ဇေယျာသော်ရဲ့ ဇေယျာသော်
မိုဘီ ဂျီနို အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်
ဒီမီဒီယာကို ဖွင့်၍မရပါ
မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်အစီအစဉ်မှာတော့ အမတ်လုပ်ဖို့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဟစ်ဟော့ပ်အဆိုတော် ရသ နဲ့ မေးမြန်းတင်ဆက်ထားပါတယ်။
ဒီနေ့ခေတ် ဟစ်ပ်ဟော့ပ် အဆိုတော်တွေ အများကြီး ထွက်လာတဲ့အထဲမှာ ရသဟာ အအောင်မြင်ဆုံး အဆိုတော်တွေထဲက တစ်ဦးပါ။
ရသဟာ မြန်မာနိုင်ငံက ဟစ်ဟော့ဂီတ ပထမမျိုးဆက်လို့ ပြောကြတဲ့ အက်စစ်၊ သီအိုရီ စတဲ့ အဆိုတော်တွေထွက်လာပြီးနောက် ရသတို့ အုပ်စုကိုတော့ ဒုတိယမျိုးဆက် အဖြစ် သတ်မှတ်ကြပါတယ်။

သီချင်းတွေ ဆိုနေတဲ့ ရသဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ နိုင်ငံရေးလောကထဲကို ခြေတလှမ်းချတယ်လို့ ဆိုနိုင်တဲ့ အလုပ်တချို့ လုပ်ခဲ့ပါတယ်။ NDF ပါတီရဲ့ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှာ မဲရုံကိုယ်စားလှယ် လုပ်တာ၊ မဲဆွယ်ပွဲတွေမှာ ပါဝင်တာ၊ မဲရုံကိုယ်စားလှယ် လုပ်တာတွေ ရှိခဲ့ပါတယ်။
သူဘာကြောင့် နိုင်ငံရေးလုပ်ချင်တာလဲ၊ ဘာကြောင့် အမတ် ဖြစ်ချင်တာလဲ၊ အဲဒီအတွက် ဘာတွေ ပြင်ဆင်နေလဲဆိုတာတွေကို ရသက ပြောပြထားပါတယ်။
မိုဘီ ဂျီနို အစီအစဉ်နဲ့ပတ်သက်လို့ ဝေဖန်အကြုံပြုချင်လို့ပဲဖြစ်ဖြစ်၊ ဝေမျှပြောပြစရာတစ်ခုခု ရှိလို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ အီးမေးလ်နဲ့ဆိုရင် burmese @bbc.co.uk ဆီကို ပေးပို့နိုင်သလို၊ စာနဲ့ဆိုရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ကို ပေးပို့နိုင်ပါတယ်။
BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။