အာဆီယံနိုင်ငံတချို့ ခွဲခြားဆက်ဆံတယ်လို့ မြန်မာပြော
အာဆီယံနိုင်ငံတချို့ ခွဲခြားဆက်ဆံတယ်လို့ မြန်မာပြော
အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဟာ မြန်မာနိုင်ငံအပေါ် ကန့်သတ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ နေပြည်တော်အသွင်ပြောင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အာဆီယံမှာ ဦးမင်းအောင်လှိုင်နေရာရဖို့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှု အရာမရောက်ဖြစ်ပြီးနောက်မှာပဲ အခုလို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။ အာဆီယံကလည်း မြန်မာဟာ အာဆီယံဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရာမှာ အခုထိ အားနည်းနေဆဲဖြစ်ပြီး ဒီသဘောတူညီချက်တွေကိုပဲ ဆက်လက်ကိုင်စွဲသွားမယ်လို့ မေလ ၈ ရက် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံမှာပြန်လည်အသိအမှတ်ပြုခံရရေး မြန်မာရဲ့ ကြိုးပမ်းချက်တွေနဲ့ အာဆီယံနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုအခြေအနေ ဘယ်လိုရှိနေပါသလဲ။ ကိုဝေဖြိုးက ပြောပြမှာပါ။



