BBC News, မြန်မာ - ပင်မစာမျက်နှာ

ထိပ်တန်း သတင်းများ

ဒေတာ ချွေတာချင်ပါသလား။

ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်

အထူးစာမျက်နှာ

၂၀၂၅ မြန်မာရွေးကောက်ပွဲ

  • USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လွှတ်တော်နောက်ခံနဲ့ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

    တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်

    USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

  • ဇန်နဝါရီလ ၂၅ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲ နောက်ဆုံးအကျော့မှာ မန္တလေးမြို့က မဲရုံတစ်ရုံမှာ ရေတွက်ပြီးမဲတွေနဲ့အတူ တွေ့ရတဲ့ကြိုတင်မဲစာရွက်တွေဖြစ်ပါတယ်။ စာရွက်တစ်ခုပေါ်မှာဆိုရင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ဦးကိုကိုဦးနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ် ဦးစန်းလွင်တို့ရဲ့နာမည်တွေကို မြင်တွေ့ရပါတယ်။ လက်နှစ်ဖက်ရဲ့ လက်ချောင်းတွေက အဲဒီမဲစာရွက်တွေပေါ်မှာ မြင်တွေ့ရ

    ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား

    အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။

  • တော်လှန်ရေးအင်အားစုတွေဘက်က ဖက်ဒရယ်ဦးဆောင်ကောင်စီ (FSC) ဖွဲ့ဖို့ စီစဥ်နေ

    စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ

    အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။

  • စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတလုပ်မယ်ဆိုတဲ့ အမြင်တွေ ပိုခိုင်မာလာ

    အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း

    ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။

  • စစ်ရဟတ်ယာဥ်တစ်စင်းဆီ သွားနေတဲ့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တွေ။ တောင်ပေါ်ဒေသမှာဖြစ်ပြီး လယ်ကွက်တစ်ခုကို ဖြတ်သွားနေတာဖြစ်ပါတယ်။

    အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ

    စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။

  • ပါးမှာကပ်ထားတဲ့ ကြံခိုင်ရေးပါတီစတစ်ကာကို ပြနေတဲ့ မျက်မှန်တပ်ထားတဲ့ အမျိုးသမီးတစ်ဦး

    NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ

    NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။

  • မဲရုံမှာမဲလာပေးသူ အမျိုးသမီးတစ်ဦး

    အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ

    ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။ အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။

  • အရှုံးနဲ့တွေ့သွားကြတဲ့အထဲ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေလည်းပါဝင်သလို ဒေါ်စန္ဒာမင်းလို NLD ဟောင်း၊ တစ်သီးပုဂ္ဂလတွေလည်း ပါပါတယ်။

    ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ

    ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။

  • ၂၀၂၁ အာဏာသိမ်းစတုန်းက CRPH ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ကြတဲ့ မြင်ကွင်း

    စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ

    အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။

  • ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

    ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ကော့မှူး ကခြောက်ကပ်ကပ် ရွေးကောက်ပွဲ

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြေ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပခဲ့ပါတယ်။ ကော့မှူးမြို့ခံ အများစုကတော့ အရင်လို မဲပေးဖို့ စိတ်အားထက်သန်မှုတွေမတွေ့ရသလို မဲပေးနှုန်းလည်းလျော့ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ကျင်းပတဲ့ ကော့မှူးက ရွေးကောက်ပွဲ အရင်နဲ့ ဘာတွေ ကွဲပြားသွားလဲ။

  • ရှော့တိုက်ဒုံး ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ PDF တပ်ဖွဲ့ဝင် တစ်ဦး

    ရွေးကောက်ပွဲအပိုင်း ၂ က အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာ

    ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပချိန် တိုက်ခိုက်ခံခဲ့ရတဲ့မန္တလေးတိုင်းထဲ စစ်ကော်မရှင်က ရဲနဲ့ စစ်သားအင်အား ဖြန့်ကြက်ပြီး အပိုင်း ၂ ကို ကျင်းပခဲ့ပေမဲ့ ပဲခူးနဲ့ မကွေးတိုင်းထဲက မဲဆန္ဒနယ်တွေမှာတော့ ထွေအုပ်အရာရှိသေဆုံးတဲ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

  • စစ်ခေါင်းဆောင်နဲ့ စစ်ဘက်လက်ထောက်၊ စစ်တက္ကသိုလ် အပတ်စဥ် ၃၈ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးတွေကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။

    ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ

    ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည်းပါတယ်။ ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။

မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။

နားဆင်ကြည့်ရှုရန်

ဆောင်းပါး

  • ယူနန် တရုတ်မျိုးနွယ်စုတွေ မြန်မာပြည် မြောက်ပိုင်းနဲ့ ရှမ်းကုန်းမြင့်မှာ ရာစုနှစ်တွေနဲ့ချီ နေထိုင်ခဲ့

    ယူနန်၊ မန္တလေး၊ ဂျိန်းဖော ရှမ်း၊ ကျောက်စိမ်းနဲ့ တရုတ်မြီးရှေ

    ပုဂံ၊ မင်းတုန်းစတဲ့ မြန်မာမင်းလေးဆက် မင်းဆရာ ဖြစ်ခဲ့တဲ့ ယီယုန်ကို ဦးဆားဆိုတဲ့ နာမည်နဲ့ မြန်မာပြည်မှာ သိကြပြီး နတ်ပြည်မှာ သိကြား၊ လူ့ပြည်မှာ ဦးဆား ဆိုတဲ့ စာချိုး ရှိခဲ့ကြောင်း ဟော်ရွှင်ရွာ ရေကန်ဘေးက စင်္ကြံလမ်းမှာ ကမ္ပည်းထိုးထားခဲ့

  • NUG လက်အောက်က သစ်တော သယံဇာတ စီမံခန့်ခွဲမှုအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ယာယီရပ်နားထားရ

    NUG သစ်တောသယံဇာတအဖွဲ့ ဘယ်လိုခြိမ်းခြောက်ခံခဲ့ရလဲ

    NUG ထိန်းချုပ်မြို့နယ်တွေထဲက သစ်တော သယံဇာတ စီမံခန့်ခွဲမှုဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ရှိတဲ့အတွက် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကြောင့် ယာယီရပ်နားထားပါတယ်။

  • ဖေဖော်ဝါရီ ၁၈ ရက်မှာ စစ်တပ်ထုတ်ပြန်တဲ့ ဗိုလ်နဂါးက စစ်တပ်အရာရှိဆီကို လက်နက်အပ်နှံနေတဲ့ပုံ

    ဗိုလ်နဂါးလက်နက်ချတဲ့နောက် အညာလုံခြုံရေးဘယ်လိုသက်ရောက်မလဲ

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ဆီ လက်နက်ချအပြီးမှာ သူနဲ့တွဲမြင်ကြတဲ့ ပုလဲနယ်ရှိရာ ယင်းမာပင်ခရိုင်ထဲမှာ လုံခြုံရေးသတိပြုဖို့ တော်လှန်ရေးအသိုင်းအဝိုင်းက သတိထားလာကြပါပြီ။

  • ၂၀၂၅ အောက်တိုဘာ ၃၀ ရက်က ကိုရီးယားနိုင်ငံ မှာ တွေ့ဆုံခဲ့ကြတဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်

    အင်အားကြီးနိုင်ငံတွေရဲ့အရှေ့တောင်အာရှ မြေရှားလွန်ဆွဲပွဲနဲ့ မြန်မာ

    ကမ္ဘာ့မြေရှားတင်ပို့မှုကို ချုပ်ကိုင်ထားတဲ့တရုတ်နိုင်ငံက အမေရိကန်အပါအဝင် အိန္ဒိယနိုင်ငံကို မြေရှားသတ္တု တင်ပို့မှု တင်းကျပ်လိုက်ပြီးတဲ့နောက်မှာ အိန္ဒိယနဲ့ အမေရိကန်ဟာ တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ မြေရှားအရင်းအမြစ်အသစ်တွေ ရှာဖွေကြပါခဲ့တယ်။ သမ္မတ ထရမ့်ဟာ မြန်မာအိမ်နီးချင်း ထိုင်းနဲ့ မလေးရှားတို့နဲ့ပါ မြေရှားစာချုပ်တွေ ချုပ်ဆိုထားပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မြေရှားလွန်ဆွဲပွဲမှာ မြန်မာမြေရှားက ဘယ်အခန်းကဏ္ဍမှာ ရှိနေလဲ။

  • Amnesty International အဖွဲ့တွေ့ရှိချက်အရ မြန်မာကို အီရန်ကနေ လေယာဉ် တင်ပို့နေတယ်လို့ သံသယရှိတဲ့ ဆီတင်သင်္ဘောတစ်စင်း ဆိပ်ကမ်းတစ်ခု ဆိုက်ကပ်ထားတဲ့ပုံနဲ့ Amnesty International အဖွဲ့ ဒေသတွင်း ဒါရိုက်တာ တို့ရဲ့ အဖြူအမည်း ပေါင်းစပ်ဓာတ်ပုံဖြစ်ပါတယ်။ ပုံပါ အမျိုးသမီးဟာ တီရှပ်အကွက်လက်ရှည်ကို ဝတ်ထားပြီး ဆံပင်ကို ပခုံးတစ်ဖက်မှာ ရှေ့ကို သိမ်းထား၊ မျက်မှန်တပ်ထား

    မြန်မာစစ်တပ်လေယာဉ်ဆီရနေတဲ့ 'တစ္ဆေသင်္ဘောတွေ' - Amnesty International

    နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ အီရန်နိုင်ငံက လေယာဉ်လောင်စာဆီတင်သင်္ဘောတွေ ရေဒါဖျောက်ပြီး ရန်ကုန်မြို့ ၊ သီလဝါဆိပ်ကမ်းကို ရောက်လာတာကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က စုံစမ်းတွေ့ရှိခဲ့ပါတယ်။ ဒီစုံစမ်းမှုကို ဘယ်လိုလုပ်ဆောင်ခဲ့ပါသလဲ။ အဖွဲ့ရဲ့ ဒေသတွင်းသုတေသနဆိုင်ရာ ဒါရိုက်တာကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ့ရေးရာ

နိုင်ငံတကာ

ဗီဒီယို သတင်းများ

အဖတ်များနေသော သတင်းဆောင်းပါးများ