ဒီမီဒီယာကို ဖွင့်၍မရပါ

ကျမောချမ်းဖျော်ဖြေစဉ် စင်အောက်က ပရိတ်သတ်များက ပန်းစည်းများဖြင့် အားပေး
တပိုတွဲလပြည့် ကျော် ၂ ရက်နေ့မှာ နှစ်စဉ်ကျရောက်တဲ့ မွန်အမျိုးသားနေ့ အတွက် ပြည်တွင်းပြည်ပက မွန်လူမျိုးတွေက အထိမ်းအမှတ် အခန်းအနားတွေ ကျင်းပခဲ့ကြသလို ထိုင်းနိုင်ငံ ဘန်ကောက်အနီးက မဟာချိုင်မှာလည်း မွန်ယဉ်ကျေးမှုကပွဲ၊ နောက်ခတ်ပေါ်ဂီတပွဲတွေနဲ့ ကျင်းပခဲ့ကြပါတယ်။
ပြည်တွင်းမှာ မွန်လူမျိုး ၂ သန်းလောက် ရှိတယ်လို့ သိရပြီး မဟာ ချိင် ဒေသမှာပဲ မွန်လူမျိုး သိန်းဂဏန်းထိ ရှိတဲ့အတွက် မဟာချိုင်က မွန်ပွဲမှာ လည်း မြန်မာပြည်က မွန်လူငယ် အဆိုတော်လေးတွေလာ ရောက်ဖျော် ဖြေသလို ထောင်နဲ့ချီတဲ့ မွန်ပရိသတ်တွေကလည်း အားပေးတာ တွေ့ရပါ တယ်။

ကျမောချမ်းကို စင်ဘေးမှာ ဘီဘီစီက အင်တာဗျူး
လူငယ်တွေကြားမှာ မွန်ဘာသာနဲ့ နှုတ်ဆက်ကြ၊ အဆိုတော်တွေကို အော်တို လက်မှတ်တွေ ထိုးခိုင်းကြ၊ ဓာတ်ပုံတွဲရိုက်ကြနဲ့ အတော်လေးလန်းတဲ့ မြင်ကွင်းတစ်ခုပါ။
အဆိုတော်တွေထဲမှာလည်း နာမည်ကြီး မွန်လူငယ်အဆိုတော်တွေကို တွေ့ရပါတယ်။
အဲဒီထဲက မွန်လူငယ်အဆိုတော် ကျမောချန်းက သူသီချင်းမဆိုခင် နားနေတဲ့အခိုက် မွန်အဆိုတော် တစ်ယောက်အနေနဲ့ ရပ်တည်ရပုံအကြောင်း၊ သူ့ရဲ့အိပ်မက်တွေ အကြောင်းကို စတိတ်စင်ဘေးမှာပဲ Mobi Geno အစီအစဉ်ကို ပြောပြပါတယ်။
ကျမောချမ်းဟာ မွန်ဘာသာတင်မဟုတ်ပဲ မြန်မာဘာသာနဲ့ပါ သီချင်းခွေထွက်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ အဲဒီအတွက် မွန်ပရိတ်သတ်တွေက နားလည်ပေးကြစေချင်ပါတယ်လို့ ကျမောချမ်းက ပြောပါတယ်။

ဘန်ကောက်အနီး မဟာချိုင်မှာ မွန်လူမျိုး သိန်းဂဏန်းရှိပါတယ်၊ အားပေးသူအများ အပြားက မွန်လူမျိုးတွေပါ
မြန်မာဘာသာနဲ့ ပေါ့ရော့ခ် သီချင်းတွေဆိုတဲ့ မွန်လူမျိုးတွေထဲမှာ ကွယ်လွန်သူ မွန်နွယ်ဘွား ထူးအိမ်သင်ကလွဲရင် လျမ်းလျမ်းတောက် အောင်မြင်တဲ့သူ သိပ်မတွေ့ရသေးပါဘူး။
ဒါပေမယ့် အခုမွန်လူငယ်တွေကတော့ ထိုးဖောက်ဖို့ ကြိုးစား နေကြတာ တွေ့ရပါတယ်။
မိုဘီဂျီနို ပရိတ်သတ်တွေအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းရာတွေ ရှိရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ပါဝင် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်ပါတယ်။
အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်လို့လည်း ဝေဖန်အကြံပြုဖို့ ဖိတ်ခေါ်ပါတယ်။
အောက်မှာရှိတဲ့ ကွက်လပ်တွေဖြည့်ပြီးတော့လည်း ကိုယ့်ရဲ့ ဝေဖန်အကြံပြချက်တွေကို ပေးပို့နိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။