နောက်ဆုံး ရေးသားချိန် 20 ဇွန်လ 2010 - 21:24 GMT

မိုဘီ ဂျီနိုနဲ့ အဖေများနေ့

မီဒီယာ ပလေးယား

မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးနေသလို အင်တာနက်စာမျက်နှာကဆိုရင်တော့ www.bbcburmese.com ကလည်း ဝင်ရောက်ဖတ်ရှုနားစဉ်နိုင်ပါတယ်။

Father & Son

ဖခင်တွေက ငယ်စဉ်တောင်ကြေး ကလေးဘဝကတည်းက စောင့်ရှောက်ခဲ့ကြ

ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

Father's Day လို့ခေါ်တဲ့ ဖခင်များနေ့ (သို့မဟုတ်) အဖေများနေ့အကြောင်းကို စီစဉ်တင်ဆက်ထားပါတယ်။

အနောက်နိုင်ငံတွေနဲ့ နိုင်ငံအများအပြားမှာ ဇွန်လရဲ့ တတိယမြောက် တနင်္ဂနွေနေ့၊ ဒီနှစ်အတွက်ဆိုရင်တော့ ဇွန်လ ၂၀ ရက်မှာ ကျင်းပ သလို တချို့နိုင်ငံတွေကလည်း နေ့ရက်မတူပဲ ကျင်းပတာတွေ ရှိပါတယ်။

အဖေများနေ့မှာ အဖေ့ကို လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ကြ၊ ဖခင်ရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြ၊ ဓာတ်ပုံအယ်လ်ဘယ်လို အမှတ်တရ ပစ္စည်းတွေနဲ့ ငယ်ဘဝမိသားစုအကြောင်း ပြန်ပြောင်း အောင့်မေ့တသဖြစ်ကြပါတယ်။

အဖေများနေ့ဟာ အမေရိကန်နိုင်ငံက စတင်ခဲ့တာဖြစ်ပြီး ပထမဆုံး အဖေများနေ့ကို ၁၉၁၀ က စလုပ်ခဲ့တာ ဆိုတော့ အနှစ် ၁၀၀ ရှိပါပြီ။ ၂၀၁၀ က အဖေများနေ့အတွက် ရာပြည့်နှစ်ပါ။

Father and Son

သားနဲ့ပြန်တွေ့ရလို့ ဝမ်းသာတဲ့ အဖေ၊ အဖေနဲ့ပြန်တွေ့ရလို့ ပျော်နေတဲ့ သား

Mobi-Geno ပရိတ်သတ်တွေအနေနဲ့ ဒီကဏ္ဍကို ဆက်သွယ်ချင် ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်သလို

အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့ကြပါ။

ဝေဖန်အကြံပြုမယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ ကွက်လပ်တွေမှာလည်း ဖြည့်ပြီး ဆက်သွယ်နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။