ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးနေသလို အင်တာနက်စာမျက်နှာကဆိုရင်တော့ www.bbcburmese.com မှာ ဝင်ရောက်ဖတ်ရှုနားစဉ်နိုင်ပါတယ်။
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

တောင်အာဖရိကနိုင်ငံမှာ တစ်လကြာ ကမ္ဘာဖလားဘောလုံးပွဲကြီးကို အောင်အောင်မြင်မြင်ကျင်းပပြီးစီးခဲ့ပါပြီ။
တောင်အာဖရိကကို ကမ္ဘာ့ဖလားရောက်လာအောင် အဓိက စွမ်းဆောင်ခဲ့သူကတော့ လူမည်းခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားပဲ ဖြစ်ပါတယ်။ ဒီနာမည်ကိုတော့ လူတိုင်းနီးပါး သိကြမှာပါ။

တောင်အာဖရိကကို သွားခဲ့တဲ့ လူမည်းကပြားမလေး လန်နိုရာ
လူဖြူလူမည်း အသားအရောင်ခွဲခြားမှုကို ပပျောက် အောင် လုပ်ခဲ့သူ၊ လွတ်လပ်ရေး ၊ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးတို့ရဲ့ အထင်ရှားဆုံး ကမ္ဘာ့သူရဲကောင်းတစ်ဦးအဖြစ် လူတွေ သိထားကြပါတယ်။
ဒါပေမယ့် သူ့ဘဝဇာတ်ကြောင်းကို စာအုပ်ထဲမှာ ဖတ်ရတာတင် အားမရပဲ သူဘာတွေလုပ်ခဲ့သလဲ၊ တောင်အာဖရိက ပြည်သူတွေက သူ့ကို ဘယ်လို သဘောထားကြလဲ၊ အခု တောင်အာဖရိ ကနိုင်ငံကြီး ဘာဖြစ်နေပြီလဲဆိုတာကို လန်ဒန်မှာရှိတဲ့ လူမည်းကပြား မိန်းကလေးတစ်ဦးက မန်ဒဲလားခြေရာကောက်အဖြစ် လန်ဒန်ကနေ တောင်အာဖရိကကို ခရီးထွက်ခဲ့ပါတယ်။

မန်ဒဲလားနေခဲ့ရတဲ့ အကျဉ်းခန်း
ဒီမိန်းကလေးက ထောင်ထဲမှာ နယ်ဆင်မန်ဒဲလား နေခဲ့ရတဲ့ ၇ ပေပတ်လည်လောက်ရှိတဲ့ အခန်းကျဉ်းကလေးကိုလည်း သွားကြည့်ခဲ့ပါတယ်။
မန်ဒဲလားဟာ သူထောင်ကျခဲ့တဲ့ ၂၇ နှစ်မှာ ဒီကျွန်းပေါ်က အခန်းကျဉ်းကလေးမှာ ၁၈ နှစ်ကျော် နေခဲ့ရပါတယ်။

အနှစ် ၂၀ နီးပါး အကျဉ်းကျခဲ့တဲ့ အခန်း
မိုဘီ ဂျီနို ပရိတ်သတ်တွေအတွက် စိတ်ဝင်စားဖွယ်၊ ဗဟုသုတ ရဖွယ်၊ ဘဝအတွက် အင်အားတစ်ခုသဖွယ် ဖြစ်နိုင်တဲ့ အစီအစဉ်တစ်ခုပါ။
ဒုတိယပိုင်းမှာတော့ မန်ဒဲလားအပေါ် လူငယ်တွေက ဘယ်လို မြင်ကြသလဲ၊ မန်ဒဲလား မစွမ်းဆောင်နိုင်သေးတဲ့ အရာတွေက ဘာတွေလဲ စတာတွေကို တင်ဆက်ထားပါတယ်။
ဒုတိယပိုင်းကို နားစဉ်ချင်ရင် ဒီ နှိပ်ပါ Link ကို ကလစ်နှိပ်ပြီး နားစဉ်နိုင်ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။