နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2010 - 18:34 GMT

မိုဘီ ဂျီနို နဲ့ ဂရမ်မီပွဲတက်မြန်မာများ

မီဒီယာ ပလေးယား

2010 Grammy ပွဲတက်ရောက်တဲ့ မီးမီးခဲ ၊ ကဗျာဘွဲ့မှူးနဲ့ ဆုန်သင်းပါ

ပထမဆုံး မြန်မာ အဆိုတော်တွေ တက်ရောက်တဲ့ ၂ဝ၁ဝ ဂရမ်မီ ဆုပေးပွဲ

ကမ္ဘာ့ ဂီတ လောကမှာ အထင်ရှားဆုံး ဆုပေးပွဲ ဖြစ်တဲ့ ဂရမ်မီ ဆုပေးပွဲ အကြောင်း ၊ ဒီပွဲကို တက်ရောက်လာတဲ့ ပထမဆုံး မြန်မာ အဆိုတော် တွေရဲ့ အတွေ့အကြုံနဲ့ ဆုရ သီချင်းတွေ အကြောင်း တင်ပြထားပါတယ် ။

၂ဝ၁ဝ ဂရမ်မီ ဆုပေးပွဲကို ဇန္နဝါရီလ ၃၁ရက် California ပြည်နယ် Los Angelese မြို့မှာ ကျင်းပခဲ့ပါတယ် ။

မြန်မာ အဆိုတော် တွေဖြစ်တဲ့ ကဗျာဘွဲ့မှူး ၊ မီးမီးခဲ ၊ ဆုန်သင်းပါရ်နဲ့ ထူးအယ်လင်း တို့လည်း ဒီဆုပေးပွဲကို တက်ရောက်ခွင့် ရခဲ့ကြပါတယ် ။

eminem

အဲမီနင်က အကောင်းဆုံး ရက်ပ် အယ်လ်ဘမ်ဆုရ

ဂီတပေါ်မှာ အခြေခံပြီး ဆုအမျိုးအစားပေါင်း ၁ဝဝ ကျော် ပေးရာမှာ မြန်မာ ပရိတ်သတ်တွေ သိကြတဲ့ အဆိုတော်တွေနဲ့ သူတို့ရဲ့ သီချင်းတွေလည်း အများအပြား ဆုရသွားပါတယ် ။

ဆုအများဆုံး ဆွတ်ခူးသွားသူတွေကတော့ Pop နဲ့ RNB အဆိုတော် Beyonce က ဆု ၆ဆု ၊ Country အဆိုတော် Taylor Swift က လေးဆု ၊ Black Eyed Peas ၊ Kings of Leon ၊ Jay Z တို့က သုံးဆုစီနဲ့ Lady Gaga ၊ Eminem တို့က နှစ်ဆုဆီ ဆွတ်ခူးခဲ့ပါတယ် ။

မြန်မာ အဆိုတော်တွေ ဒီဆုပေးပွဲ တက်ခွင့်ရအောင် လုပ်ဆောင် ပေးခဲ့သူကတော့ iLoveMyanmar ပရဟိတ အဖွဲ့က မလီယ်ဗီ ဖြစ်ပါတယ် ။

beyonce

ဘီယွန်းဆေးကတော့ ဒီနှစ်အတွက် စတား

ဟောလီးဝုဒ် မိတ်ဆွေ တွေက တဆင့် လက်မှတ်တွေ ရထားတဲ့ မလီယ်ဗီက မြန်မာပြည် နာဂစ် မုန်တိုင်း ဘေးသင့် သူတွေကို ကူညီရင်း ခင်မင်ခဲ့ရတဲ့ ဒီအဆိုတော် တွေကို ဖိတ်ခေါ် ခဲ့တာပါ ။

အဆိုတော် ကဗျာဘွဲ့မှူးက ဂရမ်မီ ဆုပေးပွဲ ခန်းမထဲမှာ ဖျော်ဖြေ တင်ဆက်မှု တွေကို ကြည့်ရတာ အိပ်မက် ကမ္ဘာလေးထဲ ရောက်နေသလို ခံစားရတယ်လို့ ပြောပါတယ် ။

မီးမီးခဲကလည်း ဂရမ်မီပွဲ တင်ဆက်မှု တွေထဲက Bon Jovi ကို ကြိုက်သလို Pink ရဲ့ ဖျော်ဖြေမှုမှာ လေထဲမှာ ဂျွန်းဘား ထိုးရင်း သီချင်းဆို ပေမယ့် အသံ လုံးဝ ယိုင်မသွားတာကို သဘောကျခဲ့တယ်လို့ ပြောပါတယ် ။

ဒီအဆိုတော် တွေရဲ့ သီချင်းတွေ နားထောင်ရ ၊ ဖျော်ဖြေမှု တွေကို ကြည့်ရတာဟာ ဖန်တီးလိုတဲ့ စိတ်ခွန်အားတွေ ရလာတယ် လို့လည်း မီးမီးခဲက ပြောပါတယ် ။

ဂရမ်မီဆုပေးပွဲတက်ခဲ့တဲ့ အဆိုတော်တွေကို Mobi-Geno အစီအစဉ်အတွက် ကိုမိုးမြင့်က ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

ဆုရတဲ့သူစာရင်း အပြည့်အစုံကို ဒီ နှိပ်ပါ လင့် ကနေ သွားကြည့်နိုင်ပါတယ်။


မိုဘီဂျီနို ပရိတ်သတ်တွေအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းရာတွေ ရှိရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ပါဝင် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်ပါတယ်။

အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်လို့လည်း ဝေဖန်အကြံပြုဖို့ ဖိတ်ခေါ်ပါတယ်။

အောက်မှာရှိတဲ့ ကွက်လပ်တွေဖြည့်ပြီးတော့လည်း ကိုယ့်ရဲ့ ဝေဖန်အကြံပြချက်တွေကို ပေးပို့နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။