နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2011 - 19:06 GMT

မိုဘီ ဂျီနို နဲ့ လူငယ်ကွန်ယက်

မီဒီယာ ပလေးယား

မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

DASSK

ဒီတစ်ပတ်အစီအစဉ်ကတော့ လူငယ်ကွန်ယက်အကြောင်း ဖြစ်ပါတယ်။ ကွန်ယက်ဆိုတဲ့ စကားလုံးကလည်း ပြီးခဲ့တဲ့ ၂ လလောက် အတွင်း မြန်မာ့ဒီမိုကရေစီ ရေးလှုပ်ရှားမှုမှာ အပြောများနေတဲ့ စကားလုံးတစ်လုံး ဖြစ်ပါတယ်။

ဒီကွန်ယက်ဆိုပြီး စလာတာကတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ နိုဝင်ဘာလ သူ နေအိမ်အကျယ်ချုပ်က လွတ်ကတည်းက လူထုရဲ့ အသံ၊ လူငယ်တွေရဲ့အသံကို နားထောင်ချင်တယ်၊ နိုင်ငံ့ရဲ့အရေးကိစ္စတွေမှာ လူငယ်ချင်း ချိတ်ဆက်လုပ်ဆောင်နိုင်တဲ့ ကွန်ယက်တွေ ဖြစ်ပေါ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။

DASSK

လူငယ်များ သိချင်တာကို ရှင်းလင်းပြောကြား

အဲဒီအတွက် NLD ပါတီ လူငယ်တွေသာမက တခြားလူငယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် NLD ပါတီဝင်မဟုတ်တဲ့ လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတာ သုံးကြိမ်ရှိခဲ့ပါပြီ။

ဒီဇင်ဘာလ ၂၈ ရက်နေ့က ပထမဆုံးတကြိမ်၊ ဖေဖော်ဝါ ရီ ၈ ရက်နဲ့ ၉ ရက်တို့မှာလည်း နောက်နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်တွေ့ဆုံပြီးပါပြီ။ တစ်ကြိမ်တိုင်းမှာ လူ ၂ ရာကျော် တက်ရောက်ကြပါတယ်။

လူငယ်တွေကလည်း မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်းကအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စတဲ့ နေရာစုံ၊ လူမျိုးစုံ လူငယ်တွေ တက်ကြတာ တွေ့ရပါတယ်။

လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေ မေးထားကြသလဲ၊ သူတို့ရဲ့အတွေ့အကြုံတွေကို ဘယ်လို ဝေမျှထားကြသလဲ၊ ကွန်ယက်ကို ဘယ်လို ဖွဲ့ကြမလဲ ဒီအကြောင်းတွေကို လူငယ်တွေနဲ့ မေးမြန်းပြီး ကိုမိုးမြင့်က တင်ဆက်ထားပါတယ်။

Kachin Myit Sone

ဆွေးနွေးကြတဲ့အထဲမှာ မေခ မလိခ မြစ်ဆုံက ရေကာတာကြောင့် ပတ်ဝန်းကျင်နဲ့ ဒေသခံ တွေကို ထိခိုက်နိုင်မှုအကြောင်းလည်း ပါဝင်

မိုဘီ ဂျီနို ပရိတ်သက်တွေအနေနဲ့လည်း ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြု လိုရင်ဖြစ်ဖြစ်၊ ဝေမျှပြောပြစရာတွေ ရှိလို့ပဲဖြစ်ဖြစ် မိုဘီဂျီနို ကဏ္ဍကို ဆက်သွယ်နိုင်ကြပါတယ်။ အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ပေးပို့နိုင်ပါတယ်။

စာနဲ့ဆိုရင်လည်း စာတိုက်သေတ္တာအမှတ် ၉၉၇၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ကို ရေးသားပေးပို့နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

အကြောက်တရားကင်းသူ ရုပ်ရှင်

နားထောင်ရနကြာချိန်: 10:27

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။