ကြော်ငြာထည့်သွင်းခြင်း- မေးလေ့ရှိတဲ့ မေးခွန်းများ
ဘီဘီစီ ဝက်ဘ်ဆိုက်မှာ ဘာကြောင့် ကြော်ငြာတွေ လက်ခံလာတာပါလဲ။
ဘီဘီစီ သတင်းမီဒီယာကို အထောက်အပံ့ ဖြစ်စေဖို့နဲ့ လိုင်စင်ကြေး ပေးသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး အနည်းဆုံး ဖြစ်စေဖို့အတွက် ယူကေ အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ ဘီဘီစီ ကမ္ဘာ့တလွှား ဌာနကြီးရဲ့ ဌာနခွဲတချို့မှာ အတိုင်းအတာ တစ်ခုအထိ ကြော်ငြာတွေ လက်ခံဖို့ ဘီဘီစီက သဘောတူခဲ့ပါတယ်။ လောလောဆယ်မှာ ဘီဘီစီ ဘာသာစကား ဌာနခွဲတချို့ရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ဘာလင်မြို့က အက်ဖ်အမ် လိုင်းတစ်ခု တို့မှာ ကြော်ငြာတွေ လက်ခံ ထည့်သွင်းနေပါတယ်။
ယူကေ နိုင်ငံထဲမှာ နေတဲ့သူ ဖြစ်ပေမယ့် ဘာကြောင့် ဘီဘီစီ ဝက်ဘ်ဆိုက်တွေပေါ်က ကြော်ငြာတွေကို တွေ့ရတာပါလဲ။
ဘီဘီစီ ဝက်ဘ်ဆိုက်တွေပေါ်က ကြော်ငြာတွေကို ယူကေ နိုင်ငံ အပြင်ဘက်က လူတွေပဲ မြင်ရအောင် ခေတ်မီ နည်းပညာတွေ သုံးပြီး ကြိုးစားထားပါတယ်။ တကယ်လို့ ယူကေ နိုင်ငံထဲမှာ နေပါလျက်နဲ့ ဘီဘီစီ ဝက်ဘ်ဆိုက်ပေါ်မှာ ကြော်ငြာတွေ တွေ့ရတယ် ဆိုရင်တော့ ကျေးဇူးပြုပြီး ဘီဘီစီကို အီးမေးလ်နဲ့ ဆက်သွယ် အသိပေးစေလိုပါတယ်။
ကြော်ငြာနဲ့ ပတ်သက်ပြီး သိလိုတာတွေ မေးဖို့ ဘီဘီစီကို ဘယ်လို ဆက်သွယ်ရမလဲ။
burmese@bbc.co.uk ကိုဖြစ်စေ bbcburmese@gmail.com ကို ဖြစ်စေကို အီးမေးလ် ပေးပို့ပြီး ဆက်သွယ် နိုင်ပါတယ်။
ဘီဘီစီ ကြော်ငြာနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံ သိလိုရင်တော့ အောက်ပါ လင့်ခ်တွေကနေ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
Are you interested in advertising with the BBC? Click <link type="page"><caption> here </caption><url href="http://advertising.bbcworldwide.com/" platform="highweb"/></link>for more information
How do we decide which adverts you see on our websites? Click <link type="page"><caption> here </caption><url href="http://www.bbc.co.uk/privacy/cookies/international/" platform="highweb"/></link>for more information








