ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

အမေရိကန်နိုင်ငံ ဟောလီးဝုဒ်ရုပ်ရှင်လောကမှာ နေရာတစ်နေရာ ရနေတဲ့ မြန်မာ သရုပ်ဆောင် တစ်ဦးနဲ့ ဆက်သွယ်မေးမြန်း ထားတာကို တင်ဆက်ပေးထားပါတယ်။
အမေရိကန်နိုင်ငံ ဟောလိဝုဒ်က ရုပ်ရှင်သရုပ် ဆောင်၊ ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ နဲ့ အစီအစဉ် ထုတ်လုပ်သူ Adrian Zaw ဟာ ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွဲ အများအပြားမှာ သရုပ်ဆောင်ထားတဲ့ တက်သစ်စ လူငယ်သရုပ် ဆောင်တစ်ဦး ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်က ပြသတဲ့ မင်းသား Hugh Grant နဲ့ Mandy Moore တို့ အဓိက ပါဝင်သရုပ် ဆောင်တဲ့ American Dreams ဇာတ်ကားမှာ သူဟာ အခန်းတစ်ခန်းမှာ ပါဝင်သရုပ်ဆောင် ခဲ့သလို ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ သူဟာ အဓိက သရုပ်ဆောင် တစ်ဦးအနေနဲ့ ပါဝင်ခွင့် ရလာခဲ့ပါတယ်။

The Resistance တီဗီဇာတ်လမ်းတွဲ ကြော်ငြာ
မကြာခင်လပိုင်းကပဲ အမေရိကန်က စိတ်ကူး ယဉ် သိပ္ပံဇာတ်လမ်းတွေ ပြသတဲ့ SyFy ရုပ်သံလိုင်းမှာ ပြသွားတဲ့ The Resistance ဇာတ်လမ်းတွဲမှာလည်း သူဟာ အဓိက သရုပ် ဆောင်တစ်ဦးဖြစ်ပါတယ်။
နောက်ပြီး အသက် ၂၆ နှစ်အရွယ် Adrian ဟာ မကြာခင်နှစ်ပိုင်းတွေက စကားပြောနဲ့ သရုပ် ဆောင်တွေမှာ ဆုတွေလည်း ဆွတ်ခူးနိုင်ခဲ့ ပါတယ်။

အဲဒီထဲမှာဆိုရင် ကျောင်းသားဘဝတုန်းက ကယ်လ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှာ ပြိုင်ရတဲ့ တစ်ဦးတည်း စကားပြောပြီး သရုပ်ဆောင်ရတဲ့ ပြိုင်ပွဲမှာ ချန်ပီယံ ပထမဆုရခဲ့ပါတယ်။
Adrian ဟာ မြန်မာဒုက္ခသည်တစ်ဦးအကြောင်း ရိုက်ထားတဲ့ မကြာခင်ထွက်မယ့် Burmese Refugee ဆိုတဲ့ ဇာတ်ကားမှာလည်း သရုပ်ဆောင်ထားပါတယ်။
မိုဘီ ဂျီနို ပရိတ်သတ်တွေအနေနဲ့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ကိုယ့်မှာ ဝေမျှ ပြောပြစရာ တစ်ခုခု ရှိလို့ပဲဖြစ်ဖြစ်၊ ဝေဖန်အကြုံပြုလိုရင် ဖြစ်ဖြစ် ဒီအစီအစဉ်ကို ဆက်သွယ်နိုင်ကြ ပါတယ်။ အီးမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ဆက်သွယ် နိုင်ပါတယ်။
စာတိုက်ကဆိုရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ကိုလည်း ပေးပို့နိုင်ပါတယ်။


မိုဘီ ဂျီနို အစီအစဉ်ကို နားဆင်ဖြစ်ပါ တယ်။ ကောင်းပါတယ်။ မြန်မာနိုင်ငံ သားတစ်ယောက် အမေရိကန်မှာ ထင်ပေါ် ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေတာကိုဝမ်းသာမိပါတယ်။
သောတရှင်တစ်ဦး၊ ရန်ကုန်မြို့။

I watched the Resistance series. That is really awesome. I really like his acting.
An unknown listener

I like your career (Adrian Zaw).
An audience from Dubai
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။