BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
စစ်မှုထမ်းတွေ အိမ်ပြန်ခွင့်ရနေပြီလို့ TikTok ကနေ ဘယ်လိုဝါဒဖြန့်သလဲ
စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံရသူတွေထဲမှာ ပထမဆုံးတပ်ထဲရောက်ခဲ့တဲ့ အပတ်စဥ် ၁ တပ် သားတွေကို စစ်မှုထမ်းသက် ၂ နှစ်ပြည့်လို့ အိမ်ပြန်ခွင့်ပြုနေပြီလို့ နည်းလမ်းမျိုးစုံနဲ့ စစ်တပ်က သတင်း ထုတ်လာပါတယ်။
စတားလင့်ခ်ရဲ့ မူဝါဒအသစ်ကြောင့် တော်လှန်ရေးနယ်မြေက စက်တွေအခက်ကြုံလာ
စတားလင့်ခ်ရဲ့မူဝါဒအသစ်ကြောင့်တော်လှန်ရေးနယ်မြေကစက်တွေ အခက်ကြုံလာ၊ ဘေကျင်းမှာတွေ့ဆုံပြီးတဲ့နောက် အီရန်ကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေ မပေးတော့ဘူးလို့ ရှီ က ကတိပေးကြောင်း ထရမ့် ပြောတဲ့သတင်းအပါအဝင် မေလ ၁၅ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ထရမ့်နဲ့ တရုတ်ကြား ဖြေရှင်းရခက်တဲ့ပြဿနာများဆက်ရှိနေ
ထရမ့်ရဲ့ ဘေကျင်းခရီးစဉ်အတွင်း ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံရဲ့ ခေါင်းဆောင် နှစ်ဦးကို ကင်မရာရှေ့မှာ ပြုံးရွှင်နေတဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။
ယော၊ဆောဒေသထဲ စစ်တပ်ရဲ့အင်အားဖြည့်တင်းမှုနဲ့ ချင်း-ရခိုင် စစ်ရေးဖိအား
ယော၊ဆောဒေသထဲက ကံကြီးရွာကို စစ်တပ်က အင်အားဖြည့်အထိုင်ချလိုက်သလို တစ်ဖက် ဆော-ကျောက်ထုလမ်းပိုင်းမှာလည်း စစ်အင်အားတွေဖြည့်တင်းစစ်ကြောင်းထိုးနေပါတယ်။ မကွေး၊ ရခိုင်နဲ့ ချင်း ပြည်နယ်ဒေသသုံးခုကို ဆက်သွယ်ထားတဲ့ ဆောမြို့နယ်ထဲက ကံကြီးရွာက စစ်ရေးအချက်အချာဗျူဟာဖြစ်လာပါတယ်။
မြန်မာမှာ တရုတ်ငွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဘာကြောင့် ခွင့်ပြုတာလဲ
အမေရိကန်ဒေါ်လာဟာ မြန်မာနိုင်ငံအတွက် အများဆုံးအသုံးဝင်တဲ့ ငွေကြေးဖြစ်သလို ငွေဖြစ် လွယ်တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်အာဏာပိုင်တွေကတော့ ဒေါ်လာစီးဆင်းမှုတွေကို ကွင်းဆက်လိုက်ရှာဖွေတာမျိုးနဲ့၊ ပိတ်ဆို့အရေးယူတာတွေကို လုပ်နိုင်တဲ့အခြေအနေမျိုးရှိပါတယ်။
ဖိလစ်ပိုင် ဆီးနိတ်အမတ် ICC ရဲ့ အဖမ်းမခံ၊ ပစ်ခတ်မှုတွေ ဖြစ်ခဲ့
ဆီးနိတ်လွှတ်တော်အမတ် ရော်နယ် ဘာတို ဒယ်လာ ရိုဆာ ခိုလှုံနေခဲ့တဲ့ ဆီးနိတ်အဆောက်အအုံတွင်းမှာ သေနတ်သံတွေကြောင့် ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။
‘‘တရုတ် -အမေရိကန်ဆက်ဆံရေးဟာ ကမ္ဘာမှာအရေးကြီး’’ - ရှီ
Fentanyl မူးယစ်ဆေးထုတ်နိုင်တဲ့ဓာတုပစ္စည်းတွေ အမေရိကန်ကို ဝင်လာနေတဲ့ကိစ္စ၊ ဟော်မုဇ်ရေလက်ကြားနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေကို သမ္မတထရမ့်နဲ့ သမ္မတရှီတို့ ဆွေးနွေးထားတယ်လို့ အိမ်ဖြူတော်ဘက်ကပြောတဲ့သတင်းအပါအဝင် မေလ ၁၄ ရက်နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မြန်မာကို မုတ်သုံ ဘယ်လိုဝင်မလဲ
မြန်မာမှာ မုတ်သုံလေဟာ မေ ၁၃ ရက် ကနေ ၁၇ ရက်အတွင်း တောင်ပိုင်းဒေသတွေ၊ မေ ၁၈ ရက် ကနေ ၂၂ ရက်အတွင်း တနိုင်ငံလုံးကို ပြန့်နှံမှာဖြစ်တယ်လို့ နေပြည်တော်၊မိုးဇလ က ခန့်မှန်းတွက်ချက်ထားပါတယ်။
ထရမ့်နဲ့ ရှီတွေ့ဆုံမှု - စူပါအင်အားကြီး အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကိုဘယ်လိုပုံဖော်ပေးနိုင်မလဲ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့တရုတ်ခရီးစဉ်ဟာ ခပ်တိုတိုပဲဖြစ်ပေမဲ့ လာမယ့်နှစ်တွေအတွင်း နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါနေပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်ဟာ နှစ်ဖက်စလုံးအတွက် ရလဒ်ကောင်းတွေ ဖြစ်လာနိုင်ပါသလား။
အီရန်စစ်ပွဲ - ခရီးသွားတာလျှော့ပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ မိုဒီ တိုက်တွန်း
ဝန်ကြီးချုပ် မိုဒီကတော့ အခုလိုခြိုးခြံချွေတာရေးအစီအစဉ်တွေဟာ အိန္ဒိယရဲ့လောင်စာအသုံးပြုမှုကို လျှော့ချပြီး နိုင်ငံခြားငွေ ချွေတာဖို့လည်း အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။
'ကလေးမရနိုင်တော့ဘူးလို့ ထင်ခဲ့တာ' - ပျောက်နေတဲ့ သုက်ပိုးကို AI က ဘယ်လို ရှာတွေ့ခဲ့လဲ
သားသမီး မထွန်းကားနိုင်ဘူးလို့ဆိုတဲ့ စုံတွဲတွေမှာ ကလေးရရှိအောင် အမျိုးသားဖြစ်သူရဲ့ပုန်းအောင်းနေတဲ့ သုက်ပိုးဆဲလ်တွေကို ရှာဖွေဖို့ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုနေပါတယ်။
လူသူအရောက်နည်းတဲ့ကျွန်းက လူနာကို ကုဖို့ ဗြိတိသျှဆေးအဖွဲ့ လေထီးနဲ့သွားရောက်
လူသူအရောက်နည်းတဲ့ ဗြိတိသျှပိုင်နက် ကျွန်းတစ်ခုပေါ်မှာ ဟန်တာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ယူဆရသူကို ဗြိတိသျှဆေးအဖွဲ့က လေထီးနဲ့ သွားရောက် ကူညီခဲ့ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
စစ်ခေါင်းဆောင်ဟောင်းရဲ့အစိုးရသစ်လက်ထက် BRI စီမံကိန်းပြီးရေး တရုတ်ခြေလှမ်းနေလား
တရုတ်က မြန်မာမှာရှိတဲ့သူ့စီမံကိန်းတွေကို အရှိန်မြှင့် အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေပြီး အဲဒီစီမံကိန်းတွေထဲမှာ တရုတ်အတွက် မလက္ကာရေလက်ကြားကို မှီခိုနေရတာကို လျှော့ချနိုင်မယ့် ဒေါ်လာ ဘီလျံချီ ကျောက်ဖြူ - မူဆယ်- ကူမင်း ကုန်ရထားလမ်းကြီးလည်း ပါဝင်နေပါတယ်။
မတိုးတဲ့လစာ၊ ထိုးတက်တဲ့ကုန်စျေးနှုန်း - လစာမကျန်၊ စုဆောင်းငွေမရှိဖြစ်လာတဲ့မြန်မာလူငယ်တွေ
လူငယ်တွေရဲ့ စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုအမြင့်ဆုံးကိစ္စက အလုပ်အကိုင်နဲ့ ဝင်ငွေကိစ္စ ဖြစ်တယ်လို့ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဥ် UNDP ရဲ့ ချောက်ကမ်းပါးထက်က မျိုးဆက်အစီရင်ခံစာက ဆိုပါတယ်။
၁၀၂၇ မဟာမိတ်စုဖွဲ့မှု တခန်းရပ်ပြီလား၊တရုတ်ဖိအား ဘယ်လောက်ပါသလဲ
မြန်မာစစ်တပ်ကိုအရှိုက်ထိစေခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ညီညွတ်မှုဖရိုဖရဲဖြစ်သွားတာက နွေဦးတော်လှန်ရေးထဲ ရှမ်းမြောက်ပါဝင်မှု တခန်းရပ်သွားကြောင်း မီးမောင်းထိုးပြနေပြီလို့ နိုင်ငံရေးစစ်ရေးစောင့်ကြည့်သူတွေက တပြေးညီ သုံးသပ်ထားကြပါတယ်။
မိုင်းဆတ်ကျောက်မီးသွေးစက်ရုံကြောင့် ပျက်စီးလာတဲ့ ဂေဟစနစ်
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကြောင့် ရေအရင်းအမြစ်တွေ ညစ်ညမ်းလာလို့ မြစ်ရေကိုအားထားနေရတဲ့ ထိုင်းဘက်က တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ခြိမ်းခြောက်နေပြီလို့ ထိုင်းအရပ်ဖက်အဖွဲ့တွေနဲ့ ထိုင်းမီဒီယာတွေကနေ သတိပေးနေတဲ့အသံတွေလည်း ကျယ်လောင်လာပါတယ်။
တပ်ချုပ်သစ်လက်ထက် တပ်အင်္ဂါစဥ် ဘယ်လိုပြောင်းသွားလဲ
ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ တပ်အင်္ဂါစဥ်တချို့ အပြောင်းအလဲလုပ်ခဲ့ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေ၊လေ) ရာထူးဟာ တပ်ရဲ့ နံပါတ် ၃ နေရာကနေ ရွေ့သွားပါတယ်။


























































