ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။
ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို တနင်္ဂနွေညတိုင်း ထုတ်လွင့်ပေးတာပါ။

ဓာတ်ပုံမော်ဒယ်လုပ်နေတဲ့ Hazel Moe
ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .
လန်ဒန်မှာ တက္ကသိုလ်တက်ရင်း မော်ဒယ်ဖြစ်ဖို့ ကြိုးစားနေသူ မြန်မာ ဆယ်ကျော်သက်တစ်ဦးအကြောင်း တင်ဆက်ထားပါတယ်။
ဒီနေ့ကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ခတ်မှာ အနုပညာနဲ့မီဒီယာလုပ်ငန်းတွေမှာ ပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းကျော်ငြာတွေမှာပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးလုပ်ငန်းတွေ မှာပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ မော်ဒယ်တွေဟာ နေရာယူနေပါတယ်။

ကျောင်းအားတဲ့အချိန်တွေမှာ ဓာတ်ပုံမော်ဒယ်လုပ်တယ်
အခု လန်ဒန်က မြန်မာကျောင်းသူ ဟန်နီဦးခေါ် Hazel Moe ကလည်း အဲဒီလို အောင်မြင်တဲ့ စူပါ မော်ဒယ်တစ်ဦးဖြစ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
ကမ္ဘာကျော် ကိတ် မော့စ် ၊ နာအိုမီ ကမ့်ဘဲလ်တို့လို့ စူပါမော်ဒယ်တွေ ရှိရာ ဗြိတိန်နိုင်ငံက မော်ဒယ်လောကကို ဝင်တိုးဖို့ ခက်ခဲပေမယ့် အာရှမော်ဒယ်တွေ အနေနဲ့လည်း စင်ပေါ်မှာ Catwalk လမ်းလျောက်ဖို့ ခက်ပေမယ့် ဓာတ်ပုံနဲ့ ကြေငြာတွေမှာတော့ အောင်မြင်နိုင်တယ်လို့ Hazel Moe က ပြောပါတယ်။
ကျောင်းကတစ်ဘက်၊ အလုပ်ကတစ်ဘက်လုပ်ရင်း အားတဲ့အချိန်တွေမှာလည်း ဓာတ်ပုံမော်ဒယ်လုပ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

မော်ဒယ်ဝက်ဘ်ဆိုက် တွေကတဆင့် အေဂျင်စီနဲ့တွေ့ဖို့ ကြိုးစားနေ
Hazel Moe မော်ဒယ်လုပ်ထားတဲ့ ဓာတ်ပုံတွေလည်း အင်တာနက် စာမျက်နှာတွေမှာ အများအပြားတွေ့ရပါတယ်။
နှိပ်ပါ Hazel Moe ရဲ့ ဝက်ဘ်ဆိုက် လင့်တစ်ခုကို သွားချင်တော့ ဒီမှာ Click နှိပ်ပါ။
Mobi-Geno ပရိတ်သတ်တွေအနေနဲ့ ဒီကဏ္ဍကို ဆက်သွယ်ချင်ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်သလို အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။