခံတော်လှန်တဲ့စစ်ပွဲတွေမှာ လူအင်အားပြုန်းတီးခဲ့တဲ့စစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာ အခုဆို အပတ်စဉ် ၂၂ အထိရှိပြီ ဖြစ်ပါတယ်။
အပတ်စဉ်တစ်ခုကို လူဦးရေ ၅,၀၀၀ ခေါ်ယူတာဖြစ်လို့ အမျိုးသားဦးရေ ၁ သိန်းကို စစ်မှုထမ်းစုဆောင်းထားပြီလို့ဆိုနိုင်ပါတယ်။
အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့အမျိုးသားတွေ စစ်မှုထမ်းရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မြန်မာ့လူငယ်တွေဟာ တော်လှန်ရေးအတွက် လက်နက်မကိုင်ခဲ့ရင် စစ်တပ်ထဲဝင် စစ်မှုထမ်းရမယ့်အခြေအနေကို ကြုံနေရပါတယ်။
စစ်တပ်ရဲ့ စစ်မှုထမ်းအပြင် လက်နက်ကိုင်တပ်ဖွဲ့တွေထိန်းချုပ်တဲ့ဒေသတချို့မှာလည်း လူငယ်တွေဟာ ဒေသအပြင်ကို မထွက်ဖို့ အမိန့်ထုတ်ခံရတာ၊ လူဦးရေအချိုးကျစစ်မှုထမ်းပေးရတာတွေ ရှိနေပြန်ပါတယ်။
လူငယ်တွေကို ပစ်မှတ်ထားတဲ့ စစ်မှုထမ်းခေါ်ယူမှုတွေကို ရှောင်ရှားဖို့ နေရပ်မှာမနေဘဲ လွတ်ရာကို တိမ်းရှောင်တဲ့နည်းလမ်းကို ရွေးချယ်နေကြပါတယ်။ စစ်မြေပြင်မသွားလိုတဲ့လူငယ်တွေအတွက် စစ်မှုထမ်းရတာဟာ အိပ်မက်ဆိုးသဖွယ်ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ပြည်ပကိုတရားမဝင်ထွက်ခွာရင်း ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရချိန်မှာလည်း မြန်မာစစ်တပ်ရဲ့ စစ်မှုထမ်းစုဆောင်းတာကို ကြုံရတဲ့လူငယ်တွေ အများအပြားရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။
၂၁ ရာစု မြန်မာ့ Brain Drain

ကုန်ဈေးနှုန်းတွေ အဆမတန်ထိုးတက်ခဲ့ပြီး စီးပွားရေးအခွင့်အလမ်းတွေလည်း ရှားပါးလာခဲ့တာက ပြည်တွင်းမှာ ဆက်ရှိနေတဲ့လူငယ်တွေကို တဖြည်းဖြည်း အသက်ရှုကြပ်လာစေပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ရဲ့ စစ်တမ်းအရလည်း ဒယိမ်းဒယိုင် မြန်မာ့စီးပွားရေးက အလုပ်အကိုင်အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်လို့ လူငယ်တွေ ပြည်ပကို ထွက်ခွာချင်နေတယ်လို့ ဖော်ပြပါတယ်။
မြန်မာမှာ "Brain Drain" လို့ခေါ်တဲ့ပညာတတ်တွေ တိုင်းပြည်ကစွန့်ခွာခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒါရဲ့အကျိုးဆက်ကို ခံစားရတော့မယ်လို့ စီးပွားရေးပညာရှင်တွေကလည်း ထောက်ပြပါတယ်။

ဆယ်စုနှစ်တဝက်စာ ကုန်ဆုံးခဲ့ရတဲ့ အာဏာသိမ်း ၅ နှစ်တာ ရက်စွဲတွေဟာ လူငယ်အများစုအတွက် စာရေးဆရာ အောင်ခင်မြင့်ရဲ့ စာအုပ်နာမည်လို “တကယ်မရှိသော နှစ်များ” ကို ဖြတ်သန်းခဲ့ရသလိုပဲလို့ ဆိုကြပါတယ်။

ဘီဘီစီမြန်မာပိုင်းနဲ့ East Asia Visual Journalism Team - ၂၀၂၆ ဖေဖော်ဝါရီ
သတင်း - နှင်းမို
အယ်ဒီတာ - နန္ဒ
ထုတ်လုပ်ရေးမှူး - မေသဇင်လဲ့
ဒီဇိုင်း - မေသဇင်လဲ့
ဓာတ်ပုံများ - Getty Images၊ Federal Wings၊ Tin Soe