ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

hong kong
ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးတာပါ။
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .
ဆေးသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ မြန်မာလူငယ်တစ်ဦးက သူလေ့လာနေတဲ့ ပညာရပ်နဲ့ သူ့ရဲ့ ရည်မှန်းချက်တွေအကြောင်း ပြောပြထားပါတယ်။

ကိုဟိန်းမင်းထွန်းဟာ ဟောင်ကောင်မှာ မဟာဘွဲနဲ့ Ph.D ဘွဲ့ကို တပြိုင်နက်တည်း သင်ကြား
တရုတ်နိုင်ငံ ဟောင်ကောင်ကျွန်းပေါ်မှာ စာသင်နေတဲ့ မြန်မာကျောင်းသား ကိုဟိန်းမင်းထွန်းဟာ အသက် ၂၅ နှစ်ပဲ ရှိသေးပြီး သူတို့ရဲ့ ပါရဂူဘွဲ့သင်တန်းမှာ အသက်အငယ်ဆုံးပဲလို့ ပြောပါတယ်။
ကိုဟိန်းမင်းထွန်းဟာ မြန်မာနိုင်ငံ ရေဆင်းကနေ တိရစ္ဆာန်ဆေးကုပညာရပ်နဲ့ ပထမဘွဲ့ရခဲ့ပြီးနောက် နိုင်ငံတကာ NGO အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။
တစ်နှစ် အလုပ်လုပ်ပြီးနောက် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှာ မဟာဘွဲ့သင်တန်းတက်နေတုန်းမှာပဲ ဟောင်ကောင်တက္ကသိုလ်က မဟာဘွဲ့ရော၊ ပါရဂူဘွဲ့မှာ ဟောင်ကောင်မှာ လာလုပ်ဖို့ ကမ်းလှမ်းတာကြောင့် ဟောင်ကောင်ကို ကိုဟိန်းမင်းထွန်း ရောက်လာတာပါ။

ဟောင်ကောင်ဟာ တုတ်ကွေးရောဂါဖြစ်ခဲ့တဲ့ နေရာမို့ ဒီကပညာရှင်တွေနဲ့ လေ့လာရတာ ကောင်းတယ်လို့ ကိုဟိန်းမင်းထွန်းက ပြော
Mobi-Geno ပရိတ်သတ်တွေအနေနဲ့လည်း ခရီးလမ်းပမ်းတိုင်တစ်ခုကို အရောက်သွား နေသူပဲ ဖြစ်ဖြစ် ၊ တခြားစိတ်ဝင်စားဖွယ် အကြောင်းအရာ တွေရှိရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ပါဝင် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်ပါတယ်။
အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့ကြပါ။
အောက်က ကွက်လပ်တွေဖြည့်ပြီးတော့လည်း ပါဝင်ဆွေးနွေးနိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။