
ဒီမီဒီယာကို ဖွင့်၍မရပါ
ဒီတပတ် Mobi-Geno လူငယ်အထူး အစီအစဉ်မှာတော့ . . .

မနောပွဲမှာ ရိုးရာဝတ်စုံတွေဝတ်ပြီး ကပွဲမှာ ပါဝင်ဆင်နွဲ
ကချင်မနောပွဲ အတွေ့အကြုံအကြောင်း ကချင် အဆိုတော်တွေ ဖြစ်ကြတဲ့ L လွန်းဝါ၊ နောနော် နဲ့ L ဆိုင်းဇီ တို့ ပြောပြထားကြပါတယ်။

နောနော် မနောပွဲမှာ သီဆို

အယ်လ်လွန်းဝါ မနောပွဲမှာ ဖျော်ဖြေစဉ်
ဆယ်ကျော်သက် ကချင်အမျိုးသမီးလေး တယောက်ကလည်း မနောပွဲကြောင့်သာ ကချင်မျိုးနွယ်စုတွေ အကြား စည်းလုံး ညီညွတ်မှု၊ နားလည်မှုတွေ တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောပြပါတယ်။
မြစ်ကြီးနားမြို့မှာ ဇန်နဝါရီလဆန်းပိုင်းမှာ ကျင်းပတဲ့ မနောပွဲမှာ တစ်ခါကရင် ၃ နာရီလောက်ကြာပေမယ့် ရိုးရာပွဲမို့ မမောနိုင် မပမ်းနိုင် ကကြတယ်လို့ ကချင်တိုင်းရင်သူလေးတစ်ဦးက ပြောပါတယ်။

ကချင်မနောတိုင်
Mobi-Geno ပရိသတ်တွေအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းရာတွေရှိရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ပါဝင်ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်သလို အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။