ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေကြိုဆိုပါတယ်။
ဒီနေ့ ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်တွေကို အပတ်စဉ် တနင်္ဂနွေနဲ့ အင်္ဂါနေ့ ညတိုင်း ထုတ်လွှင့်ပေးနေတာပါ။

ကျားမလေးများ တကယ်ဟိန်းနိုင်မလား
ဒီတစ်ပတ်အစဉ်မှာတော့ . . .
မြန်မာပြည်က Tiger Girls (ကျားမလေးများ) ဆိုတဲ့ အမျိုးသမီး လူငယ်အဆိုတော်အဖွဲ့သစ် တစ်ခုအကြောင်း ကျားမလေးတွေကို မေးမြန်း တင်ဆက်ထားပါတယ်။
တခြားနိုင်ငံတွေက အမျိုးသမီး ဂီတအဖွဲ့တွေလို အဆိုသာမက အကနဲ့ပါ တွဲဖက်ဖျော်ဖြေ တင်ဆက်နေတဲ့ Tiger Girls အဖွဲ့ပါ။
သူတို့အဖွဲ့ရဲ့ ပထမဆုံးအယ်လ်ဘမ် ''ကျားမလေးများ ရဲ့နှစ်'' ကိုလည်း သြဂုတ်လဆန်းကပဲ ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။
ဒီအယ်လ်ဘမ်ထဲမှာ သီချင်း ၁၀ ပုဒ်ပါဝင်ပြီး သီချင်းအများစုကို LR Chan က ရေးထားသလို Little Sister ဆိုတဲ့ အင်္ဂလိပ်သီချင်း ကိုတော့ Tiger Girls အဖွဲ့ရဲ့ အကနည်းပြနဲ့ မန်နေဂျာ သြစတြေးလျနိုင်ငံသူ Nicole May က ရေးထားပါတယ်။ ကိုယ်ပိုင်သံစဉ်သီချင်း ၃ ပုဒ်ပါဝင်ပါတယ်။

မြန်မာပြည်က ကျားမလေးများ
မြန်မာပရိတ်သတ်တွေကြား မြန်မြန်သိလာ ဖို့အတွက် လူကြိုက်များပြီးသား ကော်ပီ သီချင်းတွေလည်း ဆိုနေပေမယ့် နောက်ပိုင်းမှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေကိုပဲ ပိုပြီး သီဆို မယ်လို့ ကျားမလေးတွေက ပြောပါတယ်။
တကယ်ပဲ ဒီနှစ်က ကျားမလေးတွေရဲ့နှစ် ဖြစ်လာနိုင်မလားဆိုတာ ကျားမလေးတွေနဲ့ မေးမြန်းပြီး ကိုမိုးမြင့်က တင်ဆက်ထား ပါတယ်။
မိုဘီဂျီနိုကဏ္ဍနဲ့ပတ်သက်ပြီး ပါဝင်ပြောပြ ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ်၊ ဝေဖန်အကြံပြုလိုရင် ဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ကို စာရေးပို့နိုင်သလို အီးမေးလ်းနဲ့ ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြ ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။