ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ် အစီအစဉ်ကတော့ နိုင်ငံတကာမှာ အကောင်းဆုံးဆုရတဲ့ သီချင်းတွေ အကြောင်းကို မြန်မာအဆိုတော် လူငယ်တွေနဲ့အတူ ပြောပြထားတဲ့ အစီအစဉ်ပါ။
ဖေဖော်ဝါရီ လလယ်အတွင်းမှာ နိုင်ငံတကာဂီတလောကမှာ အကြီးဆုံး ဂီတဆု ပေးပွဲနှစ်ခု လုပ်ခဲ့ပါတယ်။ တစ်ခုကတော့ အားလုံးသိကြတဲ့ အမေရိ ကန်နိုင်ငံ လော့ဇင်းဂျလပ်စ်မြို့မှာ လုပ်တဲ့ Grammy ဆုပေးပွဲကြီးဖြစ်ပြီး နောက်တစ်ခု ကတော့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လုပ်တဲ့ ဆုပေးပွဲတွေ ဖြစ်ပါ တယ်။
ဆုပေးပွဲနှစ်ပွဲစလုံးမှာ ရတဲ့ဆုတွေက တူတာတွေ ရှိသလို Grammy မှာ တော့ နိုင်ငံတကာနဲ့ အမေရိကန်မှာ အပေါက်ဆုံးသီချင်းတွေ ပိုများပြီး Brit Awards ကတော့ ဗြိတိသျှဂီတ လောကမှာ အောင်မြင်တဲ့၊ မအောင်မြင်သေး ရင်တောင် ထူးချွန်တဲ့သူတွေကို ပိုပြီးဆုချီးမြှင့် လေ့ရှိတာ တွေ့ရပါတယ်။

Tinie Tempah
Brits ဆုပေးပွဲမှာ ဒီနှစ် ဆုအများဆုံး ရကြတာကတော့ ဗြိတိန်က လူသစ်တန်းလူမည်း ရက်ပ်အဆိုတော် Tinie Tempah နဲ့ ကနေဒါက အင်ဒီးရော့ခ် ဂီတအဖွဲ့ Arcade Fire က ဆုနှစ်ဆုစီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နိုက်ဂျီးရီးယားအနွယ် လန်ဒန်မြို့က လူမည်းလေး Tinie Tempah ဟာ အထိုးဖောက်နိုင်ဆုံး ဆုနဲ့ နောက် Pass Out ဆိုတဲ့သီချင်းနဲ့ အကောင်ဆုံး ရပ်သီချင်းဆု အတွက် ဆုရပါတယ်။ Tinie Tempah ဟာ ပဏာမဆုလေးဆုနဲ့ အများဆုံးလျာထားခံရတဲ့ သူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကမှ ထွက်ခဲ့တဲ့ သူ့ရဲ့ Discovery အယ်လ်ဘမ်ထဲက သီချင်းတွေကလည်း ဗြိတိသျှဂီတ လောကမှာ နံပါတ် ၁ ချိတ်ခဲ့တဲ့ သီချင်းတွေ ပါဝင်ပါတယ်။ အဲဒီထဲက Eric Turner နဲ့ တွဲဆိုထားတဲ့ Written in the Stars သီချင်းကတော့ တော်တော် လူကြိုက် များခဲ့ပါတယ်။
Tinie Tempah နောက်ထပ်ရတဲ့ ဆုတစ်ခုကတော့ Pass Out ဆိုတဲ့ သီချင်းနဲ့ အကောင်းဆုံး Single ရက်သီချင်းဆုရပါတယ်။

Take That အဖွဲ့သားများ
ဒီနှစ် Brit ဆုရတဲ့အထဲမှာ Take That အဖွဲ့လည်း ပါဝင်ပါတယ်။ လူငါးယောက်ပါ Take That အဖွဲ့ဟာ Brit Awards နဲ့မစိမ်းတဲ့ အဖွဲ့ပါ။ ဒီနှစ်မှာတော့ အကောင်းဆုံး ဗြိတိသျ အဖွဲ့ဆုရပါတယ်။ အရင်တုန်းကတော့ Boy band လို့ခေါ်တဲ့ ကောင်လေးတွေရဲ့ အဖွဲ့ပေါ့။ အခုတော့ လူတွေလည်း ကြီးလာကြလို Man Band လို့တောင် တချို့က ခေါ်ကြပါတယ်။ မနှစ်တုန်းက အဆိုတော် Robbie Williams နဲ့ ပြန်လည် ပေါင်းစည်းပြီး ဖွဲ့ထားတဲ့ အဖွဲ့ဝင် ငါးယောက်ပါ Take That ဟာ ပြီးခဲ့တဲ့ နှစ်က Progress ဆိုတဲ့ အခွေ ထွက်ခဲ့ပါတယ်။

Arcade Fire အဖွဲ့
ဒီနှစ် ဆုပေးပွဲတွေမှာ ထင်ရှားတဲ့ နောက်ထပ်အဖွဲ့တစ်ခုကတော့ ကနေဒါက Arcade Fire အဖွဲ့ဖြစ်ပါတယ်။ Brit Award မှာ သူတို့ရဲ့ The Suburbs ဆိုတဲ့ အယ်လ်ဘမ်နဲ့ အကောင်းဆုံး နိုင်ငံတကာ အယ်လ်ဘမ်ဆုနဲ့ အကောင်းဆုံးနိုင်ငံတကာအဖွဲ့ ဆုရ ပါတယ်။ သူတို့ အဖွဲ့ဟာ ဂရမ်မီမှာလည်း တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုကို ဆွတ်ခူး နိုင်ခဲ့ကြပါတယ်။ Indie Rock အမျိုးအစားတွေဆိုတဲ့ Arcade Fire မှာ အဖွဲ့ဝင် ၇ ယောက်ပါပါတယ်။ အဖွဲ့ဝင် ၇ ယောက်ဆိုတော့ ဆိုတဲ့ တီးတဲ့တူရီယာတွေလည်း များပါတယ်။ ဂစ်တာနဲ့ ဒရမ်အပြင် တယော၊ ပတ္တလား၊ မယ်ဒလင်၊ အကော်ဒီယံတွေနဲပါ ပါဝင်တီးခတ်ကြပါတယ်။
မြန်မာပရိတ်သတ်တွေ အထိုက်အလျောက်သိပြီး ဆုရတဲ့ နောက်ထပ် ရော့ခ်အဖွဲ့ကတော့ Muse ဆိုတဲ့ ယူကေက အဖွဲ့ပါ။ သူတို့ဟာ Grammy ဆုပေးပွဲမှာ သူတို့ရဲ့ Resistance ဆိုတဲ့အခွေနဲ့ အကောင်းဆုံး ရော့ခ်အယ်လ်ဘမ်ဆု ရရှိခဲ့ပါတယ်။

Rihanna က Brits မှာ နိုင်ငံတကာ အမျိုးသမီးအသံရှင်ဆုရ
Brit ဆုရတဲ့ အဆိုတော်တွေနဲ့ အဖွဲ့တွေထဲမှာ Mumford and Sons, Plan B, Laura Marling, Cee Lo Green, Justin Bieber, Jessie J နဲ့ Rihanna တို့လည်း ပါဝင်ကြပါတယ်။
ဗြိတိသျှက ပေးတဲ့ Brit ဂီတဆုတွေ အကြောင်းတင်ဆက်ပြီးပြန်တော့ Grammy ဆုပေးပွဲက ဆုရ သီချင်းတွေအကြောင်းကိုလည်း အဆိုတော် အေသင်ချိုဆွေနဲ့ အနဂ္ဂတို့နဲ့အတူ တင်ဆက်ပေးဦးမှာမို့ နောက်တစ်ပတ်ဒီအစီအစဉ်မှာ စောင့်မျှော်နားဆင်နိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။