ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီတစ်ပတ်အစီအစဉ်ကတော့ .....

အမေရိကန် တပ်စခန်းတစ်နေရာက ကိုမင်းဝေ
အမေရိကန်ရောက် မြန်မာလူငယ်တစ်ယောက် အကြောင်းပါ။ အမေရိကန်စစ်တပ်ထဲမှာ တာ၀န်ထမ်းဆောင်ရင်း အခုတော့ ပြည်ပရှေ့တန်း စစ်မျက်နှာ တစ်ခုကို ရောက်နေသူ ကိုမင်းဝေရဲ့ စစ်သားဘဝ အတွေ့အကြုံတစ်ချို့အကြောင်း ဖြစ်ပါတယ်။
ရှေ့အစဉ်အလာကတည်းက ပြည်ပနွယ်ဖွားတွေ အမြောက်အများ အခြေချ နေထိုင်ကြတဲ့ အမေရိကန်နိုင်ငံမှာ စစ်သားတစ်သန်းကျော် လောက်ရှိတဲ့ သူ့ရဲ့စစ်တပ်ထဲမှာလည်း နိုင်ငံခြားနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ အများအပြားတာဝန်ထမ်းနေကြသလို အဲဒီထဲမှာ မြန်မာလူမျိုးတွေလည်း ရောက်နေကြပါပြီ။
အမေရိကန်ရဲ့ အီရတ်စစ်ပွဲ စကာ စတုန်းက အဲဒီမှာ မြန်မာလူငယ်တစ်ဦးကျဆုံးခဲ့ရသလို မကြာခင်လပိုင်းကလည်း အာဖကန် နစ္စတန်မှာ မြန်မာလူငယ်တစ်ဦးကျဆုံးခဲ့တာတွေကို ကြည့်ရင် မြန်မာတွေလည်း အများ အပြား တာဝန်ထမ်းဆောင်နိုင်တယ်ဆိုတာ ခန့်မှန်းနိုင် ပါတယ်။

အဲဒီထဲက တစ်ယောက်ဖြစ်တဲ့ ကိုမင်းဝေက အမေရိကန်ရဲ့ ပြည်ပ အခြေစိုက် တပ်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ တောင်ရီးယားက USFK စခန်းမှာ တာဝန်ထမ်းဆောင်နေပါတယ်။
သူဘာကြောင့် အမေရိကန်စစ်တပ်ထဲ ဝင်ရသလဲ၊ ဝင်ခွင့်အတွက် ဘယ်လို ပြင်ဆင်ခဲ့ရသလဲ စတာတွေကို ဒီတစ်ပတ် မိုဘီ ဂျီနို ကဏ္ဍမှာ ကိုမိုးမြင့်က ကိုမင်းဝေကို မေးမြန်းတင်ဆက်ထားပါတယ်။
နောက်တစ်ပတ်အစီအစဉ်မှာလည်း မကြာခင်တုန်းက တောင်နဲ့မြောက် ကိုးရီးယား ကြားမှာ ဖြစ်ခဲ့တဲ့ ယုန်ပြောင်းကျွန်းကိစ္စမှာ ကိုမင်းဝေ ဘာတွေ ကြုံတွေ့ခဲ့ ရသလဲ၊ နောက်ပြီး မြန်မာလူမျိုး အမေရိကန်စစ်သား တစ်ဦးရဲ့ ဘဝနဲ့ မြန်မာ့တပ်မတော်အပေါ် သူ့ရဲ့ အမြင်တွေကို နောက်တစ်ပတ် မိုဘီဂျီနို ကဏ္ဍမှာ ဆက်လက် နားဆင်နိုင်ကြပါ တယ်။
ဒုတိယပိုင်းအစီအစဉ်ကို ဒီမှာ နားစဉ်နိုင်ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။