ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Salai Tial Bawi Ling
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ရောက်နေ တဲ့ ချင်းကျောင်းသားလူငယ်တစ်ဦးက သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ရည်မှန်းချက်တွေ အကြောင်း မိုဘီ ဂျီနို ပရိတ်သတ်တွေအတွက် ဝေမျှ ပြောပြထားပါတယ်။
မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီးတော့ လုပ်တဲ့ အစီအစဉ်မို့ ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်နေသလို မျိုးဆက်သစ် လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ထင်မြင်ယူဆချက်တွေ၊ အနာဂတ် အိပ်မက်တွေအကြောင်းကို ဒီအစီအစဉ်ကနေ ဝေမျှပြောပြကြဖို့ အမြဲ ဖိတ်ခေါ်လျက်ရှိပါတယ်။
ဒါကြောင့် ဒီမိုဘီ ဂျီနို အစီအစဉ်ကို နားထောင်ပြီး ဝေမျှပြောပြဖို့ နယူးယော့ခ်မြို့က ချင်းအမျိုးသား ဆလိုင်း တီယံ ဘွယ် လင်းက ဆက်သွယ်လာတာ ဖြစ်ပါတယ်။
မိုဘီ ဂျီနိုဆီကို ဆက်သွယ်ချင်ရင်တော့ အီးမေးနဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စတိုက်သေတ္တာ အမှတ် ၉၉၇ ၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။