ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးနေတာပါ။

Unrivalled အဖွဲ့သားတွေရဲ ဂီတအိပ်မက်က ဘာတွေလဲ
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .
RedAmp 2010 ဆိုတဲ့ ဂီတပြိုင်ပွဲကြီးတစ်ခုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပခဲ့တာ ပြီးခဲ့တဲ့တစ်ပတ်ကျော်ကပဲ ပြီးဆုံးသွားပါတယ်။
အဲအေးရှားနဲ့ အမ်တီတို့က ကြီးမှူးကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကြီးမှာ အရှေ့တောင်အာရှ အာဆီယံ ၁၀ နိုင်ငံကနေ ဂီတအဖွဲ့ (၂၅၀၀) ကျော် ဝင်ပြိင်ခဲ့ ကြပြီး မြန်မာနိုင်ငံကလည်း အဖွဲ့ (၁၇) ဖွဲ့ ဝင်ပြိုင်ခဲ့ပါတယ်။

အဖွဲ့သားတွေရဲ့ ကြိုးပမ်းမှုက ဆီးမီးဖိုင်နယ် အထိ ရောက်ရှိခဲ့ပါတယ်
နောက်ဆုံးပထမဆုရသွားတာကတော့ အင်ဒိုနီးရှားက Golden Dragon ဆိုတဲ့အဖွဲ့ ဖြစ်ပေမယ့် ထူးခြားတာက မြန်မာနိုင်ငံက Unrivalled ဆိုတဲ့အဖွဲ့က Semi Final အဆင့်ထိ၊ နောက်ဆုံး အဖွဲ့ (၂၀) စာရင်းထဲမှာ ပါဝင်ခဲ့ ပါတယ်။
သူတို့အဖွဲ့ရဲ့ ပြိုင်ပွဲအတွေ့အကြုံ၊ ဂီတလှုပ်ရှားမှု နဲ့ ဂီတအိပ်မက်တွေအကြောင်း အဖွဲ့ဝင်တွေကို ကိုမိုးမြင့်က မေးကြည့်ထားပါတယ်။
Unrivalled အဖွဲ့ရဲ့ သီချင်းတွေကို ကြိုက်လား။ ဘယ်လို ထင်လဲ။ နောက်ပြီး မြန်မာ့ပြည်က ဂီတ၊ ကမ္ဘာ့ ဂီတ နဲ့ ပတ်သက်လို့ ပရိသတ်တွေ ဘယ်သူကို ကြိုက်ကြလဲ ၊ ဘယ်လို မြင်လဲဆိုတာ အောက်က ကွက်လပ်တွေမှာ ရေးသားပြီး ပေးပို့နိုင်ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။