ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ . . .
ဘီဘီစီကနေ BBC Sound of 2011 ဆိုပြီး ဒီနှစ်တစ်နှစ်တာ ကာလအတွင်း နိုင်ငံတကာ ဂီတလောကမှာ အောင်မြင်လာဖို့ အလားအလာ အကောင်းဆုံး တေးသံရှင်သစ်ဆု တစ်ဆုကို ဇန်နဝါရီလဆန်း အတွင်းမှာ ပေးအပ်ခဲ့ပါတယ်။
နိုင်ငံတကာ ဂီတလောကမှာရှိပြီး ပရိတ်သတ်သိပ်မသိသေးတဲ့ အဆိုတော် အသစ်တွေထဲက အခုနှစ်အတွင်း ထူးထူးခြားခြား ရေပမ်းစားလာမယ့် သူတစ်ဦးကို မဲပေးရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဘီဘီစီကနေ ဆုပေးတာ ဒီနှစ်နဲ့ဆိုရင် ၉ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ နှစ်တွေထဲမှာ ရခဲ့တဲ့ သူတွေထဲ မှာတော့ 50 Cent, Mika, Adele, Ellie Goulding စတဲ့ သူတွေ ပါဝင်ကြပါတယ်။

အလားအလာအကောင်းဆုံးတေးသံရှင် သစ်ဆုအတွက် ရွေးချယ်တဲ့ သူတွေထဲမှာတော့ ဘီဘီစီက ဂီတဆိုင်ရာ ထုတ်လုပ်ရေးမှုး၊ ဒီဂျေတွေအပြင် နာမည်ကြီး ဂီတမဂ္ဂဇင်းတွေက အယ်ဒီတာတွေ၊ ဂီတဆောင်းပါးရှင်တွေ၊ ထုတ်လုပ်သူတွေ၊ ဘလော့ဂါတွေနဲ့ ရေဒီယို ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူတွေ အများအပြား ပါဝင်ကြပါတယ်။
ဒီနှစ်၂၀၁၁ အတွက် အလားအလာ အကောင်းဆုံး တေးသံရှင်သစ်ဆုကို ရသွားတဲ့ သူကတော့ အသက် ၂၂ နှစ်အရွယ် Jessie J ဆိုတဲ့ လန်ဒန်မြို့က တေးရေး၊ တေးဆို တစ်ဦးပါ။
Jessie J ဟာ ကိုယ်တိုင်ရေးဆိုရုံ တင်မဟုတ်ပဲ အခြား အဆိုတော်တွေ အတွက်လည်း သီချင်းတွေ ရေးပေးပါတယ်။ အဲဒီထဲမှာ Chris Brown, Alicia Keys, Justin Timbelake နဲ့ Miley Cyrus တို့လည်း ပါပါတယ်။ နောက်ပြီး အဆိုတော် Britney Spears အတွက်လည်း သီချင်း ရေးပေးနေပါတယ်။
နှိပ်ပါ Jessie J ရဲ့ သီချင်းနဲ့ အင်တာဗျူးတွေ ကြည့်ရှု့နားဆင်ချင်ရင်
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။