BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, မန္တလေးတိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ နောက်ဆုံးလက်ကျန် တကောင်းမြို့ကို စစ်တပ်ပြန်သိမ်း
တကောင်းမြို့မနာဖို့အတွက် ခံစစ်စည်းအဆင့်ဆင့်ပြင်ဆင်ပြီးပြန်ဆုတ်ခွာခဲ့တာလို့ မန္တလေးတိုင်း ပကဖ က ပြောတဲ့ သတင်းအပါအဝင် မတ် ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
FATF အမည်ပျက်စာရင်းကနေ လွတ်ဖို့ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ အပူတပြင်းလှုပ်ရှား
စစ်ကော်မရှင်ဟာ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းထဲကနေလွတ်မြောက်နိုင်ရေး အဖမ်းအဆီးနဲ့ ပိတ်ဆို့မှုတွေတိုးလုပ်ပြီး အပူတပြင်းကြိုးပမ်းနေပါတယ်။
မိသားစုခွေးလေးကိုသတ်ဖြတ်မှုအစ ဇိမ်ခံလေယာဥ်အဆုံး - သတင်းတွေထဲက ကရစ္စတီနုမ်း
နုမ်းဟာ သူ တာဝန်စယူတဲ့ ပထမနှစ်မှာ အမေရိကန်က ရွှေ့ပြောင်းတွေကို နေရပ်ပြန်ပို့တာတွေ တိုးလုပ်ခဲ့ပေမဲ့ အငြင်းပွားစရာသူ့ဖြစ်ရပ်တွေက ထရမ့်ကို စိတ်မသက်မသာဖြစ်စေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့ လုံခြုံရေးကောင်စီမှာ ပြင်သစ်တိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့ ပြင်သစ်က ကုလလုံခြုံရေးကောင်စီမှာ တိုက်တွန်းတဲ့သတင်းအပါအဝင် မတ် ၁၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အီရန်ခေါင်းဆောင်သစ် မို့ချ်တာဘာ ခါမေနီ ဆိုတာ ဘယ်သူလဲ
အီရန်ဘာသာရေးခေါင်းဆောင်များအဖွဲ့ Assembly of Experts ဟာ အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အယာတိုလာ အလီ ခါမေနီ့ နေရာအတွက် သူ့သားဖြစ်သူ မို့ချ်တာဘာ ခါမေနီကို နိုင်ငံ့ဦးသျှောင်အဖြစ် ရွေးချယ်လိုက်ပြီလို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက သတင်းဖော်ပြပါတယ်။
အဓမ္မပြုကျင့်ခံရမှုအတွက် ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က PDF ရဲမေ တရားမျှတမှုရှာဖွေ
အမျိုးသမီးအဖွဲ့အစည်းတွေရဲ့အချက်အလက်အရ စစ်အာဏာသိမ်းမှုပဋိပက္ခကြားက မြန်မာမှာ ၅ နှစ်အတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုပေါင်း ၉၀၀ ကျော်ရှိပြီး ဒီအမှုတွေက စစ်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ကျူးလွန်မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အစ္စရေးတိုက်လို့ ရေနံစက်ရုံတွေ မီးလောင်နေတဲ့အီရန်မှာ ခေါင်းဆောင်သစ်ကို ရွေးလိုက်ပြီ
အမေရိကန်- အစ္စရေးနဲ့ အီရန််တို့ဖြစ်တဲ့စစ်ပွဲ ဒီနေ့မှာ ဒုတိယသီတင်းပတ်ထဲ ဝင်လာပြီဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာကို စစ်ပွဲနိုင်မှ ဝင်ပါဖို့ပြင်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုလိုက်ပါတယ်။
အီရန်မှာ စစ်ပွဲနဲ့ စောင့်ကြည့်မှုတွေကြား ဘယ်လိုသတင်းယူသလဲ
အီရန်နိုင်ငံကနေ ဆက်သတင်းပေးပို့နေတဲ့ နိုင်ငံခြားသတင်းထောက် အနည်းငယ်ထဲက တစ်ဦးဟာ အခုဆိုရင် တီဟီရန်ကို အစ္စရေး တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အီဗင်ထောင်မှာ အကျဉ်းချခံထားရပါတယ်။ အီရန်နိုင်ငံထဲက ဘဝတွေဟာ ဘယ်လိုမျိုးလဲဆိုတာကို ကမ္ဘာကိုပြသဖို့ ကြိုးစားနေသူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။
စစ်တွေ-စစ်တပ်ရဲ့ရခိုင်ပြည်နောက်ဆုံးခံတပ်
စစ်တွေကို အာရက္ခတပ်တော်က စစ်ရေးအရ သိမ်းဖို့တော့ ခက်လိမ့်မယ်လို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ မြို့အနီးကိုရောက်လာနေပါတယ်။
တပ်ချုပ်နေရာဆက်ခံမယ့်သူ ကြည်းချုပ်လား၊ ညှိကွပ်လား
ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာသိမ်းကာလ ၅ နှစ်လုံးအနီးကပ်နေခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့ တပ်ပိုင်းဆိုင်ရာကိုပဲ သီးသန့်တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ငလျင်သင့်လွှတ်တော်ကို ဘယ်လိုအမြန်ဆောက်ခဲ့လဲ
ကျပ်ဘီလျံပေါင်းများစွာကုန်ကျမယ့် လွှတ်တော်ပြန်လည်ပြင်ဆင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အစိုးရကိုယ်စားငွေစိုက်ထုတ်ပေးထားမယ့်သူနဲ့ ဆောက်လုပ်ပေးမယ့် ကုမ္ပဏီကို အပူတပြင်းရှာဖွေခဲ့ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
၂၀၂၅ မြန်မာရွေးကောက်ပွဲ
တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား
အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ
အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။
အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။
အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ
စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။
NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ
NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။
အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။ အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။
ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ
ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။
စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ
အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ကော့မှူး ကခြောက်ကပ်ကပ် ရွေးကောက်ပွဲ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြေ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပခဲ့ပါတယ်။ ကော့မှူးမြို့ခံ အများစုကတော့ အရင်လို မဲပေးဖို့ စိတ်အားထက်သန်မှုတွေမတွေ့ရသလို မဲပေးနှုန်းလည်းလျော့ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ကျင်းပတဲ့ ကော့မှူးက ရွေးကောက်ပွဲ အရင်နဲ့ ဘာတွေ ကွဲပြားသွားလဲ။
ရွေးကောက်ပွဲအပိုင်း ၂ က အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာ
ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပချိန် တိုက်ခိုက်ခံခဲ့ရတဲ့မန္တလေးတိုင်းထဲ စစ်ကော်မရှင်က ရဲနဲ့ စစ်သားအင်အား ဖြန့်ကြက်ပြီး အပိုင်း ၂ ကို ကျင်းပခဲ့ပေမဲ့ ပဲခူးနဲ့ မကွေးတိုင်းထဲက မဲဆန္ဒနယ်တွေမှာတော့ ထွေအုပ်အရာရှိသေဆုံးတဲ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ
ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည်းပါတယ်။ ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
တရုတ်ကသေဒဏ်ပေးခဲ့တာ မြန်မာတွေလား၊တရုတ်တွေလား
ကိုးကန့်ရဲ့ထင်ရှားတဲ့ မိသားစုကြီး လေးစုထဲက မြီမိသားစုနဲ့ ပယ်မိသားစုဝင် ၁၆ ဦးကို တရုတ်နှစ်သစ်ကူးမတိုင်ခင် တရုတ်မှာ သေဒဏ်ပေးလိုက်ပါတယ်။ ဒါက မြန်မာနိုင်ငံမှာအခြေစိုက်နေထိုင်သူတွေကို တရုတ်တရားစီရင်ရေးအောက်မှာ အရေအတွက်အများဆုံးသေဒဏ်ပေးမှုဖြစ်ပါတယ်။
ယူနန်၊ မန္တလေး၊ ဂျိန်းဖော ရှမ်း၊ ကျောက်စိမ်းနဲ့ တရုတ်မြီးရှေ
ပုဂံ၊ မင်းတုန်းစတဲ့ မြန်မာမင်းလေးဆက် မင်းဆရာ ဖြစ်ခဲ့တဲ့ ယီယုန်ကို ဦးဆားဆိုတဲ့ နာမည်နဲ့ မြန်မာပြည်မှာ သိကြပြီး နတ်ပြည်မှာ သိကြား၊ လူ့ပြည်မှာ ဦးဆား ဆိုတဲ့ စာချိုး ရှိခဲ့ကြောင်း ဟော်ရွှင်ရွာ ရေကန်ဘေးက စင်္ကြံလမ်းမှာ ကမ္ပည်းထိုးထားခဲ့
NUG သစ်တောသယံဇာတအဖွဲ့ ဘယ်လိုခြိမ်းခြောက်ခံခဲ့ရလဲ
NUG ထိန်းချုပ်မြို့နယ်တွေထဲက သစ်တော သယံဇာတ စီမံခန့်ခွဲမှုဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ရှိတဲ့အတွက် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကြောင့် ယာယီရပ်နားထားပါတယ်။
ဗိုလ်နဂါးလက်နက်ချတဲ့နောက် အညာလုံခြုံရေးဘယ်လိုသက်ရောက်မလဲ
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ဆီ လက်နက်ချအပြီးမှာ သူနဲ့တွဲမြင်ကြတဲ့ ပုလဲနယ်ရှိရာ ယင်းမာပင်ခရိုင်ထဲမှာ လုံခြုံရေးသတိပြုဖို့ တော်လှန်ရေးအသိုင်းအဝိုင်းက သတိထားလာကြပါပြီ။






































































