ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ကောင်ကင်ကိုရဲ့ ကဗျာစာအုပ်
အင်တာပေါ်မှာ ဒိုင်ယာရီလို၊ မှတ်တမ်းလို ရေးကြတဲ့၊ ဓာတ်ပုံဗီဒီယိုတွေနဲ့အတူ စာတိုပေစလေးတွေကို လူတိုင်းရေးလို့ရတဲ့ နေရာလေးတစ်ခု ဖြစ်တဲ့ Blog ပေါ်က လူငယ်ကဗျာဆရာတစ်ဦးအကြောင်းကို ဒီတစ်ပတ်တင်ဆက်ထားပါတယ်။
ထိုင်းနိုင်ငံ Assumption University မှာ မဟာဘွဲ့တက်ရင်း ဘလော့ဂ်ပေါ်မှာ ကဗျာတွေရေးနေတဲ့ ကောင်းကင်ကို အကြောင်းဖြစ်ပါတယ်။
'မကျွတ်သေးတဲ့ တစ္ဆေ' ဆိုတဲ့ ကဗျာစာအုပ်ကိုလည်း ဒီနှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။

မကျေနပ်ချက်တွေ ရှိတိုင်း၊ ပေါက်ကွဲချင်တိုင်း ကဗျာတွေ ရေးဖြစ်တယ်လို့ ပြောသလို၊ ချစ်သူအတွက်လည်း အချစ်ကဗျာတွေ ရေးဖြစ်တယ်လို့ ဆိုပါတယ်။
သူကဗျာရေးဖြစ်ပုံနဲ့ သူ့ကဗျာတွေအကြောင်းကို မိုဘီဂျီနိုကဏ္ဍမှာ ကိုမိုးမြင့်က တင်ဆက်ပေးထားပါတယ်။
မိုဘီဂျီနို ကဏ္ဍနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးလိုရင်ဖြစ်ဖြစ် ဝေဖန်အကြံပြုလိုရင်ဖြစ်ဖြစ် ဆက်သွယ်ကြဖို့ ဖိတ်ခေါ်ပါတယ်။
စာနဲ့ဆိုရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉ ၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ဆက်သွယ်နိုင်ပါတယ်။ အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ပေးပို့ကြပါ။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။