ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေတုန်းက မြန်မာ နိုင်ငံမှာ အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲ သတင်းတွေကြောင့် မိုဘီ ဂျီနို ကဏ္ဍကို ခေတ္တရပ်နားထားခဲ့ရတာပါ။ ဒီတစ်ပတ်ကစပြီး အပတ်စဉ်အစီအစဉ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွှင့်ပေးတော့မှာပါ။
ဒီတစ်ပတ် မိုဘီ ဂျီနို အစီအစဉ်မှာတော့ နိုဝင်ဘာ ၇ ရွေးကောက်ပွဲမှာ အသက်အငယ်ဆုံး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းအက်စ်ကီးမိုးနဲ့ ကိုမိုးမြင့်က မေးမြန်းတင်ဆက် ထားပါတယ်။

ရွေးကောက်ပွဲကတော့ အများထင်ထားခဲ့ကြ သလိုပဲ လက်ရှိနအဖအစိုးရ ဝန်ကြီးတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများစု အနိုင်ရခဲ့ပါတယ်။
လက်ရှိနိုင်ငံရေး၊လူမှုရစနစ်တွေကို ပြုပြင် ပြောင်းလဲလိုကြတယ်ဆိုတဲ့ တခြားပါတီတွေ ကတော့ နေရာအနည်းစုပဲ ရပါတယ်။
အဲဒီအနည်းစုထဲမှာမှ နည်းနည်းလေးနေရာပိုရတာကတော့ ပြည်နယ်တွေမှာ အဓိကပြိုင်တဲ့ တိုင်းရင်းသားပါတီတွေပါ။

ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က လည်း နေရာ အများစုမဟုတ်ပေမယ့် ကြံ့ခိုင်ရေးပြီးရင် ဒုတိယအများဆုံး နိုင်ပါတယ်။
အဲဒီပါတီထဲက မျိုးဆက်သစ် လူငယ်အမတ် တစ်ဦးကတော့ လဲချားမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်မှာ ဝင်ပြိုင်တဲ့ အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ နန်းအက်စ်ကီးမိုးပါ။ ရွေးကောက်ပွဲမှာ အမတ်အဖြစ် ဝင်ပြိုင်လို့ရတဲ့ အသက်ကန့်သတ်ချက် ပြည့်မီကာစပဲ ရှိသေးတဲ့ သူတစ်ဦး ဖြစ်ပါတယ်။
ပါတီမှာ အသက်အငယ်ဆုံး အမတ်ဖြစ်သလို တစ်နိုင်ငံလုံး အနေနဲ့လည်း အသက်အငယ်ဆုံး အမတ်လို့ ယူဆနိုင်ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲအတွေ့အကြုံ၊ နိုင်ငံရေးအယူအဆ နဲ့ သူလုပ်ချင်တဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း မိုဘီ ဂျီနို အစီအစဉ်ကို ပြောပြထား ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။