ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို ကနေ ကြိုဆိုပါတယ်။

Lady Gaga က ဒီလို ဥကြီးထဲကနေ ထွက်လာပြီး ဂရမ်မီဆုပေးပွဲမှာ ဖျော်ဖြေခဲ့
ဒီတစ်ပတ်မှာတော့ အမေရိကန်နိုင်ငံ လော့ဇင်းဂျလပ်စ်မြို့မှာ ဖေဖော်ဝါရီလလယ်က လုပ်သွားတဲ့ Grammy ဆုပေးပွဲကြီးမှာ ဆုရကြတဲ့ ဂီတပညာရှင်တွေ၊ အဆိုတော်တွေနဲ့ သူတို့ရဲ့သီချင်းတွေအကြောင်း တင်ဆက်ထားပါတယ်။
ACID အဖွဲ့က Hiphop အဆိုတော် အနဂ္ဂ၊ ပေါ့ပ်နဲ့ R&B သီချင်းတွေဆိုပြီး နာမည်ကြီးနေတဲ့ အဆိုတော် အေသင်ချိုဆွေတို့နဲ့အတူ ကိုမိုးမြင့်က တင်ဆက်ပေးထားတာပါ။

Lady Antebellum အဖွဲ့
ဒီနှစ် ဂရမ်မီဆုပေးပွဲမှာ ဆုအများဆုံးရတာ ကတော့ အမေရိကန်ကျေးလက် Country သီချင်း တွေဆိုတဲ့ Lady Antebellum အဖွဲ့ဖြစ်ပါတယ်။ အမေရိကန် တန်နက်ဆီပြည်နယ်က ယောင်္ကျားလေးနှစ်ယောက် မိန်းကလေးတစ်ယောက်ပါတဲ့ အဖွဲ့ပါ။
သူတို့ရဲ့ ပထမဆုံး Single သီချင်းထွက်လာတဲ့ ၂၀၀၇ နောက် ပိုင်းမှာ Lady Antebellum အဖွဲ့ဟာ Country သီချင်းလောကမှာ တဟုန်ထိုးအောင်မြင်လာပါတယ်။ ဂရမ်မီမှာ သုံးနှစ်ဆက်တိုက် ပဏာမ စာရင်းထဲမှာ ပါခဲ့သလို ဒီနှစ်ဆိုရင် ဆုရတာကလည်း နှစ်နှစ် ဆက်တိုက်ရှိပါပြီ။ သူတို့ရဲ့ ''Need You Now လိုနေပြီ'' ဆိုတဲ့ သီချင်းအယ်လ်ဘမ်နဲ့ ဆုငါးဆု ရခဲ့ပါတယ်။

Eminem
ဟစ်ဟော့ပ်သီချင်းတွေမှာတော့ ဒီနှစ်မှာ Eminem က ပဏာမဆု စာရင်းမှာ ၁၀ နေရာတွေ့ခဲ့ပေမယ့် တကယ်တမ်းဆုရတာ ကတော့ သူ့ရဲ့ Recovery အယ်လ်ဘမ်က အကောင်းဆုံး ရကပ် အယ်လ်ဘမ်ဆုရပြီး အဲဒီထဲက Not Afriad သီချင်း ကလည်း အကောင်းဆုံး ရပ်သီချင်း သီဆိုမှုဆု စုစုပေါင်း ၂ ဆုရပါတယ်။
ဒီသီချင်းအယ်လ်ဘမ်ထဲက Rihanna နဲ့ တွဲဆိုထားတဲ့ ဒီ Love the Way You Lie သီချင်းကလည်း လူကြိုက်များပါတယ်။

အနဂ္ဂကတော့ Eminem နဲ့ Jay-Z ကို ကြိုက်တယ်
ဒီနှစ် ဟစ်ပ်ဟော့ပ် အဆိုတော်တွေထဲမှာ Grammy ဆုအများဆုံးရတာကတော့ Jay-Z ဖြစ်ပါတယ်။
အကောင်းဆုံးရက်ပ်သီချင်းအဖွဲ့လိုက်သီဆိုမှု၊ အကောင်းဆုံး ရက်ပ်သီချင်း ပူးပေါင်း တင်ဆက်မှု ဆုအပြင် သူနဲ့ Alicia Keys တို့တွဲဆို ထားတဲ့ Empire State of Mind က အကောင်းဆုံးရပ်သီချင်းဆုရခဲ့ပါတယ်။
နယူးယော့ခ်မြို့အကြောင်းကို ဖွဲ့ထားတဲ့ ဒီသီချင်းမှာ Jay-Z ရဲ့ ဖန်တီးမှုက အားရစရာကောင်းတယ်လို့ အနဂ္ဂက ပြောပါတယ်။

Lady Gaga ကလည်း ဒီနှစ် Grammy မှာ ဆုသုံးဆုရပြီး သူ့ရဲ့ The Fame Monster အယ်လ်ဘယ်လ်က အကောင်းဆုံးသီဆိုထားတဲ့ ပေါ့ပ် အယ်လ်ဘမ် ဆုရသလို အဲဒီထဲက Bad Romance သီချင်းနဲ့လည်း အကောင်းဆုံး သီဆိုထားတဲ့ ပေါ့ပ်သီချင်းဆု ရခဲ့ပါတယ်။

အေသင်ချိုဆွေကတော့ ဂရမ်မီဆုရှင်တွေကို အားကျတယ်လို့ ဆိုပါတယ်
လေဒီဂါဂါဟာ ဂရမ်မီဆုပေးပွဲမှာ ''ကျွန်မ အရမ်း ငယ်ငယ်လေးတုန်းက ကျွန်မ ဖြစ်ချင်တာကို လုပ်နိုင်တဲ့သူ တစ်ယောက်အဖြစ် အိပ်မက်မက်ခဲ့တယ်'' လို့ ပြောပါတယ်။ အခုတော့ Lady Gaga တစ်ယောက် သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်နေပါပြီ။
လေဒီဂါဂါက သူ့ရဲ့အသံနဲ့တင်မကပဲ ဖက်ရှင်တွေ၊ တင်ဆက်မှုတွေနဲ့ပါ ပရိတ် သတ်ကို ဖမ်းစားနိုင်သလို ကရေဘီယံလူမည်းမလေး ရီဟားနားက လည်း ဒီနှစ်ဂရမ်မီမှာ သူ့ရဲ့ Only Girl in the World နဲ့ အကောင်းဆုံး အက သီချင်း သီဆိုမှုအတွက် ဆုရပါတယ်။

Bruno Mars
ဂရမ်မီဆုပေးပွဲမှာ တခြားဆုရတဲ့သူ တချို့ကတော့ ပေါ့ပ်အဆိုတော် Bruno Mars, R&B မှာ ဆိုရင် John Legend, Usher, Sade ၊ ရော့ခ်ထဲမှာ ဆိုရင် Arcade Fire, Muse, Sir Paul McCartney, နောက်ပြီး Heavy Metal သီချင်းတွေနဲ့လည်း Iron Maiden အဖွဲ့က ဆုရခဲ့သလို နောက်ပြီး Neil Young, Esperanza Spalding, Jeff Beck စတဲ့ စတဲ့သူတွေလည်း ဆုရတဲ့အထဲမှာ ပါဝင်ပါ တယ်။
နှိပ်ပါ ဂရမ်မီမှာ ဆုရတဲ့ စာရင်းတချို့ကို ကြည့်ချင်ရင် ဒါကို နှိပ်ပါ။
နှိပ်ပါ Brit Awards ဆုရ သီချင်းတွေအကြောင်း နားဆင်ချင်ရင် ဒါကို နှိပ်ပါ။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။