ထရမ့်တစ်ယောက် USA ဘေ့စ်ဘော ဦးထုပ်ဆောင်းပြီး မာရာလာဂိုက စစ်ကွပ်ကဲခန်းမှာ မြင်ရ

အီရန်အပေါ် လေကြောင်းတိုက်မှုကို ထရမ့် စောင့်ကြည့်ခဲ့တဲ့ မာရာလာဂိုစံအိမ်က စစ်ကွပ်ကဲခန်း

အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေက အီရန်ကို လေကြောင်းတိုက်ခိုက်မှုကို သမ္မတထရမ့်နဲ့ သူ့ အစိုးရအဖွဲ့ဝင်တွေ စောင့်ကြည့်ကြတဲ့ဓာတ်ပုံ ၄ ပုံကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။ ဓာတ်ပုံထဲမှာပါတဲ့လူတွေနဲ့ နောက်ခံက မြင်ကွင်းအခင်းအကျင်းဟာ အဲဒီတုန်းက အခိုက်အတန့်တွေမှာ ဘာတွေဘယ်လိုရှိခဲ့လဲဆိုတာကိုလည်း ပြသနေပါတယ်။

အမေရိကန်သမ္မတတွေဟာ စစ်ရေးစစ်ရာလုပ်ဆောင်စရာရှိတယ်ဆိုရင် ပုံမှန်အားဖြင့် အိမ်ဖြူတော်က စစ်ရေးစောင့်ကြည့်ခန်း(Situation Room) လို့ ခေါ်တဲ့ ကျကျနနလုံလုံခြုံခြုံဆောက်လုပ်ထားတဲ့အခန်းထဲကနေ ပြုလုပ်ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ စနေနေ့မနက်အစောပိုင်းမှာ အီရန်ကို စစ်ရေးတိုက်ခိုက်မှုလုပ်တဲ့အခါမှာတော့ ထရမ့်တစ်ယောက် အိမ်ဖြူတော်မှာ ရှိမနေခဲ့ပါဘူး။ ဖလော်ရီဒါပြည်နယ်မှာရှိပြီး တနင်္ဂနွေနေ့တိုင်း သူသွားလေ့ရှိတဲ့ သူပိုင် ဇိမ်ခံအိမ်ကြီးဖြစ်တဲ့ မာရာလာဂိုစံအိမ်ကို ရောက်နေပါတယ်။ အဲဒီမှာ သူဟာ ဖြစ်စဉ်ဖြစ်ရပ်အခင်းအကျင်းတွေကို စောင့်ကြည့်တာ၊ သတင်းထောက်တွေနဲ့စကားပြောတာတွေ လုပ်လေ့ရှိပါတယ်။

မာရာလာဂိုက စစ်ရေးစောင့်ကြည့်ခန်း (situation room) ဟာ သမ္မတအတွက်တော့ အရင်တုန်းကလိုပဲ စစ်ရေးတိုက်ခိုက်မှုတစ်ခုကို ကြီးကြပ်စောင့်ကြည့်ဖို့ ပြည့်ပြည့်စုံစုံခင်းကျင်းထားပါတယ်။

“USA” လို့ စာလုံးထိုးထားတဲ့ လျှာဦးထုပ်ကိုဆောင်းထားတဲ့ ဒေါ်နယ်ထရမ့်တစ်ယောက် အီရန်က အခြေအနေကို စောင့်ကြည့်နေတဲ့ဓာတ်ပုံ

မာရာလာဂို situation room ထဲ မြေပုံတစ်ပုံတစ်ပုံရှေ့မှာ ထိုင်နေတဲ့ထရမ့်

SCIF လို့အတိုကောက်ခေါ်ပြီး လျှို့ဝှက်သတင်းအချက်အလက်တွေကို ဆွေးနွေးဖို့ရာ ဆောက်လုပ်ထားတဲ့အခန်းကို မာရာလာဂိုစံအိမ်မှာ ၂၀၁၇ ခုနှစ်တုန်းက ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ သူ သမ္မတ ပြန်ဖြစ်လာတော့ ပြန်ထားရှိထားတာဖြစ်ပါတယ်။ အဲဒီနေရာကို ဝင်နိုင်ဖို့ လုံခြုံရေးအတော်တင်းကျပ်ထားပါတယ်။ အီလက်ထရောနစ်ပစ္စည်း အသုံးပြုတာနဲ့ပတ်သက်ပြီးတော့လည်း အတော်လေး စည်းကမ်းကြီးပါတယ်။

အခန်းထဲမှာ

သမ္မတ ထရမ့်နောက်က မြေပုံကို အဖြူရောင်အနားသတ် ပြထားတဲ့ပုံ

အနောက်မှာမြင်ရတဲ့မြေပုံကြီးဟာ လေယာဉ်တင်သင်္ဘောအုပ်စု ၂ နဲ့ အမေရိကန်တပ်ဖွဲ့တွေရှိတဲ့စစ်စခန်းတွေလို ဒေသတွင်းမှာ စစ်ရေးတည်နေရာတွေကို ပြသထားတာလို့ ယူဆရပါတယ်။

အီရန်မြေပုံပေါ်က အနီရောင်အစက်တွေဟာ အီရန်ထဲက ပစ်မှတ်တွေအတိုင်းအဆကို ပြသပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်နဲ့ အစ္စရေးတို့ လေကြောင်းတိုက်ခိုက်ချိန်တုန်းကထက် ပိုပြီး အာရုံစိုက်ထားတဲ့ထူးခြားချက်ကို မြင်နိုင်ပါတယ်။

သမ္မတ ထရမ့်နောက်က မြေပုံကို အဖြူရောင်အနားသတ် ပြထားတဲ့ပုံ

ဓာတ်ပုံအရှေ့ပိုင်းမှာ ရှိပေမဲ့ ပြတ်ပြတ်ထင်ထင်မမြင်ရတဲ့သူက CIA ဒါရိုက်တာ ဂျွန် ရက်ချ်ကလစ်ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ချိန်တုန်းက သူဟာ သမ္မတထရမ့်ကို စကားပြောနေပုံရပါတယ်။

အဖြူရောင်အနားသတ်ထားတဲ့ ဂျွန် ရက်ချ်ကလစ်ပုံ

သတင်းတွေမှာတော့ သူ့ရဲ့ CIA ဟာ အယာတိုလာ ခါမေနီကို ထောက်လှမ်းနေတာ လနဲ့ချီကြာနေပြီဖြစ်ပြီး ခါမေနီသေဆုံးသွားတဲ့အထိဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမတိုင်ခင်မှာ ခါမေနီရဲ့တည်နေရာ အတိအကျသိနိုင်အောင်လုပ်တဲ့နေရာမှာ CIA က ထိပ်ဆုံးကနေ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

မာကိုရူဘီယိုကို ကွက်ပြထားတဲ့ဓာတ်ပုံ

မာကို ရူဘီယိုဟာ နိုင်ငံခြားရေးဝန်ကြီးတာဝန်အပြင် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်လည်း ပြီးခဲ့တဲ့ ၉ လကစလို့ ယာယီတာဝန်ယူထားပါတယ်။ ဒါကြောင့် သူဟာ အမျိုးသားလုံခြုံရေးကိစ္စရပ်တွေမှာ ထရမ့်ကို အဓိကအကြံပေးရသူဖြစ်လာပါတယ်။

သူဟာ Operation Epic Fury လို့နာမည်ပေးထားတဲ့လေကြောင်းတိုက်ခိုက်မှုအကြောင်း ဒီမိုကရက်ပါတီက ၄ ဦးနဲ့ ရီပတ်ဘလီကန်ပါတီက ၄ ဦးပါဝင်တဲ့ ကွန်ဂရက်က အကြီးတန်းခေါင်းဆောင်တွေကို ရှင်းပြဖို့ရာ တာဝန်ရှိသူလည်းဖြစ်ပါတယ်။

ဆူဇီဝိုင်းလ်စ်ရဲ့ဓာတ်ပုံကို ကွက်ပြထားတဲ့ပုံ

ပုံထဲမှာ မြင်ရတဲ့တစ်ဦးတည်းသော အမျိုးသမီးက ဆူဇီ ဝိုင်းစ်လ် ဖြစ်ပါတယ်။ သူဟာ သမ္မတထရမ့်ရဲ့ အိမ်ဖြူတော်အရာရှိချုပ်ဖြစ်ပြီး အိမ်ဖြူတော်မှာ အတော်လေးသြဇာရှိတဲ့သူဖြစ်ပါတယ်။ သူ့နောက်က လူကတော့ သူ့လက်ထောက် ဒန် စကာဗီနိုဖြစ်ပါတယ်။

သူဟာ အမျိုးသားလုံခြုံရေးပိုင်း ဒါမှမဟုတ် ပြည်ပမူဝါဒပိုင်းနဲ့ပတ်သက်ပြီး ရာထူးတာဝန်တစ်ခုခု ယူထားတာမရှိပါဘူး။ ဒါပေမဲ့ သမ္မတနဲ့ နေ့စဉ် ထိတွေ့ပြောဆိုရသူဖြစ်ပြီး ထရမ့်ရဲ့အတွင်းစည်းထဲက လူရင်းဖြစ်ပါတယ်။

SCIF လို့အတိုကောက်ခေါ်ပြီး လျှို့ဝှက်သတင်းအချက်အလက်တွေကို ဆွေးနွေးဖို့ရာ ဆောက်လုပ်ထားတဲ့အခန်းကို မာရာလာဂိုစံအိမ်မှာ ၂၀၁၇ ခုနှစ်တုန်းက ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ သူ သမ္မတ ပြန်ဖြစ်လာတော့ ပြန်ထားရှိထားတာဖြစ်ပါတယ်။ အဲဒီနေရာကို ဝင်နိုင်ဖို့ လုံခြုံရေးအတော်တင်းကျပ်ထားပါတယ်။ အီလက်ထရောနစ်ပစ္စည်း အသုံးပြုတာနဲ့ပတ်သက်ပြီးတော့လည်း အတော်လေး စည်းကမ်းကြီးပါတယ်။

မာရာလာဂို situation room မှာ ထရမ့်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ မြေပုံတစ်ပုံအရှေ့မှာ ထိုင်နေကြတဲ့ဓာတ်ပုံ

“USA” လို့ စာလုံးထိုးထားတဲ့ လျှာဦးထုပ်ကိုဆောင်းထားတဲ့ ဒေါ်နယ်ထရမ့်တစ်ယောက် အီရန်က အခြေအနေကို စောင့်ကြည့်နေတဲ့ဓာတ်ပုံ

ဒီနေရာဟာ ဇန်နဝါရီလတုန်းက ဗင်နီဇွဲလားသမ္မတ မာဒူရိုကိုကို ဖမ်းစီးတဲ့စစ်ဆင်ရေးကို သမ္မတထရမ့် ကြီးကြပ်ခဲ့တဲ့နေရာလည်း ဖြစ်ပုံရပါတယ်။

အီရန်မြေပုံပေါ်က အနီရောင်အစက်တွေဟာ အီရန်ထဲက ပစ်မှတ်တွေအတိုင်းအဆကို ပြသပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်နဲ့ အစ္စရေးတို့ လေကြောင်းတိုက်ခိုက်ချိန်တုန်းကထက် ပိုပြီး အာရုံစိုက်ထားတဲ့ထူးခြားချက်ကို မြင်နိုင်ပါတယ်။

အီရန်မြေပုံပေါ်က အနီရောင်အစက်တွေဟာ အီရန်ထဲက ပစ်မှတ်တွေအတိုင်းအဆကို ပြသပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်နဲ့ အစ္စရေးတို့ လေကြောင်းတိုက်ခိုက်ချိန်တုန်းကထက် ပိုပြီး အာရုံစိုက်ထားတဲ့ထူးခြားချက်ကို မြင်နိုင်ပါတယ်။

ဓာတ်ပုံအရှေ့ပိုင်းမှာ ရှိပေမဲ့ ပြတ်ပြတ်ထင်ထင်မမြင်ရတဲ့သူက CIA ဒါရိုက်တာ ဂျွန် ရက်ချ်ကလစ်ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ချိန်တုန်းက သူဟာ သမ္မတထရမ့်ကို စကားပြောနေပုံရပါတယ်။

သတင်းတွေမှာတော့ သူ့ရဲ့ CIA ဟာ အယာတိုလာ ခါမေနီကို ထောက်လှမ်းနေတာ လနဲ့ချီကြာနေပြီဖြစ်ပြီး ခါမေနီသေဆုံးသွားတဲ့အထိဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမတိုင်ခင်မှာ ခါမေနီရဲ့တည်နေရာ အတိအကျသိနိုင်အောင်လုပ်တဲ့နေရာမှာ CIA က ထိပ်ဆုံးကပါခဲ့တယ်လို့ဆိုပါတယ်။

မာကို ရူဘီယိုဟာ နိုင်ငံခြားရေးဝန်ကြီးဆိုတဲ့တာဝန်အပြင် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်လည်း ပြီးခဲ့တဲ့ ၉ လ ကစလို့ ယာယီတာဝန်ယူထားပါတယ်။ ဒါကြောင့် သူဟာ အမျိုးသားလုံခြုံရေးကိစ္စရပ်တွေမှာ ထရမ့်ကို အဓိကအကြံပေးရသူဖြစ်လာပါတယ်။

သူဟာ Operation Epic Fury လို့နာမည်ပေးထားတဲ့လေကြောင်းတိုက်ခိုက်မှုအကြောင်း ဒီမိုကရက်ပါတီက အမတ် ၄ ဦးနဲ့ ရီပတ်ဘလီကန်ပါတီက အမတ် ၄ ဦးပါဝင်တဲ့ ကွန်ဂရက် လွှတ်တော်က ဝါရင့်အမတ်အဖွဲ့ကို ရှင်းပြဖို့ရာ တာဝန်ရှိသူလည်းဖြစ်ပါတယ်။

ပုံထဲမှာ မြင်ရတဲ့တစ်ဦးတည်းသော အမျိုးသမီးက ဆူဇီ ဝိုင်းလ်စ်ဖြစ်ပါတယ်။ သူဟာ သမ္မတထရမ့်ရဲ့ အိမ်ဖြူတော်အရာရှိချုပ်ဖြစ်ပြီး အိမ်ဖြူတော်မှာ အတော်လေးသြဇာရှိတဲ့သူဖြစ်ပါတယ်။ သူ့နောက်က လူကတော့ သူ့လက်ထောက် ဒန် စကာဗီနိုဖြစ်ပါတယ်။

သူဟာ အမျိုးသားလုံခြုံရေးပိုင်း ဒါမှမဟုတ် ပြည်ပမူဝါဒပိုင်းနဲ့ပတ်သက်ပြီး ရာထူးတာဝန်တစ်ခုခု ယူထားတာမရှိပါဘူး။ ဒါပေမဲ့ သမ္မတနဲ့ နေ့စဉ် ထိတွေ့ပြောဆိုရသူဖြစ်ပြီး ထရမ့်ရဲ့အတွင်းစည်းထဲက လူရင်းဖြစ်ပါတယ်။

ထရမ့်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ မာရာလာဂို situation room က မြေပုံရှေ့မှာ ထိုင်နေကြတဲ့ဓာတ်ပုံ

အိမ်ဖြူတော်ဟာ စစ်ရေးစောင့်ကြည့်ခန်း (Situation Room) ထဲက နောက်ထပ်ဓာတ်ပုံ နှစ်ပုံကိုလည်း ထုတ်ပြန်ပါတယ်။ တစ်ပုံမှာဆိုရင် အမေရိကန် စစ်တပ်မှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ ပူးတွဲစစ်ရေးချုပ် ဒန်ကိန်းရဲ့ပုံကို မြင်ရပါတယ်။ သူဟာ ကွန်ပြူတာ မျက်နှာပြင်ကြီးပေါ်မှာ အီရန်တောင်ဖျားဘက်က အာရေးဗျပင်လယ်ထဲမှာရှိတဲ့ အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာနေရာတစ်ခုကို ညွှန်ပြနေတဲ့ပုံပါ။

အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ်တွေဟာ အိမ်ဖြူတော်မှာ သမ္မတထရမ့်နဲ့တွေ့ဆုံတဲ့အခါ ပုံမှန်အားဖြင့် စစ်ဝတ်စုံနဲ့မြင်ရလေ့ရှိပေမဲ့ ဒီနေရာမှာတော့ ဗိုလ်ချုပ်ကိန်းဟာ ပုံမှန်လိုပဲ ဝတ်ထားတာတွေ့ရပါတယ်။

အမေရိကန် မီဒီယာတွေမှာတော့ အမေရိကန်ဟာ အီရန်မှာ ရှည်ကြာတဲ့စစ်ထဲကို ဝင်သွားရနိုင်ခြေကို ကိန်းက သမ္မတကို ပြီးခဲ့တဲ့တစ်ပတ်မှာ သတိပေးခဲ့ဖူးတယ်လို့ သတင်းဖော်ပြကြပါတယ်။ ဒါပေမဲ့ သမ္မတထရမ့်ကတော့ ဒီသတင်းတွေကို သတင်းတုတွေလို့ဆိုပြီး ပယ်ချသလို ဗိုလ်ချုပ်ကိန်းဟာ ဖြစ်လာနိုင်ခြေရှိတဲ့ပဋိပက္ခတစ်ခုကို လွယ်လွယ်နိုင်မယ့်အရာလို့ တွေးထားတယ်ဆိုပြီး ထရမ့်က ပြောခဲ့ပါတယ်။

ပူးတွဲစစ်ရေးချုပ်အကြီးအကဲ ဒန်ကိန်း
ပူးတွဲစစ်ရေးချုပ်အကြီးအကဲ ဒန်ကိန်း
ထရမ့်၊ မာကို ရူဘီယို နဲ့ ဆူဇီ ဝိုင်းလ်စ်
ထရမ့်၊ မာကို ရူဘီယို နဲ့ ဆူဇီ ဝိုင်းလ်စ်

နောက်ထပ် ဓာတ်ပုံတစ်ပုံမှာတော့ ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်ဟာ ဓာတ်ပုံရဲ့ဘယ်ဘက်အစွန်ပိုင်းမှာ မြင်ရပါတယ်။ သူဟာ ကွန်ဂရက်လွှတ်တော်မှာ အီရန်ရဲ့အခြေအနေကို ရူဘီယို၊ ရက်ချ်ကလစ်၊ ကိန်းတို့နဲ့အတူ ရှင်းလင်းတင်ပြဖို့ရှိပါတယ်။

အဲဒီဓာတ်ပုံထဲမှာပဲ အိမ်ဖြူတော်အရာရှိချုပ် ဝိုင်းလ်စ်တစ်ယောက် ရုတ်တရက်ကြည့်လိုက်ရင် ညာဘက်လက်မှာ စမတ်လက်ပတ်နာရီကို ပတ်ထားတာမျိုး တွေ့ရပါတယ်။ တကယ်တော့ ဒီလိုပစ္စည်းမျိုးဟာ လုံခြုံရေးဘက်ကနေကြည့်ရင် အခုလိုလုံခြုံရေးမြင့်အဆောက်အဦထဲမှာ ယိုပေါက်ဖြစ်စေနိုင်တဲ့အခြေအနေမျိုးပါ။ အိမ်ဖြူတော်ကတော့ ဒါဟာ စမတ်နာရီ မဟုတ်ဘူးလို့ ပြောပါတယ်။ ကျန်းမာရေးနဲ့လေ့ကျင့်ခန်းတွေကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ပစ္စည်းတွေကို ထုတ်တဲ့ကုမ္ပဏီတစ်ခုရဲ့အကြီးအကဲကတော့ အဲဒီပစ္စည်းဟာ သူတို့ကုမ္ပဏီကနေ ထုတ်တဲ့ပစ္စည်းတွေထဲက တစ်ခုဖြစ်တယ်လို့ပြောပြီး ပစ္စည်းမှာ အသံဖမ်းနိုင်တဲ့မိုက်ကရိုဖုန်းမပါသလို ဂြိုဟ်တုစနစ်နဲ့ စောင့်ကြည့်တဲ့စနစ်လည်း မပါဘူးလို့ ပြောပါတယ်။

အိမ်ဖြူတော်က ထုတ်ပြန်တဲ့နောက်ဆုံးဓာတ်ပုံမှာတော့ ဝါရှင်တန်ဒီစီက တကယ့် Situation Room ကို ပြသပါတယ်။ အဲဒီမှာ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ဟာ စစ်ဆင်ရေးကို သမ္မတနဲ့အတူ ဗီဒီယိုကောကနေတဆင့် စောင့်ကြည့်ပါတယ်။ ဒုသမ္မတနောက်က နံရံမှာတော့ ဒုသမ္မတစည်းတံဆိပ်ကို မြင်ရပါတယ်။

အိမ်ဖြူတော်အနောက်ဘက်ခြမ်းက မြေအောက်ဆွေးနွေးပွဲခန်းမလို့ သိကြတဲ့ Situation Room အခန်းဟာ စတုရန်းပေ ၅၀၀၀ ကျယ်ပြီး အလုံခြုံဆုံး နည်းပညာမြင့်ဆက်သွယ်ရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ လုံခြုံရေးမြှင့်အစည်းအဝေးခန်းမ ၃ ခုအထိရှိပါတယ်။ အဲဒီမှာ ဝန်ထမ်းအယောက် ၁၀၀ ကျော် ခန့်ထားပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာအမြင့်ဆုံးလိုအပ်ချက်နဲ့ကိုက်ညီအောင် ဒီအစည်းအဝေးခန်းတွေကို နောက်ဆုံးအဆင့်မြှင့်တင်ခဲ့တာ ၂၀၂၃ ခုနှစ်တုန်းကဖြစ်ပြီး ဒေါ်လာ သန်း ၅၀ ကုန်ကျခဲ့ပါတယ်။

ဒုသမ္မတ ဗန့်စ်ဟာ မရိန်းတပ်မှာ ၄ နှစ်တာဝန်ထမ်းခဲ့သူဖြစ်ပြီး ပြည်ပက ကာလရှည်စစ်ပွဲတွေမှာ အမေရိကန်အစိုးရအဆက်ဆက် ပါဝင်ခဲ့တာကို ဝေဖန်ခဲ့ဖူးသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ သူက အမေရိကန်ဟာ အီရန်နဲ့ပတ်သက်ပြီး ဘယ်လိုပဲလုပ်လုပ် “အဆုံးသတ်ဖို့ရာမမြင်တဲ့ နှစ်ရှည်လများကြာမယ့် အရှေ့အလယ်ပိုင်းစစ်ပွဲတစ်ပွဲ”ဖြစ်လာဖို့ရာ မရှိဘူးလို့ ပြောခဲ့ဖူးပါတတယ်။

အခန်းထဲမှာ သူနဲ့အတူ ထိုင်နေသူက အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်ဆီ ဂဘာ့ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆက်ဖြစ်ပြီး စွမ်းအင်ဝန်ကြီး ခရစ် ရိုက် ကိုလည်း မြင်ရပါတယ်။

အိမ်ဖြူတော်က situation room မှာ မြင်ရတဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်

တနင်္ဂနွေနေ့တုန်းကတော့ အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ အီရန်တလွှား ပစ်မှတ် ၁၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။ ထိန်းချုပ်ကွပ်ကဲရေးစခန်းတွေ၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ ပဲ့ထိန်းဒုံးကျည်တွေထားရှိတဲ့နေရာကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ ပစ်မှတ်ထားခဲ့တဲ့ အီရန်က နေရာတွေထဲမှာ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်(IRGC)ရဲ့ ပူးတွဲစစ်ဌာနချုပ်လည်း ပါဝင်ပါတယ်။

အီရန်ရဲ့နိုင်ငံဦးသျှောင် အယာတိုလာ အလီ ခါမေနီဟာ အဲဒီစစ်ဆင်ရေးအတွင်းမှာပဲ မြန်မြန်ရှင်းလင်းခံခဲ့ရပြီး အီရန်ရဲ့စစ်ဘက်နဲ့ ထောက်လှမ်းရေးဘက်ခြမ်းက ထိပ်ပိုင်းခေါင်းဆောင်တွေ တစ်သီကြီးလည်း ရှင်းလင်းခံရပါတယ်။ ဒါပေမဲ့ အီရန်ဘက်က ခပ်မြန်မြန်ပဲ ပြန်တိုက်ပါတယ်။ ပါရှန်းပင်လယ်ကွေ့တလွှားက အမေရိကန် စစ်ခြေစိုက်စခန်းတွေနဲ့ အရပ်သားပစ်မှတ်တွေအပြင် အစ္စရေးကိုလည်း ဒရုန်းတွေ၊ ဒုံးကျည်တွေ မပြတ်ပစ်ခတ် တုံ့ပြန်ပါတယ်။

အမေရိကန်အရာရှိတွေကတော့ အခုစစ်ဆင်ရေးရဲ့အချိန်ကာလ ဘယ်ရွေ့ဘယ်မျှဖြစ်တယ်ဆိုတာကို မပြောသေးပါဘူး။ ဒါပေမဲ့ မတ်လ ၂ ရက်မှာတော့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အမေရိကန်ဟာ အဆုံးသတ်မဲ့တဲ့စစ်ပွဲတစ်ပွဲ အဖြစ်ခံမှာမဟုတ်ဘူးလို့ အာမခံပြီး ထုတ်ပြောပါတယ်။ အီရန်ဟာ ဆက်ပြီး တောင့်ခံနေဦးမယ့်ပုံပါ။ ဒါကြောင့် ဒီအတောအတွင်းတော့ တိုက်တာခိုက်တာတွေ ဆက်ဖြစ်နေဦးမှာဖြစ်ပါတယ်။

မူရင်းဓာတ်ပုံ : အိမ်ဖြူတော်