ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, စစ်မှုထမ်းဥပဒေ နှစ်နှစ်ပြည့်လာချိန်မှာ ကိုယ့်ဆန္ဒနဲ့ စစ်မှုထမ်းမယ်ဆိုရင် ထောက်ပံ့ကြေးပေးမယ်လို့ မက်လုံးပေးတာတွေ ရှိလာ

- အီရန်နဲ့ အမေရိကန် နှစ်ဘက်စလုံးက နှစ်ပတ်ကြာ အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြပြီးနောက် ရှေ့ဆက်ပြီး ညှိနှိုင်းမှုတွေ လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ပြော - အစ္စရေးက လက်ဘနွန်ကို ဆက်လက် တိုက်ခိုက်နေပြီး လတ်တလော ဟစ်ဇဘိုလာနဲ့ ပဋိပက္ခတွေထဲမှာ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ ဖြစ် - အမေရိကန်နဲ့ အီရန်တို့ အသီးသီး အပစ်ရပ်မယ် ကြေညာခဲ့ပေမယ့် အီရန်က ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို ဆက်လက် ကြုံနေရစဲလို့ ကူဝိတ်နဲ့ ယူအေအီး တို့က ပြော - အမေရိကန်နဲ့ အီရန်တို့ရဲ့ အပစ်ရပ်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆိုလိုက်ပြီး စပိန် ခေါင်းဆောင် ပက်ဒရိုဆန်းချက် ကလည်း အပစ်ရပ်ရေးကို ထောက်ခံပေမယ့် ကမ္ဘာမှာ စစ်မီးမွှေးပြီးမှ ရေပုံးကိုင်ပြသူကိုတော့ အားမပေးဘူးလို့ ဆို - အမေရိကန် ၊ အစ္စရေးနဲ့ အီရန် စစ်ပွဲ အပစ်ရပ်သွားပြီ ဆိုတဲ့သတင်းကြောင့် ရေနံစျေး ထိုးဆင်းသွားတာနဲ့အတူ ကမ္ဘာတလွှားမှာ စတော့စျေးတွေလည်း မြင့်တက်သွား - တိုင်ဝမ် အဓိက အတိုက်အခံပါတီ ကူမင်တန် ခေါင်းဆောင် ချန်လီဝန်း တရုတ်နိုင်ငံကို သွားရောက် - အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ အီရတ် လက်နက်ကိုင်အဖွဲ့တခုက အမေရိကန် သတင်းထောက် ရှယ်လီ ခေတ်တယ်ဆန် ကို ပြန်လွှတ်ပေး - မြောက်ကိုရီးယားဟာ ဂျပန် ပင်လယ်ဘက်ကို တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ အတော်များများ ပစ်လွှတ်ခဲ့တာ နှစ်ကြိမ်ရှိပြီလို့ တောင်ကိုရီးယား စစ်တပ်က ပြော