ဘေရွတ်နဲ့ တဟီရန်ကို အစ္စရေး ထပ်မံတိုက်ခိုက်

ဗီဒီယို ပုံစာ, ဘေရွတ်နဲ့ တဟီရန်ကို အစ္စရေး ထပ်မံတိုက်ခိုက်
ဘေရွတ်နဲ့ တဟီရန်ကို အစ္စရေး ထပ်မံတိုက်ခိုက်

အစ္စရေးက ဒီနေ့မနက်ပိုင်းမှာ နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို လက်ဘနွန်ရဲ့ မြို့တော် ဘေရွတ်ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုကလည်း တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာဦးမယ်လို့ ပြောပါတယ်။ အီရန်ဘက်ကလည်း တုံ့ပြန်သောအားဖြင့် ပင်လယ်ကွေ့ နိုင်ငံတွေထဲမှာ ရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့သလို ဘာရိန်းက အမေရိကန် လေတပ်စခန်းကို ဖျက်ဆီးပစ်လိုက်ပြီလို့တောင် ပြောပါတယ်။ နောက်ပြီး ဆော်ဒီအာရေဗျက အမေရိကန် သံရုံးကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။ အရှေ့အလယ်ပိုင်း ဒေသတလွှားက နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဘီဘီစီ သတင်းထောက် အယ်လစ်ဆင် ဖရီးမန်းပေးပို့ထားတဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။