ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်အစီအစဉ်မှာတော့ မြန်မာဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ documentary မှတ်တမ်းရုပ်ရှင်တစ်ခုအကြောင်း တင်ဆက်ထားပါတယ်။
Aung San Suu Kyi - Lady of No Fear (အောင်ဆန်းစုကြည် အကြောက်တရားကင်းတဲ့ အမျိုးသမီး) ဆိုတဲ့ နာမည်နဲ့ မှတ်တမ်းရုပ်ရှင် မကြာခင်ကပဲ ထွက်လာပါတယ်။
ဒိန်းမတ်နိုင်ငံက ဒါရိုက်တာ အန်းန် ဂရစ်သီ ဘွန်းန် ရိုက်ကူးပြီး Kamoli Films ကနေ ထုတ်လုပ်ထားပါတယ်။

ဒါရိုက်တာ အန်း ဂရစ်သီ ဘွန်း (အလယ်)
ဒီရုပ်ရှင်အကြောင်းကို လန်ဒန်မြို့မှာ ဇန်နဝါရီလ ၆ ရက်နေ့က အထူးပွဲ ပြသခဲ့ပါတယ်။
နိုင်ငံတကာမှာ သိကြတဲ့ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် တစ်ဦးရဲ့ နိုင်ငံရေးဘဝထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုရေးကို ဇောင်းပေးပြီး ရိုက်ကူးထားပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်နဲ့ပတ်သက်လို့ ဒါရိုက်တာ အန်းန် ဂရစ်သီ ဘွန်းန်ကို ကိုမိုးမြင့်က မေးမြန်းတင်ဆက်ထားပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။