နောက်ဆုံး ရေးသားချိန် 4 ဇူလိုင်လ 2010 - 16:00 GMT

မိုဘီ ဂျီနို နဲ့ ဝိုင်းစုခိုင်သိန်း

မီဒီယာ ပလေးယား

မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

Wyne Su Khine Thein

ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးနေသလို အင်တာနက်စာမျက်နှာကဆိုရင်တော့ www.bbcburmese.com မှာ ဝင်ရောက်ဖတ်ရှုနားစဉ်နိုင်ပါတယ်။

ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

Wyne Su Khine Thein

မြန်မာပေါ့ပ်အဆိုတော်၊ မော်ဒယ် နဲ့ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေကပဲ သူ့ရဲ့ မက်လောက်စရာ ဗီဒီစီခွေကို ဖြန့်ချိရာမှာ ပေါက်ခဲ့ပါတယ်။

အတွဲလိုက်၊ အဖွဲ့လိုက်အခွေတွေသာ အထွက်များပြီး တစ်ကိုယ်တော် တေးစီးရီးအနေနဲ့ ပေါက်ဖို့ ခဲယဉ်းတဲ့ ဒီနေ့ ဂီတလောကမှာ ဝိုင်းစုခိုင်သိန်းရဲ့ ဗီစီဒီက ရက်တိုတိုလေးအတွင်းမှာ လူကြိုက်များတဲ့ သီချင်းဗီဒီယိုခွေတစ်ခု ဖြစ်လာပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ ပထမဆုံးတစ်ကိုယ်တော် သီချင်းစီဒီကတော့ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့ပြီး ဒီ စီဒီကလည်း တစ်နှစ်တာ ရောင်းအကောင်းဆုံးဆုဆိုပြီး ရခဲ့ပါသေးတယ်။

Wyne Su Khine Thein

မြန်မာလူငယ်တွေရဲ့ကြား၊ ဆယ်ကျော်သက်တွေရဲ့ကြားမှာ သူ့ဝတ်ဆင်တဲ့ ခပ်ဟော့ဟော့အဝတ်အစား ဖက်ရှင်ဒီဇိုင်းတွေက ခေတ်စားသလို၊ သူ့ရဲ့ မော်ဒယ် သရုပ်ဆောင် အလုပ်ကလည်း အောင်မြင်လာ ပါတယ်။

နောက်ပြီး ဒီနေ့ခတ်မှာ သီချင်းမဆိုတတ်ရင် ခေတ်မမီသလို ဖြစ်နေတဲ့ လူငယ်သရုပ် ဆောင်တွေကြား၊ နောက်ပြီး သရုပ်မဆောင်တတ်ရင် မပြည့်စုံသလို ဖြစ်နေတဲ့ လူငယ်အဆိုတော်တွေကြားမှာ သူဟာ ဒီကဏ္ဍနှစ်ခုစလုံးမှာ အောင်မြင်သူ တစ်ယောက်အဖြစ် ထင်ရှားပါတယ်။

Wyne Su Khine Thein

ဝိုင်းစုခိုင်သိန်းက သူအောင်မြင်တာဟာ ကြိုးစားမှုကြောင့်လို့ ပြောပါတယ်။ ကိုယ့်ဘက်က ကြိုးစားမှုက အမြဲတမ်းလုပ်နေသင့်သလို ကံဇာတာ စန်းလက်အတက်မှာတော့ အောင်မြင်မှုဆိုတာ ရလာမှာပဲ လို့ ဆိုပါတယ်။

ဝိုင်းစုရဲ့ ဖက်ရှင်

ဝိုင်းစုခိုင်သိန်းဟာ ဒီနေ့ခေတ် စင်ပေါ်တက်နေတဲ့ မြန်မာအဆိုတော်၊ မော်ဒယ်သရုပ်ဆောင် အတော်များများနည်းတူ အနောက်တိုင်းတွေမှာ ဝတ်ကြတဲ့ နွေရာသီဖက်ရှင်ပုံစံမျိုးတွေ ဝတ်တတ်ပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ သူဟာ စကပ်အတို ဘောင်းဘီအတိုတွေကို ငယ်ငယ်တည်းက ဝတ်လာတာလို့ ဆိုပါတယ်။

Wyne Su Khine Thein

အွန်လိုင်းမှာ တွေ့ရတဲ့ စင်ပေါ်က ဖျော်ဖြေမှုတစ်ခု။ ယဉ်ကျေးမှုနဲ့ မညီတာလား၊ ခေတ်ရေစီးကြောင်းပဲလား

''ဝေဖန်မှုတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကြာလာရင်တော့ အမြင် ရိုးလာမှာပါ'' လို့ ဝိုင်းစုခိုင်သိန်းက မိုဘီဂျီနို အစီအစဉ်မှာ ပြောသွားပါတယ်။

ဆက်သွယ်ပါဝင်နိုင်

မိုဘီဂျီနို ပရိတ်သတ်တွေအနေနဲ့ ကိုယ်သိလို ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေ ရှိရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်မှာ စိတ်ဝင်စားစရာတွေ ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဒီကဏ္ဍကို ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်ချင် ရင်တော့ ''စာတိုက်သေတ္တာအမှတ် ၉၉၇၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့''ကို ပေးပို့နိုင်သလို အီးမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။ တယ်လီဖုန်းထဲမှာ မက်ဆေ့ချ် အသံသွင်းပြီး ကိုယ်ပြောချင်တာ ပြောထားခဲ့ချင်ရင် + 44 207 55 71764 ကို ဆက်သွယ်နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။