ဒီမီဒီယာကို ဖွင့်၍မရပါ

တောင်အာဖရိက သမတ ဂျက်ကော့ ဇူးမားက ဖွင့်လှစ်ပေးခဲ့
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးတာပါ။
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

ကိုလံဘီယာအဆိုတော် Shakia က ကမ္ဘာ့ဖလား သီချင်း Waka Waka ကို သီဆို
ကမ္ဘာဖလားဖွင့်ပွဲမှာ ကိုယ်တိုင်ပါဝင် ဖွင့်လှစ် ခွင့်ရခဲ့ကြတဲ့ မြန်မာလူငယ် ၂ ဦးက သူတို့ရဲ့ အတွေ့အကြံတွေကို ပြောပြထား ကြပါတယ်။
အဲဒီလူ ငယ်နှစ်ဦးကတော့ တောင်အာဖရိကကို ရောက်နေကြတဲ့ အင်ဂျင်နီယာ မဝင်းအေးခိုင်နဲ့ ဗိသုကာအင်ဂျင်နီယာ ကျောင်းသား ကိုသက်ပေါ်ထွန်းတို့ ဖြစ်ပါတယ်။
ဘရာဇီးသိုင်းပညာတစ်ခု ကစားနေတဲ့အချိန်မှာ ပွဲစီစဉ်သူတွေက မြို့တော် Johannasberg က ကတတ် ခုန်တတ်သူတွေကို ခေါ်ယူတဲ့အခါမှာ မြန်မာလူငယ်နှစ်ဦးလည်း ရွေးချယ်ခံရတဲ့ အထဲမှာ ပါဝင်သွားတာ ဖြစ်ပါတယ်။
ဇွန်လ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခန်းအနားမှာ ပါဝင်လှုပ်ရှားနိုင်ဖို့ ၂ လနီးပါး လေ့ကျင်ခဲ့ကြရပါတယ်။
Mobi-Geno ပရိတ်သတ်တွေအနေနဲ့ ကိုယ်ပြောချင်၊ ဝေဖန်ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေ ရှိမယ်ဆိုရင် ဒီကဏ္ဍကို ဆက်သွယ်နိုင်ကြပါတယ်။
ဆက်သွယ်ချင် ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်သလို
အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။