နောက်ဆုံး ရေးသားချိန် 13 ဇွန်လ 2010 - 16:42 GMT

မိုဘီ ဂျီနိုနဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲ

မီဒီယာ ပလေးယား

worldcup

တောင်အာဖရိက သမတ ဂျက်ကော့ ဇူးမားက ဖွင့်လှစ်ပေးခဲ့

မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးတာပါ။

ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

shakia

ကိုလံဘီယာအဆိုတော် Shakia က ကမ္ဘာ့ဖလား သီချင်း Waka Waka ကို သီဆို

ကမ္ဘာဖလားဖွင့်ပွဲမှာ ကိုယ်တိုင်ပါဝင် ဖွင့်လှစ် ခွင့်ရခဲ့ကြတဲ့ မြန်မာလူငယ် ၂ ဦးက သူတို့ရဲ့ အတွေ့အကြံတွေကို ပြောပြထား ကြပါတယ်။

အဲဒီလူ ငယ်နှစ်ဦးကတော့ တောင်အာဖရိကကို ရောက်နေကြတဲ့ အင်ဂျင်နီယာ မဝင်းအေးခိုင်နဲ့ ဗိသုကာအင်ဂျင်နီယာ ကျောင်းသား ကိုသက်ပေါ်ထွန်းတို့ ဖြစ်ပါတယ်။

ဘရာဇီးသိုင်းပညာတစ်ခု ကစားနေတဲ့အချိန်မှာ ပွဲစီစဉ်သူတွေက မြို့တော် Johannasberg က ကတတ် ခုန်တတ်သူတွေကို ခေါ်ယူတဲ့အခါမှာ မြန်မာလူငယ်နှစ်ဦးလည်း ရွေးချယ်ခံရတဲ့ အထဲမှာ ပါဝင်သွားတာ ဖြစ်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခန်းအနားမှာ ပါဝင်လှုပ်ရှားနိုင်ဖို့ ၂ လနီးပါး လေ့ကျင်ခဲ့ကြရပါတယ်။

ကမ္ဘာ့ဖလား ဖွင့်ပွဲနဲ့ ဖျော်ဖြေပွဲများ

  • World Cup
    ဒီဖွင့်ပွဲမှာ မြန်မာလူငယ် နှစ်ဦး ကိုယ်တိုင်ပါဝင်လှုပ်ရှားပြီး ဖွင့်လှစ်ခွင့်ရခဲ့ကြပါတယ်
  • World Cup
    ရှာကီးယားက ဖွင့်ပွဲမတိုင်ခင် အကြိုညမှာ တောင်အာဖရိကမြို့တော်မှာ ဖျော်ဖြေတင်ဆက်
  • World Cup
    ရှာကီးယားကို ကမ္ဘာမှာ နာမည်အကြီးဆုံး Belly Dancer လို့ သမုတ်ကြ
  • World Cup
    ဖွင့်ပွဲအကြိုညမှာ Black Eyed Peas အဖွဲ့က Taboo နဲ့ Fergie တို့လည်း ဖျော်ဖြေ
  • World Cup
    Alicia Keys ရဲ့ ဖျော်ဖြေတင်ဆက်မှု
  • World Cup
    ဖွင့်ပွဲပထမနေ့က ကန်တဲ့ တောင်အာဖရိက နဲ့ မက္ကဆီကို ပွဲကို လာကြတဲ့ မက္ကဆီကို ပရိသတ်တွေ
  • World Cup
    တောင်ကိုးရီးယားအသင်းကို လာရောက်အားပေးကြသူများ
  • World Cup
    ဂျာမနီအသင်းကို အားပေးကြမယ့် ဂျာမနီသူများ
  • ဘောလုံးအင်္ကျီလက်ဆောင်ရဖို့ တန်းစီနေကြတဲ့ ကလေးများ
  • World Cup
    တရုတ်တို့ကလည်း ကမ္ဘာ့ဖလားမှာ မပါပေမယ့် ကုမ္ပဏီတွေက ဘောလုံးနဲ့ အရောင်းမြှင့်တင်

Mobi-Geno ပရိတ်သတ်တွေအနေနဲ့ ကိုယ်ပြောချင်၊ ဝေဖန်ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေ ရှိမယ်ဆိုရင် ဒီကဏ္ဍကို ဆက်သွယ်နိုင်ကြပါတယ်။

ဆက်သွယ်ချင် ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်သလို

အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။