ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

လန်ဒန်မြို့မှာ ကပြနေတဲ့ ခေတ်ပြိင်မြန်မာ ပြဇာတ်တွေအကြောင်း တင်ဆက်ထားပါတယ်။
Burmese Theatre Workshop လို့ နာမည်ပေးထားတဲ့ မြန်မာပြဇာတ်အဖွဲ့ဟာ မြန်မာဇာတ်လမ်းတွေကို မြန်မာသရုပ်ဆောင်တွေနဲ့ ကပြနေပါတယ်။
ပြဇာတ်သရုပ်ဆောင်တွေထဲမှာ လန်ဒန်ရောက် မြန်မာလူငယ်တွေနဲ့ မြန်မာ့သဘင်နဲ့အနုပညာ လောကမှာ ကျင်လည်ဖူးပြီး လက်ရှိပန်းချီအနုပညာရှင် တစ်ဦးဖြစ်တဲ့ ကိုထိန်လင်းတို့ ပါဝင်ပါတယ်။

ပြဇာတ်ဒါရိုက်တာကတော့ အင်္ဂလိပ်ပြဇာတ် လောကမှာ ၁၅ နှစ်ကြာ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်လမ်းဇာတ်ညွှန်း ရေးသူတစ်ဦးအဖြစ် အတွေ့အကြံရှိထားတဲ့ Andrew Mclay ဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ မေလဆန်းက လန်ဒန်မြို့လယ် ထရက်ဖစ်ကာ ရင်ပြင်မှာ ကိုဇာဂနာလွတ်မြောက်ရေးလှုပ်ရှားမှုပွဲ၊ ကဆုန်လပြည့် ဗုဒ္ဓနေ့တုန်းက ကိသာ ဂေါဒမီ ဇာတ်လမ်း၊ နောက်ပြီး လန်ဒန်တက္ကသိုလ် တစ်ခုမှာ Let Me Out of Hell ဆိုတဲ့ နာမည်နဲ့ နာဂစ်မုန်တိုင်းဘေးသင့် လူတွေရဲ့ဘဝဇာတ်လမ်းတွေကို အသွင်သစ်နဲ့ ကပြ ဖျော်ဖြေခဲ့ပါတယ်။

အနောက်တိုင်းပြဇာတ်ပုံစံအောက်မှာ မြန်မာမှု မြန်မာဟန် မြန်မာအငွေ့အသက်တွေနဲ့ ရောယှက်ကပြကြတာ တွေ့ရပါတယ်။
အခုနောက်ဆုံး Beyond Nargis (နာဂစ်အလွန်) ဆိုတဲ့ ပြဇာတ်ကို ကပြဖို့ ဇာတ်တိုက်နေ ကြပါတယ်။
လန်ဒန်မြို့လယ်က ပြဇာတ်ရုံတွေ စုဝေး တည်ရှိရာ The West End လို့ခေါ်တဲ့ အရပ်မှာ ပြဇာတ်အဖွဲ့သားတွေဟာ သရုပ်ဆောင် အမူအယာနဲ့ စကားပြောဟန်ပန်တွေကို လေ့ကျင့်နေကြပါတယ်။

သူတို့ ဇာတ်တိုက်နေတဲ့နေရာကို သွားပြီး ဒီပြဇာတ်အဖွဲ့အကြောင်း၊ သူတို့ရဲ့ ပြဇာတ်တွေအကြောင်း နဲ့၊ မြန်မာပြဇာတ်နဲ့ အနောက်တိုင်းပြဇာတ်ဘယ်လို ကွာသလဲ စတဲ့အကြောင်းတွေကို ကိုမိုးမြင့်က ပြဇာတ်အဖွဲ့သားတွေကို မေးမြန်းပြီး မိုဘီဂျီနို ပရိသတ်တွေအတွက် တင်ဆက်ထားပါတယ်။
မိုဘီ ဂျီနို ပရိတ်သတ်တွေအနေနဲ့ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေ ရှိလို့ ပြောပြချင်ရင် ဒီကဏ္ဍကို ဆက်သွယ်နိုင်ပါတယ်။ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်သလို အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။