အီရန် အမေရိကန် ယာယီ အပစ်ရပ်ရေး ကျိုးပျက် နိုင်ခြေရှိနေ
အီရန် အမေရိကန် ယာယီ အပစ်ရပ်ရေး ကျိုးပျက် နိုင်ခြေရှိနေ
အီရန်နဲ့ အမေရိကန်တို့ အကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ အသက်ငင်နေပြီ ဖြစ်ကြောင်း သမ္မတ ထရမ့်က ပြောကြားခဲ့ပြီးတဲ့နောက်မှာ အီရန် ဘက်ကလည်း ဘယ်လို ကျူးကျော်မှုတွေကို မဆို တုံ့ပြန်ဖို့ အသင့်ရှိကြောင်း ပြောဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို အီရန်က တုံ့ပြန်ရာမှာလည်း အမှိုက်စ တစ်စ လိုပဲ ပြန်လည် တုံ့ပြန်ခဲ့ကြောင်း သမ္မတ ထရမ့်က ရည်ညွှန်း ဖော်ပြ ခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဒေးဗစ် ဝီလစ် ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။



