ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီနေ့ ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်တွေကို အပတ်စဉ် တနင်္ဂနွေနဲ့ အင်္ဂါနေ့ညတိုင်း ထုတ်လွှင့်ပေးနေတာပါ။
ဒီတစ်ပတ်အစဉ်မှာတော့ . . .

Justin Bieber လူသစ်တန်းအဆိုရှင်ဆု ရ
အသက် ၁၆ နှစ်အရွယ် ကလေးဆန်ဆန် ခပ်မိုက်မိုက် ခပ်ချောချော ချစ်စရာကောင်းတဲ့ ကနေဒါက ပေါ့ပ်အဆိုတော်လေး Justin Bieber အကြောင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်လောက်က အင်တာနက်မှာ သူ့သီချင်း တွေ စတင်ပြီးတဲ့နောက် လူကြိုက်များ လာလို့ အမေရိကားက အဆိုတော်နဲ့ ထုတ်လုပ်သူ Usher က သူ့ရဲ့အလားအလာကို မျက်စိတွေ့ပြီး စင်တော် ကောက်လိုက်ပါတယ်။
မကြာခင်က ကျင်းပခဲ့တဲ့ MTV ဂီတရုပ်မြင် သံကြားလိုင်းကနေ ချီးမြှင့်တဲ့ MTV Video Music Awards မှာလည်း သူဟာ Baby ဆိုတဲ့ သီချင်းနဲ့ အကောင်းဆုံး လူသစ်တန်း အဆိုရှင်ဆု ရခဲ့ပါတယ်။
ဒီနှစ်ဆန်းက ထုတ်ခဲ့တဲ့ Baby သီချင်းက Justin Bieber ကို ကမ္ဘာ့ပရိတ်သတ်တွေ သိသွားစေ တဲ့ သီချင်း ဖြစ်ပါတယ်။ ရက်ပ်အဆိုတော် Ludacris နဲ့ တွဲဖက်ဆိုထားတဲ့သီချင်းပါ။
ဒီ Baby သီချင်းကို အင်တာနက်က Youtube မှာ သီချင်းဗီဒီယိုစတင်တဲ့ ဒီနှစ်ဆန်းကစလို့ အခုချိန်ထိ ကြည်တဲ့အရေ အတွက်ပေါင်း သန်း ၃၀၀ ကျော်ရှိပါတယ်။ ပျမ်းမျှ တစ်ရက်ကို တစ်သန်းခွဲ ရလောက် ကြည့်ကြတယ်ဆိုတော့ သူ့ရဲ့ အောင်မြင်မှုက ကြောက်ခန်းလိလိပါ။ Facebook မှာလည်း သူ့ရဲ့ပရိသတ် ၁၁ သန်းခွဲတောင် ရှိပါတယ်။
Justin Bieber ကို မြန်မာ လူငယ်တွေကလည်း ကြိုက်ကြတယ်လို့ မြန်မာဆယ်ကျော်သက် တွေဖြစ်တဲ့ လန်ဒန်က မလဲ့နဲ့ ရန်ကုန်က Underground အဆိုတော် Tayza Mc က မိုဘီဂျီနို အစီအစဉ်ကို ပြောပါတယ်။
မိုဘီဂျီနိုကဏ္ဍနဲ့ပတ်သက်ပြီး ပါဝင်ပြောပြ ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ်၊ ဝေဖန်အကြံပြု လိုရင်ဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ စာတိုက်သတ္တာ ာအမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ကို စာရေးပို့နိုင်သလို အီးမေးလ်းနဲ့ ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြ ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။