ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီတစ်ပတ်အစီအစဉ်ကတော့ …

အာဆီယံနိုင်ငံတွေအတွင်း လုပ်တဲ့ အဆိုပြိုင်ပွဲ တစ်ခုမှာ မြန်မာလူငယ်အဆိုတော် ကျော်ဇင်မင်း ဆုရတဲ့အကြောင်း တင်ဆက် ထားပါတယ်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ အာဆီယံ ရွေရောင်သံစဉ်များ 2011 ဆိုတဲ့ အဆိုပြိုင်ပွဲတစ်ခု ဇန်နဝါရီလဆန်းက ကျင်းပခဲ့ပါတယ်။ ရိုးရာအဆိုပြိုင်ပွဲနဲ့ ခေတ်ပေါ်ဂီတအဆိုပြိုင်ပွဲတွေ ပါဝင်ပါတယ်။ ဒုတိယအကြိမ်မြောက်ပြိုင်ပွဲကို ဟိုချီမင်းရုပ်မြင်သံကြားကနေ တင်ဆက်ခဲ့ပါတယ်။

အာဆီယံ ၁၀ နိုင်ငံမှာ စင်ကာပူနဲ့ လာအိုက လွဲရင် ကျန်တဲ့ ၈ နိုင်ငံက လူငယ်အဆိုတော် ၁၆ ဦးဟာ နောက်ဆုံး အဆင့်အနေနဲ့ ဟိုချီမင်း ရုပ်မြင်သံကြား အစီအစဉ်မှာ တိုက်ရိုက် ထုတ်လွှင့်ပြသပြီး ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။
ဆုတံဆိပ်အများစုကိုတော့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားက ရယူခဲ့ပြီး မြန်မာနိုင်ငံက လူငယ်အဆိုတော် ကျော်ဇင်မင်းကတော့ ပေါ့ပ်သီချင်းကဏ္ဍမှာ ကြေးတံဆိပ် တတိယဆု ရခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကိုကျော်ဇင်မင်းက ဗြိတိန်က X Factor အဆိုပြိုင်ပွဲနဲ့ အမေရိကန်က American Idol မှာတောင် ဝင်ပြိုင်ချင်တယ်လို့ ဆိုပါတယ်။
ဒီတစ်ပတ် မိုဘီ ဂျီနိုအစီအစဉ်မှာ ကိုမိုးမြင့်က ကိုကျော်ဇင်မင်းကို မေးမြန်းပြီး တင်ဆက်ထားပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။