ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး Mobi-Geno ကဏ္ဍကနေ အစီအစဉ်သစ်တွေကို အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်း ထုတ်လွင့်ပေးနေတာပါ။
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

ဆောင်းတွင်းမှာဆို နှင်းတောထဲမှာ ကျောင်းတက်ရ
ဒီမိုကရေစီရအောင် ဘယ်လိုလုပ်ယူမလဲ၊ ဒီမိုကရေစီစနစ်ဆီရောက်ဖို့ ဘာတွေ အထောက်အပံ့လုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားရင်း တက္ကသိုလ်ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတစ်ဦးက ပြောပြထားပါတယ်။
သူကတော့ ဆွီဒင်နိုင်ငံ Uppsala တက္ကသိုလ်မှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ မဟာဝိဇ္ဇာဘွဲ့အတွက် ပညာသင်ကြားနေတဲ့ ကိုအမရသီဟ ဖြစ်ပါတယ်။

ကိုအမရတက်နေတဲ့ Uppsala တက္ကသိုလ်
အင်တာနက်ကို အသုံးချပြီး လူတွေအနေနဲ့ ဒီမိုကရေစီရဲ့ အလေ့အကျင့်တွေ ပျိုးထောင် ပေးဖို့၊ နိုင်ငံတကာဒီမိုကရေစီကို လေ့လာပြီး ကိုယ်နိုင်ငံနဲ့သင့်တော်တဲ့ မူဝါဒတွေ ချမှတ်ဖို့ ရည်ရွယ်ပြီး ပညာသင်ကြားနေတယ်လို့ ကိုအမရ က ပြောပါတယ်။
ဒီမိုကရေစီစနစ်မှာ အင်တာနက်နဲ့ သတင်းမီဒီယာကို လွတ်လပ်ခွင့်ပေးကြပေမယ့် ထိမ်းချုပ်ဖို့ ကြိုးစားကြတဲ့ နိုင်ငံတွေမှာတော့ အဲဒီအစိုးရတွေအနေနဲ့ ထိမ်းချုပ်လိုက်တဲ့အတွက် လူထုနဲ့ပိုဝေးသွားပြီး ပြဿနာတွေ ပိုကြီးလာနိုင်တယ်လို့ ကိုအမရက သူ့ရဲ့တွေ့ရှိချက်ကို သုံးသပ်ပြောပြပါတယ်။

သောတရှင်တို့လည်း ခရီးလမ်း ပန်းတိုင်တစ်ခုရောက်ဖို့ ကြိုးစားလျောက် လှမ်းနေ တယ်ဆိုရင် မိုဘီဂျီနိုကဏ္ဍကနေ ဝေမျှပြောပြနိုင်ကြပါတယ်။ ဆက်သွယ်ချင်ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ကို ပေးပို့နိုင်သလို အီးမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ဆက်သွယ် ပေးပို့ကြနိုင်ကြပါတယ်။
ဝေဖန်အကြံပြုချက်တွေကို တန်ဖိုးထား ကြိုဆိုလျှက်
နောက်တစ်ပတ် တနင်္ဂနွေနေ့မှာလည်း စောင့်မျှော်နားစဉ်ကြပါဦး။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။