နောက်ဆုံး ရေးသားချိန် 23 မေလ 2010 - 16:02 GMT

မိုဘီဂျီနို နဲ့ ကမ္ဘာ့ဂီတဆု

မီဒီယာ ပလေးယား

မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးတာပါ။

lopez

ဂျနီဖာလိုးပက်ဇ်က အနုပညာအတွက် ထူးထူးခြားခြားအကျိုးပြုသူ ဆုရ

ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

ကမ္ဘာ့အကောင်းဆုံးဂီတဆုပေးပွဲကို မိုနာကိုနိုင်ငံမှာ မေလ ၁၈ ရက်က ကျင်းပခဲ့ပါတယ်။ ဒီဂီတဆုပေးပွဲကတော့ ကမ္ဘာမှာ နာမည်ကြီးလူကြိုက်များတဲ့သီချင်းတွေ၊ စီးပွားရေးအရ ရောင်းအကောင်းဆုံးသီချင်းတွေကို ပေးလေ့ရှိပါတယ်။

ဒီပွဲမှာ ရတဲ့သီချင်းတွေဟာ ဂရမ်မီမှာ ဆုရခဲ့တဲ့ သီချင်းတွေပါသလို ရတဲ့ဆုတွေမှာ ကမ္ဘာ့ဂီတလောကကို လွှမ်းမိုးမှုရှိတဲ့ နိုင်ငံကြီးတွေဆိုရင် နိုင်ငံအလိုက်၊ နောက်ပြီး ဒေသတွင်းအလိုက်လဲ ဆုပေးပါတယ်။

scorpions

Scorpions အဖွဲ့ဟာ မြန်မာရော့ခ်ပရိသတ်တွေ ကြားမှာလည်း နာမည်ကြီးပါတယ်

အာရှကဆိုရင်တော့ Amuro Namie ဂျပန်အဆိုတော်မလေးက အာရှမှာ ရောင်းအကောင်းဆုံး အဆိုတော်ဆုရခဲ့ပါတယ်။

နောက်သီချင်တစ်ပုဒ်ချင်းအပြင် ဂီတအပေါ် အကျိုးပြုတဲ့ဆုတွေလည်း ပေးခဲ့ပါတယ်။ ဂျာမနီက The Scorpions အဖွဲ့ဆိုရင် ဂီတရာဇဝင်တွင်သူများဆု၊ ဂျနီဇာလိုဖက်စ်ဆိုရင်လည်း အနုပညာအပေါ် ထူးထူးခြားခြားအကျိုးပြုသူ အဖြစ် ဆုတွေ ပေးအပ်ခဲ့ပါတယ်။

lopez

အဆို၊ အက၊ သရုပ်ဆောင် အားလုံးမှာ အောင်မြင်တဲ့ J-Lo

The Scorpions မြန်မာလိုပြောရင် ကင်းပြီးကောက်များအဖွဲ့ဟာ ပြီးခဲ့တဲ့ လပိုင်းကပဲ Sting in the tail အပြီးထဲက အဆိပ် ဆိုပြီး အယ်လ်ဘမ်တစ်ချပ်လည်း ထုတ်ခဲ့ပါတယ်။ သူတို့အဖွဲ့ကနေ နောက်ဆုံးအဖြစ် ထုတ်တဲ့အခွေလို့လည်း ကြေငြာပြီး ထုတ်တာပါ။

ဆုရသူတွေအကြောင်း ၊ သီချင်းတွေအကြောင်းကို လန်ဒန်မြို့၊ The Occoupiers မြန်မာတီးဝိုင်းက ဂစ်တာတီး သီချင်းဆိုတဲ့ ကင်မ်က ကိုးမိုးမြင့်နဲ့အတူ ပြောပြထားပါတယ်။

အာရှမှာ အရောင်းရဆုံး အဆိုတော်ဆုရတဲ့ Amuro Namie အကြောင်းကိုလည်း ဂျပန်က မြန်မာကျောင်းသူတစ်ဦးဖြစ်တဲ့ မမေက ပြောပြထားပါတယ်။

robin gibb

Bee Gees အဖွဲ့က ရော်ဘင် ဂစ်ဘ်လည်း ဆုပေးပွဲ တက်ရောက်လာ

Mobi-Geno ပရိတ်သတ်တွေအနေနဲ့လည်း ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းရာတွေ ရှိရင်ဖြစ်ဖြစ်၊ ဒီကဏ္ဍမှာ ကိုယ်တိုင်ပါဝင် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို စာရေးသားပေးပို့နိုင်ကြပါတယ်။

အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။

နှိပ်ပါ ဆုရသူတွေနဲ့ ပွဲတက်လာသူတွေပြောထားတဲ့ ဗီဒီယိုကိုကြည့်ချင်ရင် ဒီမှာ Click နှိပ်ပါ။

နှိပ်ပါ World Music Awards ရဲ့ ဝက်ဘ်ဆိုက်ကို သွားချင်ရင် ဒီမှာ Click နှိပ်ပါ။

ဒီအောက်က ကွက်လပ်တွေမှာ ဖြည့်ပြီးလည်း ဝေဖန်အကြံပြုနိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။