ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ပြီးခဲ့တဲ့ အစီအစဉ်ပထမပိုင်းတုန်းကတော့ အမေရိကန်ရောက်ပြီး စစ်မှုထမ်းနေတဲ့ မြန်မာ လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုမင်းဝေက သူဘာကြောင့် စစ်ထဲ ဝင်ဖြစ်သလဲ။ ဘယ်လို အကျိုး ခံစားခွင့်တွေ ရှိလဲဆိုတဲ့အကြောင်း ပြောခဲ့သလို ဒီတစ်ပတ်မှာတော့ စစ်ထပ်တဲမှာ နေရတဲ့ဘဝနဲ့ ရှေ့တန်းစစ်မြေပြင်က အတွေ့အကြုံတွေ အကြောင်း ပြောပြထားပါတယ်။
တောင်နဲ့ မြောက်ကိုးရီးယားနှစ်နိုင်ငံ နယ်စပ်အနီး တောင်ကိုးရီးယားဘက်ခြမ်းမှာ အခြေစိုက်တဲ့ USFK အမေရိကန်ရှေ့တန်းတပ်စခန်းမှာ ကိုမင်းဝေ တာဝန်ကျနေပါတယ်။

အမေရိကန်စစ်သားတွေ ကိုင်တဲ့ M4 သေနပ်
မကြာခင်တုန်းက ပစ်ခတ်တိုက်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ယုန်ပြောင်းကျွန်းဖြစ်ရပ်မှာ ကိုမင်းဝေက နယ်စပ်ရှေ့တန်းတစ်နေရာမှာ ရှိနေခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ဆိုပါတယ်။
တောင်ကိုးရီးယားမှာ အမေရိကန်တပ်အပြင် ကုလသမဂ္ဂရဲ့ နိုင်ငံစုံ ငြိမ်းချမ်းရေး တပ်သားတွေလည်း ရှိပါတယ်။
အမေရိကန်တပ်ထဲမှာတော့ ကိုမင်းဝေအပြင် တခြားမြန်မာစစ်သားတွေလည်း တွေ့ရကြောင်း ကိုမင်းဝေက ပြောပါတယ်။ အခုလို ပြည်ပရှေ့တန်း စခန်းတွေမှာအပြင် အမေရိကန်နိုင်ငံရဲ့ စစ်တပ်တွေထဲမှာ မြန်မာစစ်သား စုစုပေါင်း ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ကိုမင်းဝေက စစ်တပ်ထဲက သူ့ဘဝအကြောင်းအပြင် မြန်မာနိုင်ငံက စစ်တပ်ကိုလည်း အမေရိကန်တပ်လို အဆင့်မြင်စေချင်ပြီး လူထုက ချစ်တဲ့၊ ဥပဒေက ထိမ်းကွပ်ပေးနိုင်တဲ့၊ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်ဖြစ်စေချင်ကြောင်းလည်း မိုဘီ ဂျီနိုကဏ္ဍကို ရင်ဖွင့်ထားပါတယ်။
နှိပ်ပါ ပထမပိုင်း အစီအစဉ်ကို နားဆင်ချင်ရင် ဒီမှာ Click နှိပ်ပြီး သွားနိုင်ပါတယ်။
မိုဘီ ဂျီနို ပရိတ်သတ်တွေလည်း ကိုယ့်ရဲ့အတွေ့အကြုံတွေ အမြင်တွေကို ဝေမျှပြောပြချင်ရင် ဒီကဏ္ဍကို ဆက်သွယ်နိုင်ကြပါတယ်။ burmese@bbc.co.uk အီးမေးလ်ဆီကို ပေးပို့နိုင်သလို အောက်မှာ ဖော်ပြထားတဲ့ ကွက်လပ်ကို ဖြည့်ပြီးလည်း ဆက်သွယ်နိုင်ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။