ပုဂံ ပြန်ပေးဆွဲမှု လူဆယ်ချီ ပျောက်ဆုံးနေဆဲ

ဗီဒီယို ပုံစာ, ပုဂံ ပြန်ပေးဆွဲမှု လူဆယ်ချီ ပျောက်ဆုံးနေဆဲ
ပုဂံ ပြန်ပေးဆွဲမှု လူဆယ်ချီ ပျောက်ဆုံးနေဆဲ

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ယူနက်စကိုစာရင်းဝင် ပုဂံညောင်ဦးဒေသမှာ လုယက်ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတာနှစ်ချီကြာလာပါပြီ။ အခုတော့ ဒီပြန်ပေးဆွဲမှုတွေနဲ့ ငွေတောင်းခံမှုတွေကြောင့် ညောင်ဦးမြို့က ဆင်စခန်းတစ်ခုလုံးပိတ်သိမ်းပြီး ဆင်တွေကိုလည်း နေပြည်တော်က ဆင်ထိန်းသိမ်းရေးစခန်းတစ်ခုဆီ ရွှေ့ပြောင်းရတဲ့အထိဖြစ်လာနေပါတယ်။ ပြန်ပေးဆွဲမှုတွေကြောင့် လူအတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်သလို၊ ဘယ် အဖွဲ့တွေက ပြန်ပေးဆွဲမှုတွေကို လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ ဝန်ခံ ပြောဆိုတာမျိုးလည်း မရှိသေးပါဘူး။ မစန္ဒာဝင်းက ဆက်ပြီး ပြောပြပေးမှာပါ။