ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို အပတ်စဉ် တနင်္ဂနွေနဲ့ အင်္ဂါနေ့ညတိုင်း ထုတ်လွင့်ပေးတာပါ။
ဒီတစ်ပတ်အစီအစဉ်မှာတော့ ...

ကမ္ဘာ့လူငယ်ညီလာခံမှာ တွေ့ဆုံကြတဲ့ လူငယ် ခေါင်းဆောင်များ
Young Global Leaders (ကမ္ဘာ့လူငယ်ခေါင်းဆောင်များ) ညီလာခံကို ရှားရှားပါးပါးတက်ရောက်ခွင့်ရခဲ့တဲ့ ကရင် တိုင်းရင်းသူလူငယ်တစ်ဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။
ကမ္ဘာ့လူငယ်ခေါင်းဆောင်များညီလာခံကို အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ တန်ဇန်းနီးယားက ဒါရက်စ်စလန်မြို့မှာ မေလ ၂ ရက် ကနေ ၇ ရက် နေ့ထိ ကျင်းပခဲသလို ဒီညီလာခံဟာ World Business Forum လို့ ခေါ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ တပြိင်နက်တည်း တနေရာတည်းမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။

ညီလာခံကို ရှားရှားပါးပါး တက်ရောက်ခွင့် ရခဲ့တဲ့ ကရင်တိုင်းရင်းသူ ဇိုယာဖန်း
ဒီပွဲမှာတက်ရောက်ဆွေးနွေးဖို့ ကမ္ဘာ့နိုင်ငံ ၇၀ ကျော်က အထင်ကရ လူငယ်တွေ ရွေးချယ် ခံရပါတယ်။ အင်တာနက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဂူဂဲ၊ ယူကျု၊ တွစ်တာ၊ ဆီးမန်းစ် စတဲ့ နည်းပညာပိုင်းလုပ်ငန်းတွေက ထိပ်ပိုင်းခေါင်းဆောင်တွေတက်ရောက်သလို တခြား စီးပွားရေး၊ လူမှုရေး လုပ်ငန်းတွေက လူငယ်ခေါင်းဆောင်တွေ တက်ကြတာ တွေ့ရပါတယ်။

ကမ္ဘာ့လူငယ်ခေါင်းဆောင် မဇိုရာဖမ်း
မြန်မာနိုင်ငံကဆိုရင်တော့ မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဗြိတိန်နိုင်ငံ Burma Campaign UK က မဇိုရာဖန်းလည်း တက်ရောက်ခွင့် ရခဲ့ ပါတယ်။
သောတရှင်တို့မှာလည်း ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းရာတွေရှိရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ပါဝင် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင် တော့ စာတိုက် သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်သလို အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။