ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနိုကဏ္ဍကနေ ကြိုဆိုပါတယ်။

Acid အဖွဲ့က Anegga
မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ် ဂီတ ရောက်လာတာ ၁၀ နှစ်ပြည့်အဖြစ် ဟစ်ဟော့ပ်အဆိုတော်တွေက အထိမ်းအမှတ်ပွဲတစ်ခု လုပ်ဖို့ ပြင်ဆင်နေသလို ဒီဂီတနဲ့ မိတ်ဆက်ခဲ့တဲ့ ACID အဖွဲ့အကြောင်း ဒီတစ်ပတ်တင်ဆက်ထားပါတယ်။
ACID ရဲ့ စတင်ခြင်းဆိုတဲ့ အခွေနဲ့ ဟစ်ဟော့ဂီတ မြန်မာလူငယ်တွေကြားကို ရောက်လာခဲပါတယ်။
သီချင်းသံစဉ်တွေက မြူးကြွ၊ သီဆိုပုံက အားပြည့်မာန်ပြည့်၊ Hiphopper တွေရဲ့ အဝတ်အစားပုံစံကလည်း ဘောင်းဘီပွပွ၊ အကျီ ပွပွ ဂွကျကျ ပုံစံတွေက မြန်မာပြည် ရောက်ရောက်ချင်း အစပိုင်းမှာတော့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

နောက်ပိုင်း ဒီနေ့ခေတ်မှာတော့ ဟစ်ပ်ဟော့ပ်ဂီတဟာ လူငယ်တွေကြားမှာ ကျယ်ကျယ်ပြန်ပြန့် နေရာယူနေပါပြီ။
ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဟစ်ပ်ဟော့ပ်ဂီတ ဘယ်လို ဖြစ်ထွန်းလာခဲ့တယ်ဆိုတာ ACID အဖွဲ့က အဆိုတော် အနဂ္ဂကို ကိုမိုးမြင့်က မေးမြန်းထားပါတယ်။
မိုဘီ ဂျီနို ပရိတ်သတ်တွေအနေနဲ့ ဒီဂီတနဲ့ ဒီနေ့ခေတ် အဆိုတော်တွေအပေါ် ဘယ်လို မြင်ကြလဲဆိုတာ ဒီကဏ္ဍကို စာရေးသားပြီး အမြင်တွေ ဖလှယ်နိုင်ကြပါတယ်။ ဒီကဏ္ဍရဲ့ အင်တာနက်စာမျက်နှာကနေ အလျဉ်းသင့်သလို ဖော်ပြပေးသွားမှာပါ။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။